ခါတိုင်းထက် ဒီရေ ၁ ပေကျော်တက်ပေမယ့် သာကေတမိကျောင်းတွေအတွက် လူထုအနေနဲ့မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူပြော
ခါတိုင်းထက် ဒီရေ ၁ ပေကျော်တက်ပေမယ့် သာကေတမိကျောင်းတွေအတွက် လူထုအနေနဲ့မစိုးရိမ်ရဘူးလို့ တာဝန်ရှိသူပြော ရန်ကုန် ၊ စက်တင်ဘာ ၂၀-၂၀၂၀ ယဉ်ပပထွန်း (VOM) အပူပိုင်းမုန်တိုင်း’ နို’ ရဲ့အရှိန်ကြောင့် ဒီကနေ့မနက်ပိုင်းမှာ ထူးကဲဒီရေတတ်လာပြီး ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ မိကျောင်းမွေးမြူရေးကန်ထဲကို ရေတွေဝင်ရောက်ခဲ့ပေမယ့်လည်း စိုးရိမ်ဖွယ်ရာမရှိဘူးလို့ မွေးမြူရေးစခန်းတာဝန်ခံ ဒေါက်တာမျိုးမင်းလှိုင်က VOM ကိုပြောပါတယ်။ သာကေတမိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်းမှာ မိကျောင်းအကောင်ရေ ၇၀၀ ကျော်ခန့်ရှိနေပြီး အများပြည်သူစိုးရိမ်မှုမရှိစေဖို့ မိကျောင်းတွေရဲ့လုံခြုံရေးနဲ့ ဝန်ထမ်းတွေအန္တရာယ်ကင်းရေးအတွက် ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။ ” မုန်တိုင်းအရှိန်ကြောင့်ရယ် ထူးကဲဒီရေတတ်တာရယ် ငမိုးရိပ်ချောင်းနဲ့နီးတာတွေကြောင့် ရေဝင်တာပါ။ နှစ်စဉ်နှစ်တိုင်းဖြစ်နေပေမယ့် အခုနှစ်ကတော့ ၁ ပေလောက် ပိုတတ်ခဲ့ပါတယ်” လို့ ဒေါက်တာမျိုးမင်းလှိုင်ကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၁/၁၀ရပ်ကွက်မှာလည်း မုန်တိုင်းရဲ့အရှိန်ကြောင့် ထူးကဲမြစ်ရေတတ်ပြီး ရပ်ကွက်အတွင်းကိုရေတွေဝင်နေတာ ရှိနေတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူ မစန္ဒာဝင်းကပြောပါတယ်။ ” မုန်တိုင်းကြောင့်မြစ်ရေတတ်တယ်…
Read More
အခုရက်ပိုင်းသေဆုံးတဲ့ ကိုဗစ်လူနာတွေဟာ နေအိမ်မှာကျိတ်ကုပြီးမှ ဆေးရုံကိုရောက်လာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေသုံးသပ်
အခုရက်ပိုင်းသေဆုံးတဲ့ ကိုဗစ်လူနာတွေဟာ နေအိမ်မှာကျိတ်ကုပြီးမှ ဆေးရုံကိုရောက်လာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေသုံးသပ် ရန်ကုန်၊ စက်တင်ဘာ ၂၀-၂၀၂၀ သိင်္ဂီ (VOM ) အခုရက်ပိုင်းအတွင်း သေဆုံးခဲ့တဲ့ ကိုဗစ်လူနာအများစုဟာ နေအိမ်မှာကျိတ်ကုပြီးနောက်မှ ဆေးရုံကို အလွန်အမင်းနောက်ကျပြီး ရောက်ရှိလာတာကို သုံးသပ်တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောဆိုလိုက်ပါတယ်။ ဒါကြောင့် ကိုဗစ် ၁၉ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း၊ မောပန်းခြင်း စတဲ့အရာတွေကို ခံစားရတာနဲ့ မိမိနေအိမ်မှာ ကျိတ်ပြီးကုသတာမျိုး မပြုလုပ်ဘဲ ဆေးရုံကိုသာ အမြန်ဆုံးပြသကြဖို့ လိုအပ်နေတယ်လို့ ဒေါ်ခင်ခင်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။ “ခုရက်ပိုင်းသေဆုံးသူတော်တော်များများဟာ ဆေးရုံကိုအလွန်နောက်ကျပြီးမှရောက်လာတယ်၊ တချို့တွေက သေဆုံးပြီးမှရောက်လာတယ်၊ ရောက်လာမှ ဆေးစစ်ကြည့်တော့ positive ဖြစ်နေတယ် ၊အဲ့ဒီမှာ ဘာကိုသတိထားမိလဲဆိုတော့ သူတို့ဘာဖြစ်လို့ နောက်ကျပြီးမှ ဆေးရုံရောက်လာသလဲ၊ ဘာဖြစ်လို့ အိမ်မှာပဲကျိတ်ပြီးတော့ကုနေတာလဲ ၊အမှန်ဆို မိမိမှာဖျားတယ်၊ ချောင်းဆိုးတယ်၊…
Read More
မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းကို တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးမူဖြစ်ပွား
မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းကို တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးမူဖြစ်ပွား ပုသိမ်၊ စက်တင်ဘာ၂၀-၂၀၂၀ ကိုအောင်(VOM) ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင်ကျေးရွာရှိ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာ ဒီကနေ့မနက် ၁နာရီ ကျော်က တောဆင်ရိုင်း ၈ကောင်ဝင်ရောက်ဖျက်စီးခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မြစ်တစ်ရာသစ်တောကြိုးဝိုင်း၊ အကွက်အမှတ်၈၉မှာနေထိုင်တဲ့ မိသားစု၄ဦးနေထိုင်တဲ့နေအိမ်ကို တောဆင်ရိုင်း၈ကောင်က ဝင်ရောက်ဖျက်စီးခဲ့ပြီး အဲ့ဒီအိမ်မှာနေထိုင်တဲ့ အသက်၂၁နစ်အရွယ်အမျိုးသမီးဟာ ဆင်တစ်ကောင်ရဲ့တိုက်ခိုက်မူကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “သူတို့မိသားစု အိပ်နေတဲ့အချိန်မှာ တောဆင်တွေကဝင်လာတော့ ထွက်ပြေးကြတာ၊ အဲ့ကောင်မလေးက သူ့ကလေးကိုချီပြီးထွက်ပြေးတော့ ဆင်က နှာမောင်းနဲ့ရိုက်ချလိုက်တာ၊ နံရိုးကျိုးသွားတယ်ထင်တယ်၊ အသေအပျောက်တော့မရှိပါဘူး၊ အားလုံးကံကောင်းသွားတယ်”လို့ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းကပြောပါတယ်။ တောဆင်ရိုင်းအတိုက်ခိုက်ခံရတဲ့ အမျိုးသမီးကို မနက်၆နာရီမှာ ငရုတ်ကောင်းတောင်ကျေးလက်ကျန်းမာရေးဌာနကို သွားရောက်ပို့ဆောင်ခဲ့ပြီး အဲ့ဒီကနေတဆင့် ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။ ငပုတောမြို့နယ်၊ ငရုတ်ကောင်းတောင်ကျေးရွာအုပ်စု၊ တင်းချောင်းအုပ်စု စတဲ့ရွာတွေဟာ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်းမှာရှိနေပြီး နှစ်စဉ် တောဆင်းရိုင်းတွေဟာ လယ်မြေတွေနဲ့ လူနေအိမ်တွေကို ဝင်ရောက်ဖျက်စီးတာတွေရှိခဲ့ပြီး…
Read More
ပါတီမိတ်ဆက်(အရှိုချင်းအမျိုးသားပါတီ-ACNP)
Read More
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးစိန်လင်း (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်း(၂) )
#VOM # SEIN LIN
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးစိန်လင်း (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်း(၂) )   ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၆၀၀ကျော်ကူးစက်ခံရပြီး ၇၅ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ချမ်းအေးသာစံမြို့နယ်ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်လင်းနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဦးစိန်လင်း Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးစိန်လင်း (ပြည်သူ့ပါတီ…
Read More
ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဘန်ကောက်မှာ အကြီးအကျယ်ဖြစ်ပေါ်နေ
ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဘန်ကောက်မှာ အကြီးအကျယ်ဖြစ်ပေါ်နေ ဘန်ကောက်၊ စက်တင်ဘာ ၂၀-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၉ ရက်ညပိုင်းအထိ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူအများစုဟာ လူငယ်တွေဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေကြပါတယ်။ သူတို့ဟာ စက်တင်ဘာ ၁၉ ရက်မှာ သမာဆက်တက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ခဲ့ပြီး ဘုရင့်နန်းတော်ပြင်ပရှိ ရင်ပြင်တစ်ခုကိုလည်း သိမ်းပိုက်နေရာယူခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ လူ ငါးသောင်းကျော်ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေကပြောပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ ထိုင်းအစိုးရသက်တမ်းအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတစ်ခုလည်းဖြစ်ပါတယ်။ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနဲ့ အတူ ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရွေးကောက်ပွဲပြီးနောက် အာဏာကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်။ သူဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုခြင်းနဲ့ အတူ အာဏာရှင်ဆန်တဲ့သဘောထားရှိတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားပြီး အစိုးရကို ထောက်ခံပေးထားတဲ့ ဘုရင်စနစ်ကိုလည်း…
