ကောလင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ့တဲ့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြား

ကောလင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ့တဲ့အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြား

ကောလင်း၊ စက်တင်ဘာ ၁၄ -၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စက်တင်ဘာ ၁၃ ရက်နေ့က Covid -19 အတည်ပြုလူနာတွေ့ရှိရတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ယာယီ ရပ်နားထားဖို့ ညွှန်ကြားထားတယ်လို့ ကောလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက ပြောပါတယ်။

COVID- 19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် မြို့နယ်တာဝန်ရှိသူတွေဟာ ကောလင်းမြို့နယ်ကို Stay at home ဒေသန္တရအမိန့် ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း လှည့်လည် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေကို ယာယီရပ်နားထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

”Covid -19 ပိုးတွေ့လူနာတွေ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ သူနဲ့ ထိတွေ့တဲ့သူတွေကို စီစစ်ပြီးတော့မှ Swabယူ ပို့ထားပြီပါပြီ၊ အဲဒါနဲ့ ပတ်သက်ပြီး Stay at Home အဖြစ်သတ်မှတ်ထားတယ်။ Stay at Home သတ်မှတ်ထားတဲ့ တိုင်းဒေသကြီး၊ပြည်နယ်၊မြို့နယ်၊ ရပ်ကျေးတွေမှာ လှည့်လည် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရ ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်မှာလည်း ဖော်ပြထားတာရှိပါတယ်။ အဲ့ဒီအချက်တွေနဲ့အညီ မြို့နယ် ဒေသန္တရအမိန့်အရ ထုတ်ပြန်ထားတဲ့ Stay at Home အစီအစဉ် မပြီးမခြင်း ယာယီရပ်ဆိုင်းထားရပါမယ်”လို့ ကောလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကောလင်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ (၆)ပါတီက ကိုယ်စားလှယ်လောင်း (၁၈)ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၁၉)ဦး အမည်စာရင်း တင်သွင်းထားပြီး ဆန္ဒမဲပေးခွင့်ရှိသူဦးရေမှာ တစ်သိန်းကျော်နဲ့ မဲရုံပေါင်း (၁၃၃) ရုံထားရှိဆောင်ရွက်သွားမယ်လို့ ဦးဝင်းကိုကိုက ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက မြင်းမူမြို့၊ မြောင်မြို့၊ ကောလင်းမြို့၊ အင်းတော်မြို့၊ကလေးမြို့၊ မော်လိုက်မြို့၊ တန့်ဆည်မြို့တို့မှာ Covid -19 အတည်ပြုလူနာတစ်ဦးစီ တွေ့ရှိထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကောလင်း #ကိုဗစ်လူနာတွေ့ #မဲဆွယ်လုပ်ငန်း #ယာယီရပ်ဆိုင်း

Zawgyi

ေကာလင္းမွာ ကိုဗစ္အတည္ၿပဳလူနာေတြ႔တဲ့အတြက္ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြ ရပ္နားထားဖို႔ ညႊန္ၾကား

ေကာလင္း၊ စက္တင္ဘာ ၁၄ -၂၀၂၀
ေမာင္တာရာ(VOM)

စစ္ကိုင္းတိုင္း၊ ေကာလင္းၿမိဳ့မွာ စက္တင္ဘာ ၁၃ ရက္ေန႔က Covid -19 အတည္ၿပဳလူနာေတြ႔ရွိရတဲ့အတြက္ နိုင္ငံေရးပါတီေတြအေနနဲ႔ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေတြကို ယာယီ ရပ္နားထားဖို႔ ညႊန္ၾကားထားတယ္လုိ႔ ေကာလင္းၿမိဳ့နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးဝင္းကုိကုိက ေျပာပါတယ္။

COVID- 19 အတည္ျပဳလူနာ ေတြ႕ရွိၿပီးေနာက္ ၿမိဳ႕နယ္တာဝန္ရွိသူေတြဟာ ေကာလင္းၿမဳိ႕နယ္ကုိ Stay at home ေဒသႏၲရအမိန္႔ ထုတ္ျပန္လိုက္တဲ့အတြက္ နိုင္ငံေရးပါတီေတြ အေနနဲ႕လည္း လွည့္လည္ မဲဆြယ္စည္း႐ုံးၿခင္းလုပ္ငန္းေတြကုိ ယာယီရပ္နားထားဖို႔ ညႊန္ၾကားခဲ့တာ ၿဖစ္ပါတယ္။

”Covid -19 ပုိးေတြ႔လူနာေတြ႔တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေနာက္ဆက္တြဲ သူနဲ႕ ထိေတြ႔တဲ့သူေတြကုိ စီစစ္ျပီးေတာ့မွ Swabယူ ပုိ႔ထားျပီပါၿပီ၊ အဲဒါနဲ့ ပတ္သက္ျပီး Stay at Home အၿဖစ္သတ္မွတ္ထားတယ္။ Stay at Home သတ္မွတ္ထားတဲ့ တုိင္းေဒသႀကီး၊ျပည္နယ္၊ျမဳိ႕နယ္၊ ရပ္ေက်းေတြမွာ လွည့္လည္ မဲဆြယ္စည္းရုံးျခင္းလုပ္ငန္္းေတြ ေဆာင္ရြက္ျခင္းမၿပဳရ ဆုိျပီး က်န္းမာေရးဝန္ႀကီးဌာနက လမ္းညႊန္ခ်က္မွာလည္း ေဖာ္ျပထားတာရွိပါတယ္။ အဲ့ဒီအခ်က္ေတြနဲ႔အညီ ၿမဳိ႕နယ္ ေဒသႏၲရအမိန္႕အရ ထုတ္ျပန္ထားတဲ့ Stay at Home အစီအစဥ္ မျပီးမျခင္း ယာယီရပ္ဆုိင္းထားရပါမယ္”လို႔ ေကာလင္းၿမိဳ့နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးဝင္းကုိကုိက ေျပာပါတယ္။

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲမွာ ေကာလင္းၿမဳိ႕နယ္က ဝင္ေရာက္ယွဥ္ၿပိဳင္ႀကမယ့္ ႏိုင္ငံေရးပါတီ (၆)ပါတီက ကိုယ္စားလွယ္ေလာင္း (၁၈)ဦး၊ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း (၁)ဦး၊ စုစုေပါင္း ကိုယ္စားလွယ္ေလာင္း (၁၉)ဦး အမည္စာရင္း တင္သြင္းထားၿပီး ဆႏၵမဲေပးခြင့္ရွိသူဦးေရမွာ တစ္သိန္းေက်ာ္နဲ႔ မဲရုံေပါင္း (၁၃၃) ရုံထားရွိေဆာင္ရြက္သြားမယ္လုိ့ ဦးဝင္းကိုကိုက ဆက္ေျပာပါတယ္။

လက္ရွိမွာ စစ္ကုိင္းတုိင္းအတြင္းက ျမင္းမူၿမဳိ႕၊ ေျမာင္ၿမဳိ႕၊ ေကာလင္းၿမဳိ႕၊ အင္းေတာ္ၿမဳိ႕၊ကေလးၿမဳိ႕၊ ေမာ္လုိက္ၿမဳိ႕၊ တန္႔ဆည္ၿမဳိ႕တုိ႕မွာ Covid -19 အတည္ၿပဳလူနာတစ္ဦးစီ ေတြ႔ရွိထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေကာလင္း #ကိုဗစ္လူနာေတြ႕ #မဲဆြယ္လုပ္ငန္း #ယာယီရပ္ဆိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW