ကိုဗစ်ကာလ စစ်ရှောင်စခန်းတွေရဲ့ စားဝတ်နေရေးအခက်အခဲ နိုင်ငံတော်အတိုင်ပင်ခံကို စာပို့မယ်

ကိုဗစ်ကာလ စစ်ရှောင်စခန်းတွေရဲ့ စားဝတ်နေရေးအခက်အခဲ နိုင်ငံတော်အတိုင်ပင်ခံကို စာပို့မယ်

စစ်တွေ၊ စက်တင်ဘာ ၁၁- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုမြှင့်တက်လာတာနဲ့အတူ တစ်ဖက်မှာလည်း ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ရှောင်တွေရဲ့ စားဝတ်ရေးဟာလည်း ကိုဗစ်ကာလအတွင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အဲ့ဒီအခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာဌာနတွေဆီကို စာပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းပေါင်း ၂၂ ခုက သံဃာတွေနဲ့ စခန်းတာဝန်ခံတွေဟာ မနေ့ စက်တင်ဘာ ၁၁ရက်နေ့ နေ့လယ်ပိုင်းက ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စစ်ဘေးရှောင်တွေရဲ့ အခြေခံစားဝတ်နေရေး အခက်အခဲတွေအပြင် အပါအဝင် (၅) ချက်ကို အဓိကထည့်သွင်း ဆွေးနွေးခဲ့ကြပြီး အဲ့ဒီအခက်အခဲတွေကို ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဦးညီပုဆီကို တင်ပြသွားမှာဖြစ်တဲ့အပြင် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ လူမှုရေးဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ကို ပေးပို့သွားမှာဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပါတယ်။

တောင်ဆိုးချက်ထဲမှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးလိုအပ်ချက်တွေကို အဓိကထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #စစ်ရှောင်အခက်အခဲ #စာပို့မယ်

Zawgyi

ကိုဗစ္ကာလ စစ္ေရွာင္စခန္းေတြရဲ႔ စားဝတ္ေနေရးအခက္အခဲ ႏိုင္ငံေတာ္အတိုင္ပင္ခံကို စာပို႔မယ္

စစ္ေတြ၊ စက္တင္ဘာ ၁၁- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္ေရာဂါကူးစက္မႈျမႇင့္တက္လာတာနဲ႔အတူ တစ္ဖက္မွာလည္း ျပည္နယ္တြင္း စစ္ေရးပဋိပကၡေတြေၾကာင့္ စစ္ေရွာင္ေတြရဲ႕ စားဝတ္ေရးဟာလည္း ကိုဗစ္ကာလအတြင္းမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္လာရတာေၾကာင့္ အဲ့ဒီအခက္အခဲေတြကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ သက္ဆိုင္ရာဌာနေတြဆီကို စာပို႔သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

စစ္ေရွာင္စခန္းေပါင္း ၂၂ ခုက သံဃာေတြနဲ႔ စခန္းတာဝန္ခံေတြဟာ မေန႔ စက္တင္ဘာ ၁၁ရက္ေန႔ ေန႔လယ္ပိုင္းက ေဆြးေႏြးပြဲတစ္ခုျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အဲဒီေဆြးေႏြးပြဲမွာ စစ္ေဘးေရွာင္ေတြရဲ႕ အေျခခံစားဝတ္ေနေရး အခက္အခဲေတြအျပင္ အပါအဝင္ (၅) ခ်က္ကို အဓိကထည့္သြင္း ေဆြးေႏြးခဲ့ၾကၿပီး အဲ့ဒီအခက္အခဲေတြကို ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္ဦးညီပုဆီကို တင္ျပသြားမွာျဖစ္တဲ့အျပင္ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ လူမႈေရးဝန္ႀကီးဌာနဝန္ႀကီး၊ ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည့္နဲ႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဦးစီးဌာနတို႔ကို ေပးပို႔သြားမွာျဖစ္တယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ၾကတာျဖစ္ပါတယ္။

ေတာင္ဆိုးခ်က္ထဲမွာ စစ္ေဘးေရွာင္ေတြရဲ႕ စားဝတ္ေနေရး၊ က်န္းမာေရးနဲ႔ ပညာေရးလိုအပ္ခ်က္ေတြကို အဓိကထည့္သြင္းထားတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ #စစ္ေရွာင္အခက္အခဲ #စာပို႔မယ္

Related posts

Leave a Comment

VOM News

FREE
VIEW