ပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP)

#sndp

ပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP)

မန္တလေး၊ စက်တင်ဘာ ၁၃-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါတီအထွေထွေအတွင်းရေးမှုး ဦးစိုင်းဘိုးအောင် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ
ဦးစိုင်းဘိုးအောင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၁၀၈ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ ရည်မန်းချက်ကဘာတွေဖြစ်မလဲ
ဦးစိုင်းဘိုးအောင် -(၁)ငြိမ်းချမ်းရေးဖော်ဆောင်မှုမှ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေးဟူ၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။
(၂)ဌာနေတိုင်းရင်းသားများကိုယ်စားပြုမှုများကိုအခြေပြုသည့်ပြည်နယ်အစိုးရဖွဲ့စည်းရေး
(၃)ဒေသန္တယအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးတွင် ဌာနေတိုင်းရင်းသားပြည်သူများပါဝင်ခွင့်ရရေး။
(၄)လူမှုဘဝကိုအထောက်အကူပြုသည့်ပညာရေးစနစ်အကောင်းအထည်ဖော်ရေးကိုလည်း ရည်မှန်းချက်တစ်ရပ်အဖြစ်ထားပါတယ်။

VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။
ဦးစိုင်းဘိုးအောင် -ကိုယ့်ရဲ့တိုင်းရင်းသားသည် ကျွန်တော်တို့ရဲ့အင်အားနဲ့ ပြိုင်မယ်၊ ကိုယ့်ရဲ့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ စုပေါင်းအားနဲ့ ပြိုင်မယ်။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ။
ဦးစိုင်းဘိုးအောင် – ၂၀၁၀ခုနစ်က ၅၈နေရာနိုင်ခဲ့တယ်။

(ထပ်ဖြည့်) ၂၀၁၅ မှာတော့ ၂၀၇ ဦးယှဉ်ပြိုင်တာမှာ ၁ ယောက်ပဲ ပြည်နယ်လွှတ်တော်ထဲရောက်ပါတယ်။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိပါသလဲ
ဦးစိုင်းဘိုးအောင် – ပါတီဝင်အင်အားလက်ရှိအနေထားတော့ မပြောနိုင်သေးဘူး။၂၀၁၅ခုနစ်က ပါတီဝင်အင်အားက ၃သိန်းကျော် ၄သိန်းနီးပါးလောက်ရှိတယ်။ အချို့က သည်ပါတီကနေနုတ်ထွက်ပါတယ်ဆိုပြီး တခြားပါတီကိုကူးပြောင်းတာလို့လည်းပြောတယ်။ တကယ်တော့ ပါတီကိုနုတ်ထွက်တာ တင်လာတာက ရာဂဏန်းတောင်မပြည့်ဘူး။ အဲလို ဟာမျိုးတော့ ပါတီအင်အားကို အတိကျဖော်ပြနိုင်ဖို့ ခက်ခဲတယ်။

VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။
ဦးစိုင်းဘိုးအောင် – ရှမ်းတိုင်းရင်းသားအရေး၊ ရှမ်းပြည်နယ်အရေး၊ပြည်တောင်စုအရေး။

#voiceofmyanmar #VOM #ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ-SNDP)

မႏၲေလး၊ စက္တင္ဘာ ၁၃-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ႏိုဝင္ဘာလ၈ရက္ေန႔ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ က်ားျဖဴပါတီလို႔ လူသိမ်ားတဲ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူ ပါတီအေထြေထြအတြင္းေရးမႈး ဦးစိုင္းဘိုးေအာင္ ကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ
ဦးစိုင္းဘိုးေအာင္ – ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္စုစုေပါင္း၁၀၈ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ ရည္မန္းခ်က္ကဘာေတြျဖစ္မလဲ
ဦးစိုင္းဘိုးေအာင္ -(၁)ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွ စစ္မွန္ေသာ ဖက္ဒရယ္ ဒီမိုကရက္တစ္ႏိုင္ငံေတာ္တည္ေဆာက္ေရးဟူ၍ ေဖာ္ျပထားျခင္းျဖစ္ပါတယ္။
(၂)ဌာေနတိုင္းရင္းသားမ်ားကိုယ္စားျပဳမႈမ်ားကိုအေျချပဳသည့္ျပည္နယ္အစိုးရဖြဲ႕စည္းေရး
(၃)ေဒသႏၲယအုပ္ခ်ဳပ္ေရးႏွင့္စီမံခန႔္ခြဲေရးတြင္ ဌာေနတိုင္းရင္းသားျပည္သူမ်ားပါဝင္ခြင့္ရေရး။
(၄)လူမႈဘဝကိုအေထာက္အကူျပဳသည့္ပညာေရးစနစ္အေကာင္းအထည္ေဖာ္ေရးကိုလည္း ရည္မွန္းခ်က္တစ္ရပ္အျဖစ္ထားပါတယ္။

VOM- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ။
ဦးစိုင္းဘိုးေအာင္ -ကိုယ့္ရဲ႕တိုင္းရင္းသားသည္ ကြၽန္ေတာ္တို႔ရဲ႕အင္အားနဲ႔ ၿပိဳင္မယ္၊ ကိုယ့္ရဲ႕ ျပည္နယ္မွာရွိတဲ့ တိုင္းရင္းသားျပည္သူေတြရဲ႕ စုေပါင္းအားနဲ႔ ၿပိဳင္မယ္။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ။
ဦးစိုင္းဘိုးေအာင္ – ၂၀၁၀ခုနစ္က ၅၈ေနရာႏိုင္ခဲ့တယ္။

(VOMထပ္ျဖည့္)၂၀၁၅ မွာေတာ့ ၂၀၇ ဦးယွဥ္ၿပိဳင္တာမွာ ၁ ေယာက္ပဲ ျပည္နယ္လႊတ္ေတာ္ထဲေရာက္ပါတယ္။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ
ဦးစိုင္းဘိုးေအာင္ – ပါတီဝင္အင္အားလက္ရွိအေနထားေတာ့ မေျပာႏိုင္ေသးဘူး။၂၀၁၅ခုနစ္က ပါတီဝင္အင္အားက ၃သိန္းေက်ာ္ ၄သိန္းနီးပါးေလာက္ရွိတယ္။ အခ်ိဳ႕က သည္ပါတီကေနႏုတ္ထြက္ပါတယ္ဆိုၿပီး တျခားပါတီကိုကူးေျပာင္းတာလို႔လည္းေျပာတယ္။ တကယ္ေတာ့ ပါတီကိုႏုတ္ထြက္တာ တင္လာတာက ရာဂဏန္းေတာင္မျပည့္ဘူး။ အဲလို ဟာမ်ိဳးေတာ့ ပါတီအင္အားကို အတိက်ေဖာ္ျပႏိုင္ဖို႔ ခက္ခဲတယ္။

VOM -ပါတီရဲ႕ေဆာင္ပုဒ္ေတြကဘာေတြလဲ။
ဦးစိုင္းဘိုးေအာင္ – ရွမ္းတိုင္းရင္းသားအေရး၊ ရွမ္းျပည္နယ္အေရး၊ျပည္ေတာင္စုအေရး။

#voiceofmyanmar #VOM #ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW