ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ)

ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ)

မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးစိုခွင့်ရှိသူ ဦးခွန်းကလေးမင်းကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ?
.
ဦးခွန်းကလေးမင်း – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၁၀ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ?

ဦးခွန်ကလေးမင်း – ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကနေ ကယန်းအမျိုးသားပါတီအနေနဲ့ ပြည်သူတွေကို ကတိပြုပြီး ရပ်တည်သွားမယ့်အရာတွေကတော့ ကယန်းဒေသအပါအဝင် ကရင်နီပြည်နယ်အတွင်းက လူထုတွေရဲ့ စားဝတ်နေရေး ပိုမိုပြေလည်စေဖို့အတွက် တောင်သူတွေရဲ့ သီးနှံဈေးကွက်နဲ့ ကျေးလက်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က ခွဲခြားခြင်းမရှိဘဲ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ အခြေခံပံ့ပိုးမှုတွေ ပိုမိုကောင်းမွန်မျှတစေရမယ့်အပြင် လူငယ်မျိုးဆက်သစ်တွေအတွက် ဝင်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့ လုပ်ဆောင်သွားမယ်။ နောက်ပြီး ကယန်းလူမျိုးတွေနေထိုင်ရာ မြို့နယ်အသီးသီးအတွက် အစိုးရရဲ့ နှစ်စဉ်အသုံးစာရိတ်(ဘတ်ဂျက်)တွေ တိုးမြှင့်ချပေးနိုင်ရေးနဲ့ အဲ့ဒီဘတ်ဂျက်တွေကိုလည်း ပွင့်လင်းထိရောက်စွာ သုံးစွဲနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်။ လူထုတွေရဲ့အနာဂတ် ပိုမိုကောင်းမွန်စေဖို့အတွက် ကယန်းလူမျိုးများနေထိုင်ရာ ဒေသအားလုံးကို နယ်မြေတစ်ခုတည်းမှာ ပြန်လည်ပေါင်းစည်းနိုင်ရေးကိုလည်း ဗျူဟာကျကျ စတင်လုပ်ဆောင်သွားမယ်။ နောက်တစ်ခုက လူငယ်တွေ ၊ တောင်သူတွေ၊ အမျိုးသမီးတွေ စတဲ့အုပ်စုအသီးသီးရဲ့ အခြေခံရပိုင်ခွင့်၊ မြေယာအခွင့်အရေး နဲ့ လွတ်လပ်မှု အခွင့်အရေးတွေကို ရပ်တည်ကာကွယ်သွားမယ့်အပြင် ကယန်းလူမျိုးနည်းတူ လူနည်းစုတိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုတွေကို ပံ့ပိုးကူညီဆောင်ရွက်သွားမယ်။ နောက်ဆုံးတစ်ခုကတော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ် အပြည့်အဝရရှိရေးအပြင် တိုင်းရင်းသားတန်းတူအခွင့်အရေးကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးအတွက် အစွမ်းကုန် ပါဝင်ရပ်တည် ဖော်ဆောင်သွားမယ်။

VOM – အာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးကို ဘယ်လိုအင်အားနဲ့ ယှဉ်ပြိုင်မလဲ။

ဦးခွန်ကလေးမင်း – ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်မှာ ယှဉ်ပြိုင်မယ်။ ရှမ်းပြည်နယ်ရဲ့ အဓိကယှဉ်ပြိုင်ဖက်က ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီ။ ကယားပြည်နယ် အဓိကကတော့ NLD၊ ကရင်ပြည်နယ်ကတော့ ကရင်ပြည်ထောင်စုပါတီနဲ့ NLD။ ကျနော်တို့က အမျိုးသားရေးတည်ဆောက်ထားတော့ ကိုယ့်လူမျိုးတွေရဲ့ အမျိုးသားရေးအာနဲ့ ယှဉ်ပြိုင်မှာပါ။

VOM – ပါတီဝင်အင်အားဘယ်လောက်ရှိလဲ။

ဦးခွန်ကလေးမင်း – ပါတီဝင် (၇၃၀၀) ကျော်လောက်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကပါတီအင်အား အဓိကမထားဘူး၊ မဲဆန္ဒကို အဓိကထားတာပါ။

VOM – ပါတီရဲ့ဆောင်ပုဒ်တွေကပါတွေလဲ
ဦးခွန်ကလေးမင်း – တန်းတူရေးမှ ဖက်ဒရယ်ဆီ ကယန်းပါတီရွှေဖားဆည်။

ကယန်းအမျိုးသားပါတီဟာ ၂၀၁၀ခုနှစ် မေလကတည်းက ပါတီမှတ်ပုံတင်ရရှိခဲ့တဲ့ပါတီတစ်ခုဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကယန်းအမျိုးသားပါတီ

Zawgyi

ပါတီမိတ္ဆက္ (ကယန္းအမ်ိဳးသားပါတီ)

မႏၲေလး၊ စက္တင္ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာလ ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ ကယန္းအမ်ိဳးသားပါတီ ေျပာေရးစိုခြင့္ရွိသူ ဦးခြန္းကေလးမင္းကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ?
.
ဦးခြန္းကေလးမင္း – ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ ၁၀ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္က ဘာေတြျဖစ္မလဲ?

