အမေရိကန်ဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်အန္တရာယ်ကောင်လို့ တရုတ်ကစွပ်စွဲ

အမေရိကန်ဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်အန္တရာယ်ကောင်လို့ တရုတ်ကစွပ်စွဲ

ပေကျင်း၊ စက်တင်ဘာ-၁၀-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်လာတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စွပ်စွဲပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၉ ရက်မှာ အွန်လိုင်းကနေပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်နဲ့ပတ်သက်ပြီး ဝမ်ယီကယင်းက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လေယာဉ်တင်သင်္ဘောနှစ်စင်းအပါအဝင် စစ်ရေးလေ့ကျင့်မှုတွေကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံနဲ့တင်းမာမှုတွေမြင့်တက်နေပါတယ်။

ဒေသတွင်းနိုင်ငံတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုကိုဖြစ်ပေါ်စေတာတွေကို တိုင်ပင်ဆွေးနွေးမှုကတစ်ဆင့် အငြင်းပွားမှုကို ဖြေရှင်းဖို့ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။

ဒေသတွင်းမှာ နယ်မြေပိုင်ဆိုင်ရေးအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ပါဝင်တဲ့နိုင်ငံတွေနဲ့ ဆွေးနွေးဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဝမ်ယီကပြောပါတယ်။

အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတွေအနေနဲ့ ဒေသတွင်းမှာ တင်းမာမှုတွေဖန်တီးပြီး အမြတ်ထုတ်မယ့်အစား ဒေသတွင်းနိုင်ငံတွေရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို အပြည့်အ၀ လေးစားလိုက်နာမယ်လို့ တရုတ်နိုင်ငံကမျှော်လင့်ထားတယ်လို့ ဝမ်ယီက ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

အေမရိကန္ဟာ ေတာင္တရုတ္ပင္လယ္ၿငိမ္းခ်မ္းေရးကို ဖ်က္ဆီးမယ္႔အႏၱရာယ္ေကာင္လို႔ တရုတ္ကစြပ္စြဲ

ေပက်င္း၊ စက္တင္ဘာ-၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံဟာ ေတာင္တရုတ္ပင္လယ္ျငိမ္းခ်မ္းေရးကို ဖ်က္ဆီးမယ္႔ အႏၱရာယ္အရိွဆံုး နိုင္ငံျဖစ္လာတယ္လို႔ တရုတ္နုိင္ငံျခားေရး၀န္ၾကီး ၀မ္ယီက စြပ္စြဲေျပာဆိုလိုက္ပါတယ္။

စက္တင္ဘာ ၉ ရက္မွာ အြန္လိုင္းကေနျပဳလုပ္တဲ႔ အေရွ႕ေတာင္အာရွနိုင္ငံေတြက နုိင္ငံျခားေရး၀န္ၾကီးေတြနဲ႔ ထိပ္သီးေဆြးေႏြးပြဲတစ္ခုမွာ အေမရိကန္နဲ႔ပတ္သက္ျပီး ၀မ္ယီကယင္းက အခုလိုေျပာဆိုလိုက္တာျဖစ္ပါတယ္။

အေမရိကန္ဟာ ေတာင္တရုတ္ပင္လယ္အတြင္းမွာ ေလယာဥ္တင္သေဘၤာနွစ္စင္းအပါအ၀င္ စစ္ေရးေလ႔က်င္႔မႈေတြကို ၾကိမ္ဖန္မ်ားစြာျပဳလုပ္ခဲ႔ျပီး တရုတ္နုိင္ငံနဲ႔တင္းမာမႈေတြျမင္႔တက္ေနပါတယ္။

ေဒသတြင္းနိုင္ငံေတြအၾကား ထိပ္တိုက္ရင္ဆိုင္မႈကိုျဖစ္ေပၚေစတာေတြကို တိုင္ပင္ေဆြးေႏြးမႈကတစ္ဆင္႔ အျငင္းပြားမႈကို ေျဖရွင္းဖို႔ တရုတ္နဲ႔ အာဆီယံအဖြဲ႔၀င္နုိင္ငံေတြအၾကား ၾကိဳးပမ္းအားထုတ္မႈေတြကို အေမရိကန္က ၀င္ေရာက္စြက္ဖက္ေနတယ္လို႔ တရုတ္နုိင္ငံျခားေရး၀န္ၾကီး ၀မ္ယီကေျပာပါတယ္။

ေဒသတြင္းမွာ နယ္ေျမပိုင္ဆိုင္ေရးအျငင္းပြားမႈေတြနဲ႔ပတ္သက္ျပီး ပါ၀င္တဲ႔နိုင္ငံေတြနဲ႔ ေဆြးေႏြးေျဖရွင္းနိုင္မွာျဖစ္တယ္လို႔ ဝမ္ယီကေျပာပါတယ္။

အေမရိကန္အပါအ၀င္ ျပည္ပနိုင္ငံေတြအေနနဲ႔ ေဒသတြင္းမွာ တင္းမာမႈေတြဖန္တီးျပီး အျမတ္ထုတ္မယ္႔အစား ေဒသတြင္းနိုင္ငံေတြရဲ႕ ဆႏၵနဲ႔ ေမွ်ာ္လင္႔ခ်က္ေတြကို အျပည္႔အ၀ ေလးစားလိုက္နာမယ္လို႔ တရုတ္နုိင္ငံကေမွ်ာ္လင္႔ထားတယ္လို႔ ၀မ္ယီက ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW