မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ

မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ

Voice Of Myanmar

မဲဆန္ဒနယ် ၇ ခုသာရှိတဲ့ ကယားပြည်နယ်မှာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့ဟာ တက်စုံရွက်ကုန်ဖွင့်ပြီး ပြိုင်ကြမှာဖြစ်ပါတယ်။

ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ၃၄ နေရာရှိတဲ့အနက် နေရာ ၃၀ ပဲပြိုင်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကတော့ ၁၉နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီနဲ့ တသီးပုဂ္ဂလ၁၃ ဦး စုစုပေါင်း ကိုယ်စာလှယ်လောင်းပေါင်း ၂၇၂ ဦးက လွှတ်တော်အသီးအသီးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

Zawgyi


Voice Of Myanmar




Related posts

Leave a Comment

VOM News

FREE
VIEW