ဦးခြန္ကေလးမင္း – ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲကေန ကယန္းအမ်ိဳးသားပါတီအေနနဲ႔ ျပည္သူေတြကို ကတိျပဳၿပီး ရပ္တည္သြားမယ့္အရာေတြကေတာ့ ကယန္းေဒသအပါအဝင္ ကရင္နီျပည္နယ္အတြင္းက လူထုေတြရဲ႔ စားဝတ္ေနေရး ပိုမိုေျပလည္ေစဖို႔အတြက္ ေတာင္သူေတြရဲ႔ သီးႏွံေဈးကြက္နဲ႔ ေက်းလက္ေတြရဲ႔ လမ္းပန္းဆက္သြယ္ေရး ပိုမိုေကာင္းမြန္ေစဖို႔ ဦးစားေပးႀကိဳးပမ္းေဆာင္႐ြက္သြားမယ္။ ေနာက္တစ္ခ်က္က ခြဲျခားျခင္းမရွိဘဲ ကေလးသူငယ္ေတြရဲ႔ ပညာေရး၊ က်န္းမာေရး စတဲ့ အေျခခံပံ့ပိုးမႈေတြ ပိုမိုေကာင္းမြန္မွ်တေစရမယ့္အျပင္ လူငယ္မ်ိဳးဆက္သစ္ေတြအတြက္ ဝင္ေငြနဲ႔ အလုပ္အကိုင္ အခြင့္အလမ္းေတြ ပိုမိုရရွိေစဖို႔ လုပ္ေဆာင္သြားမယ္။ ေနာက္ၿပီး ကယန္းလူမ်ိဳးေတြေနထိုင္ရာ ၿမိဳ႕နယ္အသီးသီးအတြက္ အစိုးရရဲ႔ ႏွစ္စဥ္အသုံးစာရိတ္(ဘတ္ဂ်က္)ေတြ တိုးျမွင့္ခ်ေပးႏိုင္ေရးနဲ႔ အဲ့ဒီဘတ္ဂ်က္ေတြကိုလည္း ပြင့္လင္းထိေရာက္စြာ သုံးစြဲႏိုင္ေရးကို ႀကိဳးပမ္းေဆာင္႐ြက္သြားမယ္။ လူထုေတြရဲ႔အနာဂတ္ ပိုမိုေကာင္းမြန္ေစဖို႔အတြက္ ကယန္းလူမ်ိဳးမ်ားေနထိုင္ရာ ေဒသအားလုံးကို နယ္ေျမတစ္ခုတည္းမွာ ျပန္လည္ေပါင္းစည္းႏိုင္ေရးကိုလည္း ဗ်ဴဟာက်က် စတင္လုပ္ေဆာင္သြားမယ္။ ေနာက္တစ္ခုက လူငယ္ေတြ ၊ ေတာင္သူေတြ၊ အမ်ိဳးသမီးေတြ စတဲ့အုပ္စုအသီးသီးရဲ႔ အေျခခံရပိုင္ခြင့္၊ ေျမယာအခြင့္အေရး နဲ႔ လြတ္လပ္မႈ အခြင့္အေရးေတြကို ရပ္တည္ကာကြယ္သြားမယ့္အျပင္ ကယန္းလူမ်ိဳးနည္းတူ လူနည္းစုတိုင္းရင္းသားေတြရဲ႔ စာေပ၊ ယဥ္ေက်းမႈ၊ ယုံၾကည္ကိုးကြယ္မႈေတြကို ပံ့ပိုးကူညီေဆာင္႐ြက္သြားမယ္။ ေနာက္ဆံုးတစ္ခုကေတာ့ ျပည္ေထာင္စုျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီစနစ္ အျပည့္အဝရရွိေရးအျပင္ တိုင္းရင္းသားတန္းတူအခြင့္အေရးကို အာမခံေပးႏိုင္တဲ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ ျဖစ္ေပၚလာေရးအတြက္ အစြမ္းကုန္ ပါဝင္ရပ္တည္ ေဖာ္ေဆာင္သြားမယ္။

VOM – အာဏာရပါတီနဲ႔ ျပည္ခိုင္ၿဖိဳးကို ဘယ္လိုအင္အားနဲ႔ ယွဥ္ၿပိဳင္မလဲ။

ဦးခြန္ကေလးမင္း – ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္မွာ ယွဥ္ၿပိဳင္မယ္။ ရွမ္းျပည္နယ္ရဲ႔ အဓိကယွဥ္ၿပိဳင္ဖက္က ျပည္ခိုင္ၿဖိဳးနဲ႔ အန္အယ္လ္ဒီ။ ကယားျပည္နယ္ အဓိကကေတာ့ NLD၊ ကရင္ျပည္နယ္ကေတာ့ ကရင္ျပည္ေထာင္စုပါတီနဲ႔ NLD။ က်ေနာ္တို႔က အမ်ိဳးသားေရးတည္ေဆာက္ထားေတာ့ ကိုယ့္လူမ်ိဳးေတြရဲ႔ အမ်ိဳးသားေရးအာနဲ႔ ယွဥ္ၿပိဳင္မွာပါ။

VOM – ပါတီဝင္အင္အားဘယ္ေလာက္ရွိလဲ။

ဦးခြန္ကေလးမင္း – ပါတီဝင္ (၇၃၀၀) ေက်ာ္ေလာက္ရွိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ကပါတီအင္အား အဓိကမထားဘူး၊ မဲဆႏၵကို အဓိကထားတာပါ။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ေတြကပါေတြလဲ
ဦးခြန္ကေလးမင္း – တန္းတူေရးမွ ဖက္ဒရယ္ဆီ ကယန္းပါတီေ႐ႊဖားဆည္။

ကယန္းအမ်ိဳးသားပါတီဟာ ၂၀၁၀ခုႏွစ္ ေမလကတည္းက ပါတီမွတ္ပံုတင္ရရွိခဲ့တဲ့ပါတီတစ္ခုျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကယန္းအမ်ိဳးသားပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW