ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP)

ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP)

မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀
ရှိုင်းအောင်(VOM)

လာမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ရဲ့ ဒု-ဥက္ကဌ(၁) ဦးမြင့်မောင်ထွန်းကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းထားလဲ။
PPP- တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၁၃၄ခုမှာ ရုံးတွေဖွင့်လှစ်ထားပြီး ဝင်ပြိုင်မယ့်မြို့နယ်တွေကတော့ ၉၇ မြို့နယ်ပါ၊ ရန်ကုန်တိုင်းမှာဆိုရင် အမျိုးသားလွှတ်တော်က ၈ ဦး၊ ပြည်သူ့လွှတ်တော် ၃၀ ဦး၊ တိုင်းဒေသကြီး ၆၀ ဦး၊ ကိုယ်စားလှယ်လောင်းအရေအတွက် ၉၈ ဦး ရှိပါတယ်။

VOM -ပါတီဝင်အင်အားဘယ်လောက်ရှိလဲ။
PPP- ပါတီဝင်အင်အား ၇၀၀၀ ကျော်ရှိပါတယ်။

VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ပြိုင်ဖြစ်တာလဲ။
PPP- ကျနော်တို့ ဒီမိုကရေစီခေတ်မှာပထမဆုံးအကြိမ် USDP ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရပြီးတော့ အစိုးရဖွဲ့နိုင်တဲ့အနေအထားရှိခဲ့တယ်၊ ၂၀၁၅ မှာ NLD အနေနဲ့ သောင်ပြိုကမ်းပြိုနိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့တာပေါ့၊ အဲ့ဒီအစိုးရတွေရဲ့ ၅ နှစ်တာကာလအတွင်း လွှတ်တော်ထဲမှာရော ပြင်ပမှာရော ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်လိုက်တဲ့အခါမှာ တစ်ပါတီထဲကအနိုင်ရရင် သူတို့ကို ပြန်ပြီးတော့ ထိန်းကျောင်းဖို့အတွက်ကတော့ နည်းနည်းအခက်အခဲရှိတာပေါ့ဗျာ၊ အတိုက်အခံလည်းအားနည်းရင် ထိန်းကျောင်းဖို့ခက်ခဲတယ်၊ အဲ့ဒီလို ပါတီတစ်ခုထဲကအနိုင်ရရင် လွှတ်တော်ထဲမှာ လုပ်ချင်ရာလုပ်နေတာကို ထောက်ပြပြီးတော့ ထိန်းကျောင်းဖို့လိုတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ ပါတီစုံကနေလွှတ်တော်ထဲမှာ များများရောက်ဖို့လိုတယ်၊ ထိန်းကျောင်းဖို့လိုတယ်ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။၂၀၁၅ တုန်းက တစ်သီးပုဂ္ဂလဝင်ပြိုင်တဲ့အခါ အင်အားကြီးပါတီတွေကဘာပြောလဲဆိုရင် အထူးသဖြင့် လက်ရှိအာဏာရပါတီပေါ့ တစ်သီးပုဂ္ဂလတွေက လွှတ်တော်ထဲမှာ Voice မရှိဘူးပေါ့၊ ပြောင်းလဲအောင်မပြောနိုင်ဘူးပေါ့ ၊ အစိုးရဖွဲ့တာမှာလည်း မဖွဲ့နိုင်ဘူးပေါ့၊ ပြီးတော့လည်း အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲထည့်ကြပါလို့ ပြောကြတယ်ဗျ၊ လူထုခေါင်းဆောင်ကနေ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေးဒရဲကိုရောက်လာပြီးတော့ အဲ့လိုလေးပြောလိုက်တဲ့အခါ ပြည်သူတွေက ဟုတ်တာပဲ အစိုးရတစ်ရပ် ပြောင်းလဲဖို့တန်ပြီဆိုတဲ့ မျှော်လင့်ချက်လေးပေးလိုက်တဲ့အခါကျတော့ လူတွေက အဲ့ဒီကိုပဲ အဓိကမဲပေးလိုက်တာပေါ့၊ ၂၀၁၅ မှာကျွန်တော် ရွေးကောက်ပွဲမနိုင်တဲ့အခါ ဒီတိုင်းဆိုရင်တော့ လူတွေက ပါတီကိုပဲ အဓိကထားပေးကြမှာပဲဆိုပြီး ၂၀၁၈ လောက်မှာ စိတ်တူကိုယ်တူတွေနဲ့စကားပြောဖြစ်တဲ့အခါမှာ စိတ်တူကိုယ်တူတွေတွေ့တော့ ပါတီတစ်ခုထောင်ဖို့ စိတ်ကူးဖြစ်လာတာပေါ့၊ တစ်သီးပုဂ္ဂလဝင်ပြိုင်မယ့်အတူတူ ပါတီထောင်ပြီးတော့ ဝင်ပြိုင်မယ်လို့ စိတ်ကူးရလိုက်တာ၊ ပါတီကိုတော့ ၂၀၁၉ ခုနှစ်မှာမှ ထူထောင်ဖြစ်တာပါ။

VOM- အခုလာမယ့်ရွေးကောက်ပွဲမှာရော ပါတီအောင်နိုင်ရေးအတွက် ရာခိုင်နှုန်းဘယ်လောက်ခန့်မှန်းထားလဲ။
PPP- အဓိကကတော့ အတွေ့အကြုံရဖို့ရည်ရွယ်ပါတယ်၊ ကျနော်တို့ပါတီကို လူတွေကစိတ်ဝင်စားပြီး အသိအမှတ်ပြုဖို့လဲ ပါပါတယ်ခင်ဗျ၊ အဲ့လိုရည်ရွယ်တဲ့အတွက်ကြောင့် များများစားစားမျှော်မှန်းထားတာတော့ မရှိပါဘူး၊ ဒါကတော့ ပြည်သူတွေရဲ့ထောက်ခံမှုအပေါ်မှာပဲ ကျနော်တို့ကမျှော်လင့်ရမှာပါ။

VOM-ပါတီကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းတွေသတ်မှတ်ပြီး စီစစ်ရွေးချယ်လဲ။
PPP- နံပါတ် ၁ ကတော့ ကျနော်တို့ရဲ့ ပါတီမူဝါဒကို ယုံကြည်တဲ့သူဖြစ်ရမယ်၊ ထိုက်သင့်တဲ့ပညာအရည်အချင်းရှိဖို့လိုပါတယ်၊ အတွေ့အကြုံပေါ့ အတွေအကြုံအရဆို သူဟာ အစိုးရဝန်ထမ်းပဲဖြစ်ဖြစ် ပြင်ပလုပ်ငန်းတွေအနေနဲ့ရော အတွေအကြုံရတဲ့သူပဲဖြစ်ဖြစ် နိုင်ငံတစ်ကာမှာသွားပြီး အလုပ်လုပ်လို့ အတွေ့အကြုံရတာပဲဖြစ်ဖြစ်၊ လူမှုရေးအဖွဲ့အစည်းတွေမှာ အတွေ့အကြုံရတဲ့သူတွေပဲ ဖြစ်ဖြစ် အဲ့ဒီလိုအတွေအကြုံရှိတဲ့သူတွေကို ရည်ရွယ်ပါတယ်၊ နောက်တစ်ချက်က ကိုယ်ကျင့်တရားကောင်းပြီး လူမှုစိတ်ဓာတ်ရှိတဲ့သူတွေကို ရည်ရွယ်ပါတယ်၊ ကျနော်တို့ပါတီမှာ ၇၅ ရာခိုင်နှုန်းက လူငယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။

VOM- ပါတီရဲ့ဆောင်ပုဒ်ကဘာလဲ။
PPP-ပါတီရဲ့ဆောင်ပုဒ်ကတော့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အဲ့ဒါကိုဦးစားပေးမှာပေါ့နော်၊ လူထုစားဝတ်နေရေးကို အဆင်ပြေအောင်လုပ်ပေးမယ့်ပါတီပေါ့၊ အဲ့ဒါကြောင့်မို့ လူမှုဘဝအဓိကဆိုပြီးတော့ ဆောင်ပုဒ်လုပ်ထားပါတယ်။ လူတိုင်းအတွက် ဝင်ငွေ၊ လူတိုင်းအတွက် အလုပ်အကိုင်၊ လူတိုင်းအတွက် အနာဂတ်။

#VoiceofMyanmar #VOM #PPP #ပြည်သူ့ရှေ့ဆောင်ပါတီ

Zawgyi

ပါတီမိတ္ဆက္ ( ျပည္သူ႔ေရွ႕ေဆာင္ပါတီ-PPP)

မႏၲေလး၊ စက္တင္ဘာ ၁၈-၂၀၂၀
႐ွိဳင္းေအာင္(VOM)

လာမယ့္ ၂၀၂၀ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ-PPP ရဲ႕ ဒု-ဥကၠဌ(၁) ဦးျမင့္ေမာင္ထြန္းကို VOM သတင္းေထာက္ ကိုရႈိင္းေအာင္က ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအေရအတြက္ဘယ္ေလာက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို စာရင္းတင္သြင္းထားလဲ။
PPP- တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၿမိဳ႕နယ္ေပါင္း ၁၃၄ခုမွာ ႐ုံးေတြဖြင့္လွစ္ထားၿပီး ဝင္ၿပိဳင္မယ့္ၿမိဳ႕နယ္ေတြကေတာ့ ၉၇ ၿမိဳ႕နယ္ပါ၊ ရန္ကုန္တိုင္းမွာဆိုရင္ အမ်ိဳးသားလႊတ္ေတာ္က ၈ ဦး၊ ျပည္သူ႔လႊတ္ေတာ္ ၃၀ ဦး၊ တိုင္းေဒသႀကီး ၆၀ ဦး၊ ကိုယ္စားလွယ္ေလာင္းအေရအတြက္ ၉၈ ဦး ရွိပါတယ္။

VOM -ပါတီဝင္အင္အားဘယ္ေလာက္ရွိလဲ။
PPP- ပါတီဝင္အင္အား ၇၀၀၀ ေက်ာ္ရွိပါတယ္။

VOM-လက္ရွိအာဏာရပါတီနဲ႔ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တျခားအင္အားႀကီးပါတီေတြကို ဘယ္လိုအင္အားနဲ႔ယွဥ္ၿပိဳင္မွာလဲ၊ ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ ပါတီေထာင္ၿပီးေ႐ြးေကာက္ပြဲဝင္ၿပိဳင္ျဖစ္တာလဲ။
PPP- က်ေနာ္တို႔ ဒီမိုကေရစီေခတ္မွာပထမဆုံးအႀကိမ္ USDP ေ႐ြးေကာက္ပြဲမွာ အမ်ားဆုံးအႏိုင္ရၿပီးေတာ့ အစိုးရဖြဲ႕ႏိုင္တဲ့အေနအထားရွိခဲ့တယ္၊ ၂၀၁၅ မွာ NLD အေနနဲ႔ ေသာင္ၿပိဳကမ္းၿပိဳႏိုင္ၿပီး အစိုးရဖြဲ႕ႏိုင္ခဲ့တာေပါ့၊ အဲ့ဒီအစိုးရေတြရဲ႕ ၅ ႏွစ္တာကာလအတြင္း လႊတ္ေတာ္ထဲမွာေရာ ျပင္ပမွာေရာ ေဆာင္႐ြက္ခ်က္ေတြကို ျပန္လည္သုံးသပ္လိုက္တဲ့အခါမွာ တစ္ပါတီထဲကအႏိုင္ရရင္ သူတို႔ကို ျပန္ၿပီးေတာ့ ထိန္းေက်ာင္းဖို႔အတြက္ကေတာ့ နည္းနည္းအခက္အခဲရွိတာေပါ့ဗ်ာ၊ အတိုက္အခံလည္းအားနည္းရင္ ထိန္းေက်ာင္းဖို႔ခက္ခဲတယ္၊ အဲ့ဒီလို ပါတီတစ္ခုထဲကအႏိုင္ရရင္ လႊတ္ေတာ္ထဲမွာ လုပ္ခ်င္ရာလုပ္ေနတာကို ေထာက္ျပၿပီးေတာ့ ထိန္းေက်ာင္းဖို႔လိုတယ္လို႔ ကၽြန္ေတာ္တို႕က ျမင္ပါတယ္။ ပါတီစုံကေနလႊတ္ေတာ္ထဲမွာ မ်ားမ်ားေရာက္ဖို႔လိုတယ္၊ ထိန္းေက်ာင္းဖို႔လိုတယ္ဆိုၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းျဖစ္ပါတယ္။၂၀၁၅ တုန္းက တစ္သီးပုဂၢလဝင္ၿပိဳင္တဲ့အခါ အင္အားႀကီးပါတီေတြကဘာေျပာလဲဆိုရင္ အထူးသျဖင့္ လက္ရွိအာဏာရပါတီေပါ့ တစ္သီးပုဂၢလေတြက လႊတ္ေတာ္ထဲမွာ Voice မရွိဘူးေပါ့၊ ေျပာင္းလဲေအာင္မေျပာႏိုင္ဘူးေပါ့ ၊ အစိုးရဖြဲ႕တာမွာလည္း မဖြဲ႕ႏိုင္ဘူးေပါ့၊ ၿပီးေတာ့လည္း အစိုးရဖြဲ႕ႏိုင္တဲ့ပါတီကိုပဲ မဲထည့္ၾကပါလို႔ ေျပာၾကတယ္ဗ်၊ လူထုေခါင္းေဆာင္ကေန မဲဆြယ္စည္း႐ုံးေရးကာလမွာ ေဒးဒရဲကိုေရာက္လာၿပီးေတာ့ အဲ့လိုေလးေျပာလိုက္တဲ့အခါ ျပည္သူေတြက ဟုတ္တာပဲ အစိုးရတစ္ရပ္ ေျပာင္းလဲဖို႔တန္ၿပီဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးေပးလိုက္တဲ့အခါက်ေတာ့ လူေတြက အဲ့ဒီကိုပဲ အဓိကမဲေပးလိုက္တာေပါ့၊ ၂၀၁၅ မွာကၽြန္ေတာ္ ေ႐ြးေကာက္ပြဲမႏိုင္တဲ့အခါ ဒီတိုင္းဆိုရင္ေတာ့ လူေတြက ပါတီကိုပဲ အဓိကထားေပးၾကမွာပဲဆိုၿပီး ၂၀၁၈ ေလာက္မွာ စိတ္တူကိုယ္တူေတြနဲ႔စကားေျပာျဖစ္တဲ့အခါမွာ စိတ္တူကိုယ္တူေတြေတြ႕ေတာ့ ပါတီတစ္ခုေထာင္ဖို႔ စိတ္ကူးျဖစ္လာတာေပါ့၊ တစ္သီးပုဂၢလဝင္ၿပိဳင္မယ့္အတူတူ ပါတီေထာင္ၿပီးေတာ့ ဝင္ၿပိဳင္မယ္လို႔ စိတ္ကူးရလိုက္တာ၊ ပါတီကိုေတာ့ ၂၀၁၉ ခုႏွစ္မွာမွ ထူေထာင္ျဖစ္တာပါ။

VOM- အခုလာမယ့္ေ႐ြးေကာက္ပြဲမွာေရာ ပါတီေအာင္ႏိုင္ေရးအတြက္ ရာခိုင္ႏႈန္းဘယ္ေလာက္ခန႔္မွန္းထားလဲ။
PPP- အဓိကကေတာ့ အေတြ႕အႀကဳံရဖို႔ရည္႐ြယ္ပါတယ္၊ က်ေနာ္တို႔ပါတီကို လူေတြကစိတ္ဝင္စားၿပီး အသိအမွတ္ျပဳဖို႔လဲ ပါပါတယ္ခင္ဗ်၊ အဲ့လိုရည္႐ြယ္တဲ့အတြက္ေၾကာင့္ မ်ားမ်ားစားစားေမွ်ာ္မွန္းထားတာေတာ့ မရွိပါဘူး၊ ဒါကေတာ့ ျပည္သူေတြရဲ႕ေထာက္ခံမႈအေပၚမွာပဲ က်ေနာ္တို႔ကေမွ်ာ္လင့္ရမွာပါ။

VOM-ပါတီကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လိုအရည္အခ်င္းေတြသတ္မွတ္ၿပီး စီစစ္ေ႐ြးခ်ယ္လဲ။
PPP- နံပါတ္ ၁ ကေတာ့ က်ေနာ္တို႔ရဲ႕ ပါတီမူဝါဒကို ယုံၾကည္တဲ့သူျဖစ္ရမယ္၊ ထိုက္သင့္တဲ့ပညာအရည္အခ်င္းရွိဖို႔လိုပါတယ္၊ အေတြ႕အႀကဳံေပါ့ အေတြအႀကဳံအရဆို သူဟာ အစိုးရဝန္ထမ္းပဲျဖစ္ျဖစ္ ျပင္ပလုပ္ငန္းေတြအေနနဲ႔ေရာ အေတြအႀကဳံရတဲ့သူပဲျဖစ္ျဖစ္ ႏိုင္ငံတစ္ကာမွာသြားၿပီး အလုပ္လုပ္လို႔ အေတြ႕အႀကဳံရတာပဲျဖစ္ျဖစ္၊ လူမႈေရးအဖြဲ႕အစည္းေတြမွာ အေတြ႕အႀကဳံရတဲ့သူေတြပဲ ျဖစ္ျဖစ္ အဲ့ဒီလိုအေတြအႀကဳံရွိတဲ့သူေတြကို ရည္႐ြယ္ပါတယ္၊ ေနာက္တစ္ခ်က္က ကိုယ္က်င့္တရားေကာင္းၿပီး လူမႈစိတ္ဓာတ္ရွိတဲ့သူေတြကို ရည္႐ြယ္ပါတယ္၊ က်ေနာ္တို႔ပါတီမွာ ၇၅ ရာခိုင္ႏႈန္းက လူငယ္ေတြနဲ႔ ဖြဲ႕စည္းထားတာပါ။

VOM- ပါတီရဲ႕ေဆာင္ပုဒ္ကဘာလဲ။
PPP-ပါတီရဲ႕ေဆာင္ပုဒ္ကေတာ့ လူမႈစီးပြားဘဝဖြံ့ျဖိဳးတိုးတက္ေရး အဲ့ဒါကိုဦးစားေပးမွာေပါ့ေနာ္၊ လူထုစားဝတ္ေနေရးကို အဆင္ေျပေအာင္လုပ္ေပးမယ့္ပါတီေပါ့၊ အဲ့ဒါေၾကာင့္မို႔ လူမႈဘဝအဓိကဆိုၿပီးေတာ့ ေဆာင္ပုဒ္လုပ္ထားပါတယ္။ လူတိုင္းအတြက္ ဝင္ေငြ၊ လူတိုင္းအတြက္ အလုပ္အကိုင္၊ လူတိုင္းအတြက္ အနာဂတ္။

#VoiceofMyanmar #VOM #PPP #ျပည္သူ႔ေရွ႕ေဆာင္ပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW