ပါတီမိတ်ဆက် ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ )

 ပါတီမိတ်ဆက် ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ )
ဇာတိမြို့က ရွေးကောက်ပွဲဝင်ရင် ပြည်သူ့အတွက် ဘာမှလုပ်ပေးနိုင်တော့မှာမဟုတ်လို့ ဇေယျာသီရိမြို့နယ်ကို ရွေးချယ်
နေပြည်တော်၊ စက်တင်ဘာ ၉-၂၀၂၀
စွမ်းရဲထွဋ် (VOM)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇာတိမြို့ဖြစ်တဲ့ မြန်အောင်မြို့ကနေ ရွေးကောက်ပွဲဝင်ပြိုင်ရင် ပြည်သူ့အတွက် ဘာမှလုပ်ပေးနိုင်တော့မှာမဟုတ်လို့ ဇေယျာသီရိမြို့နယ်ကို ရွေးချယ်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်တယ်လို့  သတင်းမီဒီယာတွေကို ဒီကနေ့ စက်တင်ဘာလ ၉ ရက် နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးမှာပြုလုပ်တဲ့ ပါတီအောင်လံလွှင့်ထူတဲ့ အခမ်းအနားအပြီး သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။
“ပါတီဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အပြင် ၂၀၁၅ မှာ အောင်မြင်မှုက မျှော်မှန်းတာထက် နည်းတယ်ပေါ့။ ဒီအချိန်မှာ ပါတီဥက္ကဋ္ဌကိုယ်တိုင်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ပြရမယ့်အချိန်။ ဒီနေ့ ကျနော်က ပါတီဥက္ကဌ ဖြစ်နေတယ်။ ကျနော်ရွေးတာမှန်ပါတယ်။ ကျနော်သာ ကျနော်ဇာတိမြန်အောင်ကို ပြန်ရင်ရွေးလိုက်ရင် ဒီနေ့ ဘာမှ လုပ်လို့မရတော့ဘူး။ အဲ့ဒါပါပဲ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ နေပြည်တော်၊ ဇေယျာသီရိမဲဆန္ဒနယ်ကနေ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းအဖြစ် ဦးလှဌေးဝင်းက ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပေမယ့် အခုအချိန်မှာ ဦးလှဌေးဝင်းက ဘာသာရေးဖက်ကို အားသန်သွားပြီး ဆက်မလုပ်လိုတော့တာကြောင့်  အခုလိုဝင်ပြိုင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။
 အခု ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခဲ့ယဉ်းသွားပြီဖြစ်တဲ့အတွက် ပြည်ခိုင်ဖြိုးရဲ့ အဓိကပြိုင်ဖက်ပါတီအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို ဖောက်ဖျက်ထားတဲ့ လှုပ်ရှားမှုတွေ လုပ်နေလို့ဖြစ်တယ်လို့ ဦးသန်းဌေးကပြောပါတယ်။
“မနေ့က ကျနော့်နယ်မြေထဲမှာ ရွာ နှစ်ရွာကို သွားလိုက်ပါတယ်။ သွားတဲ့အခါမှာ အဓိက ပြိုင်ဖက်ပါတီက လူတွေ ရာပေါင်းများစွာ လှုပ်ရှားနေကြတာတွေရှိတယ်။ ကိုဗစ်ထုတ်ပြန်ချက်တွေနဲ့ ဘယ်လိုမှ မကိုက်ညီဘူး။ ဆိုင်ကယ်တစ်စီးပေါ် လူ သုံး၊ လေးယောက် ဟိုဟာလုပ်တာတို့၊ ရာနဲ့ ချီပြီးတော့ လှုပ်ရှားနေတဲ့ဟာတွေဟာ ဒီကနေ့ ထိပ်ဆုံးက တာဝန်ရှိပုဂ္ဂိုလ်တွေ ကြိမ်ဖန်များစွာပြောနေသလို ကိုဗစ်စည်းကမ်းနဲ့အညီ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ လုပ်တာကိုက်ရဲ့လား။ ကျနော်တို့ ဒီနေ့ စာထုတ်ပြီး ဝန်ကြီးဌာနကို မေးမှာပါ။ ဘယ်လို ထိန်းမလဲ။ တိုင်းပြည်ကို စည်းကမ်းနဲ့ပတ်သက်လို့ စံပြလုပ်ရမယ့် ပုဂ္ဂိုလ်တွေကိုယ်တိုင်က မသိချင်ဟန်ဆောင်နေရင်တော့ ဒီရွေးကောက်ပွဲကြီးဟာ မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အင်မတန်ခက်လိမ့်မယ်။ ကျနော်တို့စိုးရိမ်တာ မျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာကိုပဲ” လို့ ဦးသန်းဌေးကပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဖက်က အဲ့ဒီလို လူရာချီပြီးထွက်ခဲ့ရင် အရေးယူမလား၊ မယူဘူးလားဆိုတာကို မေးမြန်ရမှာဖြစ်ပြီး ဒါမျိုး ပြန်လုပ်လာမယ်ဆိုပါက တိုင်းပြည်မှာ မမျှော်မှန်းနိုင်တဲ့အခြေအနေတွေနဲ့ လူတွေရဲ့ ရန်လိုမှုတွေဖြစ်လာနိုင်တယ်လို့လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၁၁၂၉)ဦး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဲ့ဒီထဲက ကိုယ်စားလှယ်လောင်း (၈၀)ကျော်ဟာ တပ်မတော်က အငြိမ်းစားယူထားကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
 ပါတီမိတ္ဆက္ ( ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ )
ဇာတိၿမိဳ႕က ေ႐ြးေကာက္ပြဲဝင္ရင္ ျပည္သူ႔အတြက္ ဘာမွလုပ္ေပးႏိုင္ေတာ့မွာမဟုတ္လို႔ ေဇယ်ာသီရိၿမိဳ႕နယ္ကို ေ႐ြးခ်ယ္
ေနျပည္ေတာ္၊ စက္တင္ဘာ ၉-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ဇာတိၿမိဳ႕ျဖစ္တဲ့ ျမန္ေအာင္ၿမိဳ႕ကေန ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ရင္ ျပည္သူ႔အတြက္ ဘာမွလုပ္ေပးႏိုင္ေတာ့မွာမဟုတ္လို႔ ေဇယ်ာသီရိၿမိဳ႕နယ္ကို ေ႐ြးခ်ယ္ၿပီး ေ႐ြးေကာက္ပြဲဝင္ခဲ့တာျဖစ္တယ္လို႔  သတင္းမီဒီယာေတြကို ဒီကေန႔ စက္တင္ဘာလ ၉ ရက္ ေနျပည္ေတာ္က ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဳပ္႐ုံးမွာျပဳလုပ္တဲ့ ပါတီေအာင္လံလႊင့္ထူတဲ့ အခမ္းအနားအၿပီး သတင္းမီဒီယာေတြကို ေျပာခဲ့တာျဖစ္ပါတယ္။
“ပါတီဥကၠ႒တစ္ေယာက္ျဖစ္တဲ့အျပင္ ၂၀၁၅ မွာ ေအာင္ျမင္မႈက ေမွ်ာ္မွန္းတာထက္ နည္းတယ္ေပါ့။ ဒီအခ်ိန္မွာ ပါတီဥကၠ႒ကိုယ္တိုင္ေခါင္းေဆာင္ၿပီး ေ႐ြးေကာက္ပြဲဝင္ျပရမယ့္အခ်ိန္။ ဒီေန႔ က်ေနာ္က ပါတီဥကၠဌ ျဖစ္ေနတယ္။ က်ေနာ္ေ႐ြးတာမွန္ပါတယ္။ က်ေနာ္သာ က်ေနာ္ဇာတိျမန္ေအာင္ကို ျပန္ရင္ေ႐ြးလိုက္ရင္ ဒီေန႔ ဘာမွ လုပ္လို႔မရေတာ့ဘူး။ အဲ့ဒါပါပဲ”လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာေတာ့ ေနျပည္ေတာ္၊ ေဇယ်ာသီရိမဲဆႏၵနယ္ကေန ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ေလာင္းအျဖစ္ ဦးလွေဌးဝင္းက ဝင္ေရာက္ယွဥ္ၿပိဳင္အႏိုင္ရခဲ့ေပမယ့္ အခုအခ်ိန္မွာ ဦးလွေဌးဝင္းက ဘာသာေရးဖက္ကို အားသန္သြားၿပီး ဆက္မလုပ္လိုေတာ့တာေၾကာင့္  အခုလိုဝင္ၿပိဳင္ရတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။
 အခု ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ ခဲ့ယဥ္းသြားၿပီျဖစ္တဲ့အတြက္ ျပည္ခိုင္ၿဖိဳးရဲ႕ အဓိကၿပိဳင္ဖက္ပါတီအေနနဲ႔ ကိုဗစ္စည္းကမ္းေတြကို ေဖာက္ဖ်က္ထားတဲ့ လႈပ္ရွားမႈေတြ လုပ္ေနလို႔ျဖစ္တယ္လို႔ ဦးသန္းေဌးကေျပာပါတယ္။
“မေန႔က က်ေနာ့္နယ္ေျမထဲမွာ ႐ြာ ႏွစ္႐ြာကို သြားလိုက္ပါတယ္။ သြားတဲ့အခါမွာ အဓိက ၿပိဳင္ဖက္ပါတီက လူေတြ ရာေပါင္းမ်ားစြာ လႈပ္ရွားေနၾကတာေတြရွိတယ္။ ကိုဗစ္ထုတ္ျပန္ခ်က္ေတြနဲ႔ ဘယ္လိုမွ မကိုက္ညီဘူး။ ဆိုင္ကယ္တစ္စီးေပၚ လူ သုံး၊ ေလးေယာက္ ဟိုဟာလုပ္တာတို႔၊ ရာနဲ႔ ခ်ီၿပီးေတာ့ လႈပ္ရွားေနတဲ့ဟာေတြဟာ ဒီကေန႔ ထိပ္ဆုံးက တာဝန္ရွိပုဂၢိဳလ္ေတြ ႀကိမ္ဖန္မ်ားစြာေျပာေနသလို ကိုဗစ္စည္းကမ္းနဲ႔အညီ ေ႐ြးေကာက္ပြဲ မဲဆြယ္မႈေတြ လုပ္တာကိုက္ရဲ႕လား။ က်ေနာ္တို႔ ဒီေန႔ စာထုတ္ၿပီး ဝန္ႀကီးဌာနကို ေမးမွာပါ။ ဘယ္လို ထိန္းမလဲ။ တိုင္းျပည္ကို စည္းကမ္းနဲ႔ပတ္သက္လို႔ စံျပလုပ္ရမယ့္ ပုဂၢိဳလ္ေတြကိုယ္တိုင္က မသိခ်င္ဟန္ေဆာင္ေနရင္ေတာ့ ဒီေ႐ြးေကာက္ပြဲႀကီးဟာ မွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ အင္မတန္ခက္လိမ့္မယ္။ က်ေနာ္တို႔စိုးရိမ္တာ မွ်တတဲ့ ေ႐ြးေကာက္ပြဲမျဖစ္မွာကိုပဲ” လို႔ ဦးသန္းေဌးကေျပာပါတယ္။
ျပည္ခိုင္ၿဖိဳးပါတီဖက္က အဲ့ဒီလို လူရာခ်ီၿပီးထြက္ခဲ့ရင္ အေရးယူမလား၊ မယူဘူးလားဆိုတာကို ေမးျမန္ရမွာျဖစ္ၿပီး ဒါမ်ိဳး ျပန္လုပ္လာမယ္ဆိုပါက တိုင္းျပည္မွာ မေမွ်ာ္မွန္းႏိုင္တဲ့အေျခအေနေတြနဲ႔ လူေတြရဲ႕ ရန္လိုမႈေတြျဖစ္လာႏိုင္တယ္လို႔လည္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာခဲ့တာျဖစ္ပါတယ္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဟာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း (၁၁၂၉)ဦး ပါဝင္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး အဲ့ဒီထဲက ကိုယ္စားလွယ္ေလာင္း (၈၀)ေက်ာ္ဟာ တပ္မေတာ္က အၿငိမ္းစားယူထားၾကသူေတြျဖစ္တယ္လို႔ သိရပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW