ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်

ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်

 

Voice Of Myanmar

 

ရှမ်းပြည်နယ်တခုလုံးမှာ မဲဆန္ဒနယ် ၅၅ ခုရှိတဲ့အနက် မြို့နယ် ၅၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပါတယ်။

 

ရှမ်းပြည်နယ်ကနေပြီးတော့ လွှတ်တော်အသီးသီးကိုဝင်ရောက်ယှယ်ပြိုင်မယ့် ပါတီပေါင်း ၃၃ ခုနဲ့ တသီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း အရေအတွက်ဟာ ၁၀၁၈ ဦးရှိပါတယ်။ ဒီထဲကနေ ကိုယ်စားလှယ်လောင်း ၁၆၅ယောက်နဲ့ အများဆုံးယှဉ်ပြိုင်တာကတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP ) ဖြစ်ပါတယ်။ ဒုတိယကိုယ်စားလှယ်အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဖြစ်ပြီး  ၁၅၅ ယောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တတိယကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပြီး ၁၅၁ယောက်ပြိုင်မှာပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကတော့ ၁၁၀ စတုတ္ထနေရာက  ရှိပါတယ်။

 

Shan canditate
ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်

ကျန်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တအာင်းပလောင်အမျိုးသားပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဝ အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ ပြည်ထောင်စုပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိဒးရေးပါတီ၊ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ကယန်းအမျိုးသားပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊  လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊မြန်မာနိုင်ငံအလုပ်သမားလည်သမားမဟာမိတ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၂ ယောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

 

ပြည်နယ်တိုင်းထဲမှာ အကျယ်ဆုံဖြစ်ပြီး ၅၅နေရာ ရှိပေမယ့် ကျန် ၅မြို့နယ်ကတော့ နယ်မြေမတည်ငြိမ်တာမို့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသေးတာဘဲဖြစ်ပါတယ်။

 

#voiceofmyanmar #VOM #ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

 

ရွမ္းျပည္နယ္တခုလုံးမွာ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားဆုံးဟာ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီျဖစ္

Voice Of Myanmar

ရွမ္းျပည္နယ္တခုလုံးမွာ မဲဆႏၵနယ္ ၅၅ ခုရွိတဲ့အနက္ ၿမိဳ႕နယ္ ၅၀ မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကျငာထားပါတယ္။

ရွမ္းျပည္နယ္ကေနၿပီးေတာ့ လႊတ္ေတာ္အသီးသီးကိုဝင္ေရာက္ယွယ္ၿပိဳင္မယ့္ ပါတီေပါင္း ၃၃ ခုနဲ႔ တသီးပုဂၢလိကကိုယ္စားလွယ္ေလာင္း အေရအတြက္ဟာ ၁၀၁၈ ဦးရွိပါတယ္။ ဒီထဲကေန ကိုယ္စားလွယ္ေလာင္း ၁၆၅ေယာက္နဲ႔ အမ်ားဆုံးယွဥ္ၿပိဳင္တာကေတာ့ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ (UDP ) ျဖစ္ပါတယ္။ ဒုတိယကိုယ္စားလွယ္အမ်ားဆုံးကေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD ) ျဖစ္ၿပီး ၁၅၅ ေယာက္ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ တတိယကေတာ့ ျပည္ေထာင္စုႀကံခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီ (USDP) ျဖစ္ၿပီး ၁၅၁ေယာက္ၿပိဳင္မွာပါ။ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD) ကေတာ့ ၁၁၀ စတုတၳေနရာက ရွိပါတယ္။

က်န္တဲ့ ပါတီေတြကေတာ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ၊ ျပည္သူ႔ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ တအာင္းပေလာင္အမ်ိဳးသားပါတီ၊ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ ဝ အမ်ိဳးသားပါတီ၊ ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ၊ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ၊ မတူကြဲျပားျခင္းႏွင့္ ၿငိမ္းခ်မ္းေရးပါတီ၊ ပအိုးဝ္အမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ ျပည္ေထာင္စုပအိုးဝ္အမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ အင္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ အင္းအမ်ိဳးသားဖြံ႕ၿဖိဒးေရးပါတီ၊ ဓႏုအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ၊ ဖက္ဒရယ္ျပည္ေထာင္စုပါတီ၊ ကယန္းအမ်ိဳးသားပါတီ၊ အမ်ိဳးသားတိုးတက္ျမင့္မားေရးပါတီ၊ လားဟူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ကခ်င္အမ်ိဳးသားပါတီ၊ ျမန္မာႏိုင္ငံေတာင္သူလယ္သမားအလုပ္သမားျပည္သူ႔ပါတီ၊ ကိုးကန႔္ဒီမိုကေရစီႏွင့္ညီၫြတ္ေရးပါတီ၊ ေလာ္ေဝၚအမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ရွမ္းျပည္ကိုးကန႔္ဒီမိုကရက္တစ္ပါတီ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ျမန္မာႏိုင္ငံအလုပ္သမားလည္သမားမဟာမိတ္ပါတီ၊ အာခါအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ လီဆူအမ်ိဳးသားဖြံၿဖိဳးတိုးတက္ေရးပါတီ နဲ႔ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ၂၂ ေယာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

ျပည္နယ္တိုင္းထဲမွာ အက်ယ္ဆုံျဖစ္ၿပီး ၅၅ေနရာ ရွိေပမယ့္ က်န္ ၅ၿမိဳ႕နယ္ကေတာ့ နယ္ေျမမတည္ၿငိမ္တာမို႔ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိေသးတာဘဲျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္

Related posts

Leave a Comment

VOM News

FREE
VIEW