ရခိုင်ပြည်မှာဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ မန္တလေးမှာ ဗကသများအဖွဲ့ချုပ်က ဆန္ဒပြတောင်းဆို

ရခိုင်ပြည်မှာဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ မန္တလေးမှာ ဗကသများအဖွဲ့ချုပ်က ဆန္ဒပြတောင်းဆို

မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀
ဟိန်းကို(VOM)

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့နဲ့ ပြည်သူလူထုသိဖို့အတွက် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဒီကနေ့မနက်ပိုင်း မန္တလေးမြို့၊ ဈေးချိုနာရီစင်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်မှာ စစ်ဘေးအပြင် ကပ်ရောဂါကို ခံစားနေရတဲ့သတင်းမှန်တွေကို သိရဖို့ 4Gအင်တာနက်အမြန်ဖွင့်ပေးစေလိုတဲ့အပြင် မနေ့ စက်တင်ဘာ ၉ရက်နေ့က ရဲတပ်ဖွဲ့ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ တသားတည်းရှိကြောင်းပြသတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဗကသအဖွဲ့ဝင်တွေကပြောပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ 4Gအင်တာနက်အမြန်ဆုံးဖွင့်ပေးရေး၊ ဖက်ဆစ်လူသတ် စနက် အလိုမရှိ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ အာဏာရှင်စနစ် မုချကျဆုံးရမည် ၊ Stop Internet Shutdown စတဲ့ကြွေးကြော်သံစာသားတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ရခိုင္ျပည္မွာျဖစ္ေနတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္တန႔္ေပးဖို႔ မႏၲေလးမွာ ဗကသမ်ားအဖြဲ႕ခ်ဳပ္က ဆႏၵျပေတာင္းဆို

မႏၲေလး၊ စက္တင္ဘာ ၁၀-၂၀၂၀
ဟိန္းကို(VOM)

ရခိုင္ျပည္နယ္မွာျဖစ္ပြားေနတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္တန႔္ေပးဖို႔နဲ႔ ျပည္သူလူထုသိဖို႔အတြက္ ဗကသမ်ားအဖြဲ႕ခ်ဳပ္ အဖြဲ႕ဝင္ေတြက ဒီကေန႔မနက္ပိုင္း မႏၲေလးၿမိဳ႕၊ ေဈးခ်ိဳနာရီစင္ေရွ႕မွာ ဆႏၵျပေတာင္းဆိုခဲ့ပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္မွာ စစ္ေဘးအျပင္ ကပ္ေရာဂါကို ခံစားေနရတဲ့သတင္းမွန္ေတြကို သိရဖို႔ 4Gအင္တာနက္အျမန္ဖြင့္ေပးေစလိုတဲ့အျပင္ မေန႔ စက္တင္ဘာ ၉ရက္ေန႔က ရဲတပ္ဖြဲ႕ဖမ္းဆီးခံခဲ့ရတဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢနဲ႔ တသားတည္းရွိေၾကာင္းျပသတဲ့အတြက္ အခုလို ဆႏၵျပရတာျဖစ္တယ္လို႔ ဗကသအဖြဲ႕ဝင္ေတြကေျပာပါတယ္။

ဆႏၵျပေတာင္းဆိုရာမွာေတာ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ 4Gအင္တာနက္အျမန္ဆုံးဖြင့္ေပးေရး၊ ဖက္ဆစ္လူသတ္ စနက္ အလိုမရွိ၊ ဗိုလ္ခ်ဳပ္ေပးတဲ့ စစ္ပညာ ျပည္သူေတြကို သတ္ဖို႔မဟုတ္ဘူး၊ အာဏာရွင္စနစ္ မုခ်က်ဆုံးရမည္ ၊ Stop Internet Shutdown စတဲ့ေႂကြးေၾကာ္သံစာသားေတြနဲ႔ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW