အိန္ဒိယကို ကိုဗစ်-၁၉ကာကွယ်ဆေး သန်း ၁၀၀ ရုရှားနိုင်ငံက ရောင်းချမယ်

အိန္ဒိယကို ကိုဗစ်-၁၉ကာကွယ်ဆေး သန်း ၁၀၀ ရုရှားနိုင်ငံက ရောင်းချမယ်

မော်စကို၊ စက်တင်ဘာ-၁၇-၂၀၂၀
မျိုးဆက် (VOM)

ရုရှားနိုင်ငံထုတ် Sputnik-V ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း၁၀၀ ကို အိန္ဒိယနိုင်ငံအခြေစိုက် ဆေးကုမ္ပဏီကြီးတစ်ခုသို့ ရောင်းချဖို့ ကာကွယ်ဆေးထုတ်လုပ်ရေး ဦးဆောင်တဲ့ ရုရှား Sovereign wealth fund ကသဘောတူလိုက်ပါတယ်။

ရုရှားထုတ်ကာကွယ်ဆေးရဲ့ လက်တွေ့စမ်းသပ်မှုတွေကို နှစ်နိုင်ငံပူးတွဲဆောင်ရွက်သွားဖွယ်ရှိတယ်လို့ အဲဒီသတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုထားပြီး စမ်းသပ်မှုနဲ့ ဆေးဝါးထောက်ပံ့ရေးဟာ အိန္ဒိယတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။

ရုရှားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့ဟာ ကာဇက်စတန်၊ ဘရာဇီးနဲ့မက္ကဆီကိုနိုင်ငံတွေကို ကာကွယ်ဆေးရောင်းချဖို့ သဘောတူလက်မှတ်တွေထိုးထားပြီးဖြစ်ကာ Sputnik-V ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀၀ ထုတ်လုပ်ဖို့ အိန္ဒိယနိုင်ငံနဲ့လည်း ထုတ်လုပ်မှုမိတ်ဖက် သဘောတူညီချက်ရရှိထားပါတယ်။

ကာကွယ်ဆေးကို ဝယ်ယူမယ့် အိန္ဒိယကုမ္ပဏီကတော့ Dr Reddys’s Laboratories ဖြစ်ကြောင်း ရုရှားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့က စက်တင်ဘာ ၁၆ ရက်နှောင်းပိုင်းမှာ ကြေညာထားပါတယ်။

ရုရှားနိုင်ငံဟာ ပြည်တွင်းထုတ် Sputnik-V ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမဆုံးအတည်ပြုခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှု အဆင့် ၃ လို့ခေါ်တဲ့ အကြီးစားစမ်းသပ်မှုကို သြဂုတ် ၂၆ ရက်ကတည်းက ရုရှားနိုင်ငံမှာ စတင်ခဲ့ပြီး လူ လေးသောင်းထက်မနည်းပါဝင်ခဲ့ကာ လက်ရှိအချိန်ထိ အပြီးမသတ်သေးပါဘူး။

Ref: Hindustantimes
Photo: Getty Images
#voiceofmyanmar #VOM #မော်စကို

Zawgyi

အိႏိၵယကို ကိုဗစ္-၁၉ကာကြယ္ေဆး သန္း ၁၀၀ ရုရွားနုိင္ငံက ေရာင္းခ်မယ္

ေမာ္စကို၊ စက္တင္ဘာ-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ရုရွားနုိင္ငံထုတ္ Sputnik-V ကိုဗစ္-၁၉ ကာကြယ္ေဆး သန္း၁၀၀ ကို အိႏိၵယနိုင္ငံအေျခစိုက္ ေဆးကုမၸဏီၾကီးတစ္ခုသို႔ ေရာင္းခ်ဖို႔ ကာကြယ္ေဆးထုတ္လုပ္ေရး ဦးေဆာင္တဲ႔ ရုရွား Sovereign wealth fund ကသေဘာတူလိုက္ပါတယ္။

ရုရွားထုတ္ကာကြယ္ေဆးရဲ႕ လက္ေတြ႔စမ္းသပ္မႈေတြကို နွစ္နိုင္ငံပူးတြဲေဆာင္ရြက္သြားဖြယ္ရိွတယ္လို႔ အဲဒီသတင္းရင္းျမစ္က ထုတ္ေဖာ္ေျပာဆိုထားျပီး စမ္းသပ္မႈနဲ႔ ေဆး၀ါးေထာက္ပံ႕ေရးဟာ အိႏိၵယတာ၀န္္ရိွသူေတြရဲ႕ ခြင္႔ျပဳခ်က္အေပၚ မူတည္တယ္လို႔ ဆိုပါတယ္။

ရုရွားတိုက္ရိုက္ရင္းနွီးျမဳပ္နွံမႈရန္ပံုေငြအဖြဲ႔ဟာ ကာဇက္စတန္၊ ဘရာဇီးနဲ႔မကၠဆီကိုနိုင္ငံေတြကို ကာကြယ္ေဆးေရာင္းခ်ဖို႔ သေဘာတူလက္မွတ္ေတြထိုးထားျပီးျဖစ္ကာ Sputnik-V ကိုဗစ္-၁၉ ကာကြယ္ေဆး သန္း ၃၀၀ ထုတ္လုပ္ဖို႔ အိႏိၵယနိုင္ငံနဲ႔လည္း ထုတ္လုပ္မႈမိတ္ဖက္ သေဘာတူညီခ်က္ရရိွထားပါတယ္။

ကာကြယ္ေဆးကို ၀ယ္ယူမယ္႔ အိႏိၵယကုမၸဏီကေတာ႔ Dr Reddys’s Laboratories ျဖစ္ေၾကာင္း ရုရွားတိုက္ရိုက္ရင္းနွီးျမဳပ္နွံမႈရန္ပံုေငြအဖြဲ႔က စက္တင္ဘာ ၁၆ ရက္ေနွာင္းပိုင္းမွာ ေၾကညာထားပါတယ္။

ရုရွားနိုင္ငံဟာ ျပည္တြင္းထုတ္ Sputnik-V ကိုဗစ္-၁၉ ကာကြယ္ေဆးကို ပထမဆံုးအတည္ျပဳခဲ႔တဲ႔ နိုင္ငံျဖစ္ပါတယ္။ ကာကြယ္ေဆးစမ္းသပ္မႈ အဆင္႔ ၃ လို႔ေခၚတဲ႔ အၾကီးစားစမ္းသပ္မႈကို ၾသဂုတ္ ၂၆ ရက္ကတည္းက ရုရွားနိုင္ငံမွာ စတင္ခဲ႔ျပီး လူ ေလးေသာင္းထက္မနည္းပါ၀င္ခဲ႔ကာ လက္ရိွအခ်ိန္ထိ အျပီးမသတ္ေသးပါဘူး။

Ref: Hindustantimes
Photo: Getty Images
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW