ပရိုဘိုလင်ဂိုမြို့မှာ နှာခေါင်းစည်းမတပ်သူတွေကို နိဗ္ဗာန်ယာဉ်ထဲမှာ ထိုင်ခိုင်းပြီးအပြစ်ပေး

ပရိုဘိုလင်ဂိုမြို့မှာ နှာခေါင်းစည်းမတပ်သူတွေကို နိဗ္ဗာန်ယာဉ်ထဲမှာ ထိုင်ခိုင်းပြီးအပြစ်ပေး

ဂျာဗား ၊ စက်တင်ဘာ ၉-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ဂျာဗားပြည်နယ်၊ ပရိုဘိုလင်ဂိုမြို့မှာ အစိုးရကထုတ်ပြန်ထားတဲ့ COVID-19ကာလစည်းကမ်းချက်အရ Maskတပ်ဆင်မှုမရှိတဲ့သူတွေကို နိဗ္ဗာန်ယာဉ်ထဲမှာထိုင်ခဲ့ပြီး အပြစ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

အထူးတာဝန်တပ်ဖွဲရဲ့ လုံခြုံရေးနဲ့ဥပဒေစိုးမိုးရေးညှိနှိုင်းမှူး Ugas Irwanto ကတော့ “ကျွန်တော်တို့က Maron ဈေးကွက်မှာ လူ ၅၀ဦးကို နိဗ္ဗာန်ယာဉ်ပေါ်မှာထိုင်ခိုင်းပြီး အပြစ်ပေးခဲ့လိုက်တယ်လို့ kompas.comသတင်းဌာနကို ပြီးခဲ့တဲ့တနင်္လာနေ့မှာပြောလိုက်တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ နှာခေါင်းစည်းမတပ်သူတွေကို နိဗ္ဗာန်ယာဉ်ထဲမဝင်ခင် နှာခေါင်းစည်းတွေလည်း အခမဲ့ဝေပေးခဲ့တာ ဖြစ်ပါတယ်။

Ugas Irwanto ပြောပြချက်အရ အဲ့ဒီ နိဗ္ဗာန်ယာဉ်ပေါ်မှာ မတ်စ် မတပ်သူတွေအနေနဲ့ အခုလိုမျိုးလုပ်ရပ်တွေဟာ မှန်သလား၊ မှားသလားဆိုတာကို ပြန်လည်စဉ်းစားဖို့ တောင်းဆိုခဲ့ပြီး Covid19ရောဂါကြောင့် လူဦးရေ အများအပြား အသက်ဆုံးရှုံးခဲ့ရတာကိုလည်း သတိပေးခဲ့တာဖြစ်ပါတယ်။

Ugas Irwantoက သူရဲ့အရာရှိတွေကို တစ်ပတ်အတွင်း စည်ပင်သာယာအနှံ့အပြားရှိဈေးကွက် ၃၀ ကို စစ်ဆေးဖို့စီစဉ်ထားကြောင်း၊ ဥပဒေစိုးမိုးရေးအာဏာပိုင်တွေကလည်း သူတို့ရဲ့ဆိုင်တွေကို ယာယီပိတ်ခြင်း၊ မှတ်ပုံတင်ကိုသိမ်းယူခြင်း စတဲ့အချက်တွေနဲ့ စည်းမျဉ်းချိုးဖောက်သူတွေကို အပြစ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

REF: The Jakarta Post
#voiceofmyanmar #VOM #ဂျာဗား

Zawgyi

ပ႐ိုဘိုလင္ဂိုၿမိဳ႕မွာ ႏွာေခါင္းစည္းမတပ္သူေတြကို နိဗၺာန္ယာဥ္ထဲမွာ ထိုင္ခိုင္းၿပီးအျပစ္ေပး

ဂ်ာဗား ၊ စက္တင္ဘာ ၉-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

အင္ဒိုနီးရွားႏိုင္ငံရဲ႕ အေရွ႕ဂ်ာဗားျပည္နယ္၊ ပ႐ိုဘိုလင္ဂိုၿမိဳ႕မွာ အစိုးရကထုတ္ျပန္ထားတဲ့ COVID-19ကာလစည္းကမ္းခ်က္အရ Maskတပ္ဆင္မႈမရွိတဲ့သူေတြကို နိဗၺာန္ယာဥ္ထဲမွာထိုင္ခဲ့ၿပီး အျပစ္ေပးေနတာျဖစ္တယ္လို႔ သိရပါတယ္။

အထူးတာဝန္တပ္ဖြဲရဲ႕ လုံၿခဳံေရးနဲ႔ဥပေဒစိုးမိုးေရးညႇိႏႈိင္းမႉး Ugas Irwanto ကေတာ့ “ကြၽန္ေတာ္တို႔က Maron ေဈးကြက္မွာ လူ ၅၀ဦးကို နိဗၺာန္ယာဥ္ေပၚမွာထိုင္ခိုင္းၿပီး အျပစ္ေပးခဲ့လိုက္တယ္လို႔ kompas.comသတင္းဌာနကို ၿပီးခဲ့တဲ့တနလၤာေန႔မွာေျပာလိုက္တာျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြျဖစ္တဲ့ ႏွာေခါင္းစည္းမတပ္သူေတြကို နိဗၺာန္ယာဥ္ထဲမဝင္ခင္ ႏွာေခါင္းစည္းေတြလည္း အခမဲ့ေဝေပးခဲ့တာ ျဖစ္ပါတယ္။

Ugas Irwanto ေျပာျပခ်က္အရ အဲ့ဒီ နိဗၺာန္ယာဥ္ေပၚမွာ မတ္စ္ မတပ္သူေတြအေနနဲ႔ အခုလိုမ်ိဳးလုပ္ရပ္ေတြဟာ မွန္သလား၊ မွားသလားဆိုတာကို ျပန္လည္စဥ္းစားဖို႔ ေတာင္းဆိုခဲ့ၿပီး Covid19ေရာဂါေၾကာင့္ လူဦးေရ အမ်ားအျပား အသက္ဆုံးရႈံးခဲ့ရတာကိုလည္း သတိေပးခဲ့တာျဖစ္ပါတယ္။

Ugas Irwantoက သူရဲ႔အရာရွိေတြကို တစ္ပတ္အတြင္း စည္ပင္သာယာအႏွံ႔အျပားရွိေစ်းကြက္ ၃၀ ကို စစ္ေဆးဖို႔စီစဥ္ထားေၾကာင္း၊ ဥပေဒစိုးမိုးေရးအာဏာပိုင္ေတြကလည္း သူတို႔ရဲ႔ဆိုင္ေတြကို ယာယီပိတ္ျခင္း၊ မွတ္ပုံတင္ကိုသိမ္းယူျခင္း စတဲ့အခ်က္ေတြနဲ႔ စည္းမ်ဥ္းခ်ိဳးေဖာက္သူေတြကို အျပစ္ေပးဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

REF: The Jakarta Post
#voiceofmyanmar #VOM #ဂ်ာဗား

Related posts

Leave a Comment

VOM News

FREE
VIEW