အမေရိကန်သမ္မတထရမ့်က နောက်လထဲမှာ COVID-19ကာကွယ်ဆေးထုတ်ဖြစ်မယ်လို့ အရိတ်အမြွတ်ပြော

အမေရိကန်သမ္မတထရမ့်က နောက်လထဲမှာ COVID-19ကာကွယ်ဆေးထုတ်ဖြစ်မယ်လို့ အရိတ်အမြွတ်ပြော

အမေရိကန်၊ စက်တင်ဘာ ၈-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

အမေရိကန်သမ္မတ ထရမ့်ဟာ ကိုဗစ်-၁၉ကာကွယ်ဆေးကို လာမယ့်လပိုင်းမှာ ထုတ်ဖြစ်သွားမှာဖြစ်ပြီး အဲ့ဒီကာကွယ်ဆေးဟာ အလွန်လုံခြုံမှုရှိတဲ့အပြင် ထိရောက်မှုအားကောင်းမှာဖြစ်တယ်လို့ မနေ့ စက်တင်ဘာ ၇ရက်နေ့ကပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်တယ်လို့ အမေရိကန်အခြေစိုက် BloomBerg သတင်းဌာနကနေ ဖော်ပြထားထားတာဖြစ်ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်း ဘီဒန်း ပြောတာကတော့ နိုဝင်ဘာသမ္မတရွေးကောက်ပွဲမတိုင်မီ COVID-19ကာကွယ်ဆေးရှိရင် ကာကွယ်ဆေးထိုးဖို့အတွက်ဆုံးဖြတ်ချက်ကို သိပ္ပံပညာရှင်တွေရဲ့ အကြံပေးချက်အတိုင်းလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောထားတာဖြစ်ပါတယ်။

အမေရိကန်ရှိ CBSသတင်းဌာနရဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်လူမျိုးအများစုဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သံသယဝင်နေကြပါတယ်။

အဲ့ဒီစစ်တမ်းကို ဖြေဆိုသူတွေရဲ့ ၂၁ ရာခိုင်နူန်းကသာ ကာကွယ်ဆေးအခမဲ့ရှိရင် အမြန်ဆုံးကာကွယ်ဆေးထိုးလိုကြောင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ထရမ့်ရဲ့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ဇူလိုင်လအကုန်မှာတော့ ကာကွယ်ဆေးထိုးမယ့်သူ အရေအတွက်လည်း လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

အရင်က ကာကွယ်ဆေးထိုးဖို့ စဉ်းစားထားသူတွေကလည်း ဆုံးဖြတ်ချက်မချမီ အခြားသူတွေရဲ့ အခြေအနေကို ‌လေ့လာကြမှာဖြစ်တယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။

REF: Bloomberg News、SCMP
Photo: BloomBerg News
#voiceofmyanmar #VOM #အမေရိကန်

Zawgyi

အေမရိကန္သမၼတထရမ့္က ေနာက္လထဲမွာ COVID-19ကာကြယ္ေဆးထုတ္ျဖစ္မယ္လို႔ အရိတ္အႁမြတ္ေျပာ

အေမရိကန္၊ စက္တင္ဘာ ၈-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

အေမရိကန္သမၼတ ထရမ့္ဟာ ကိုဗစ္-၁၉ကာကြယ္ေဆးကို လာမယ့္လပိုင္းမွာ ထုတ္ျဖစ္သြားမွာျဖစ္ၿပီး အဲ့ဒီကာကြယ္ေဆးဟာ အလြန္လံုျခံဳမႈရွိတဲ့အျပင္ ထိေရာက္မႈအားေကာင္းမွာျဖစ္တယ္လို႔ မေန႔ စက္တင္ဘာ ၇ရက္ေန႔ကျပဳလုပ္တဲ့ အိမ္ျဖဴေတာ္သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာျဖစ္တယ္လို႔ အေမရိကန္အေျခစိုက္ BloomBerg သတင္းဌာနကေန ေဖာ္ျပထားထားတာျဖစ္ပါတယ္။

ဒီမိုကရက္တစ္သမၼတေလာင္း ဘီဒန္း ေျပာတာကေတာ့ ႏိုဝင္ဘာသမၼတေ႐ြးေကာက္ပြဲမတိုင္မီ COVID-19ကာကြယ္ေဆးရွိရင္ ကာကြယ္ေဆးထိုးဖို႔အတြက္ဆုံးျဖတ္ခ်က္ကို သိပၸံပညာရွင္ေတြရဲ႔ အႀကံေပးခ်က္အတိုင္းလုပ္ေဆာင္မွာျဖစ္တယ္လို႔ ေျပာထားတာျဖစ္ပါတယ္။

အေမရိကန္ရွိ CBSသတင္းဌာနရဲ႔ စစ္တမ္းတစ္ခုအရ အေမရိကန္လူမ်ိဳးအမ်ားစုဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို သံသယဝင္ေနၾကပါတယ္။

အဲ့ဒီစစ္တမ္းကို ေျဖဆိုသူေတြရဲ႔ ၂၁ ရာခိုင္ႏူန္းကသာ ကာကြယ္ေဆးအခမဲ့ရွိရင္ အျမန္ဆုံးကာကြယ္ေဆးထိုးလိုေၾကာင္းေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

အခုလို ထရမ့္ရဲ႕ ကာကြယ္ေဆးနဲ႔ပတ္သက္တဲ့ သတင္းထြက္ေပၚလာၿပီးေနာက္ပိုင္း ဇူလိုင္လအကုန္မွာေတာ့ ကာကြယ္ေဆးထိုးမယ့္သူ အေရအတြက္လည္း ေလ်ာ့နည္းခဲ့တယ္လို႔ သိရပါတယ္။

အရင္က ကာကြယ္ေဆးထိုးဖို႔ စဥ္းစားထားသူေတြကလည္း ဆုံးျဖတ္ခ်က္မခ်မီ အျခားသူေတြရဲ႕ အေျခအေနကို ‌ေလ့လာၾကမွာျဖစ္တယ္လို႔လည္း ေဖာ္ျပထားတာျဖစ္ပါတယ္။

REF: Bloomberg News、SCMP
Photo: BloomBerg News
#voiceofmyanmar #VOM #အေမရိကန္

Related posts

Leave a Comment

VOM News

FREE
VIEW