Read More
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးကျော်ကျော်စိုး (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့လွှတ်တော်)
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးကျော်ကျော်စိုး (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့လွှတ်တော်) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၆၀၀ကျော်ကူးစက်ခံရပြီး ၇၅ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ချမ်းအေးသာစံမြို့နယ်ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်စိုးနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဦးကျော်ကျော်စိုး Zawgyi   ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးကျော်ကျော်စိုး (ပြည်သူ့ပါတီ ၊…
Read More
စစ်တောင်းမြစ်‌ကမ်းအနီးက ကျေးရွာတစ်ရွာမှာ ဒီရေလှိုင်းဒဏ်ကြောင့် လူ ၃ ဦးနဲ့နေအိမ်တစ်လုံးပျောက်ဆုံး
စစ်တောင်းမြစ်‌ကမ်းအနီးက ကျေးရွာတစ်ရွာမှာ ဒီရေလှိုင်းဒဏ်ကြောင့် လူ ၃ ဦးနဲ့နေအိမ်တစ်လုံးပျောက်ဆုံး နေပြည်တော်၊စက်တင်ဘာ၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ စစ်တောင်းမြစ်ကမ်းအနီး၊ စစ်တောင်းကျေးရွာအုပ်စု၊ အေးသီတာပိုင်းမှာ ဒီကနေ့မနက် အစောပိုင်းက ဒီရေလှိုင်းပုတ်ခံမှုကြောင့် မိသားစု ၃ ဦး ပျောက်ဆုံးနေတယ်လို့ သိမ်ဇရပ်‌မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က ပြောပါတယ်။ “မနက်ခြောက်နာရီလောက် ဒီရေတက်ချိန် နေအိမ်နဲ့မျှောပါသွားတာ။ ခင်ပွန်းနဲ့ကလေး နှစ်ယောက် လွတ်မြောက်ခဲ့ပေမယ့် ဇနီးနဲ့သားနှစ်ယောက် ရေထဲမျှောပါ ပျောက်ဆုံးသွားတာပါ။ ခုချိန်ထိ ရှာဖွေနေတုန်းပါ” လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကရှင်းပြပါတယ်။ စစ်တောင်းမြစ်ကမ်းဘေးရှိ ဦးလင်းလင်းပိုင်ရဲ့ မြေစိုက်တဲတစ်လုံးဟာ ဒီရေတက်ချိန် လှိုင်းပုတ်ရာကနေ ရေထဲမျှော်ပါသွားတာဖြစ်ပြီး အခင်းဖြစ်ချိန် ကလေးနှစ်ဦးနဲ့ဦးလင်းလင်းပိုင်တို့ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဇနီးဖြစ်သူနဲ့အသက်၂ နှစ်သား ကလေးတစ်ဦး၊ နှစ်လသားအရွယ်‌နို့စို့အရွယ်‌တစ်ဦး စုစုပေါင်း သုံးဦးပျောက်ဆုံးနေတာဖြစ်တယ်လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ရေထဲမျှောပါပျောက်ဆုံးနေသူတွေဟာ ဒေါ်ကြည်ခင်(၃၀ နှစ်)၊ ‌မောင်မိုးဟိန်း(၂ နှစ်)နဲ့မောင်လင်းအောင်(၂ လ)တို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊…
Read More
ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ လက်ခံကုသခွင့်ပြုဖို့ သဘောတူ
ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ လက်ခံကုသခွင့်ပြုဖို့ သဘောတူ ရန်ကုန်၊ စက်တင်ဘာ ၂၀-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသခွင့်ပြုဖို့ကို သဘောတူလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၁၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ခုလက်ရှိတက်လာတဲ့နူန်းက ဒီနေ့ဆိုလဲ တက်လာတာက ၃၀၀ ကျော် မနေ့ကဆို ၄၀၀ ကျော် ဖြစ်နေတယ်၊ ပြန်ဆင်းတဲ့နူန်းက ၁၀၀ ကျော်ပဲရှိတယ်ဆိုတော့ ထပ်ပြီးလူနာကိုဆေးရုံတင်မယ့်ကိစ္စတွေလိုလာတဲ့အခါ ပုဂ္ဂလိကဆေးရုံတွေဘက်က သူတို့ပါဝင်မယ်ဆိုပြီး တင်ပြကြတော့ ဆရာကြီးက မူအားဖြင့်သဘောတူတယ်လို့ မနေ့ကလုပ်တဲ့အစည်းအဝေးမှာ ပြောခဲ့တာပါ။ “လို့ ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာအရေအတွက်တွေ့ရှိမှုဟာ နေ့စဉ်မြှင့်တက်နေတာကြောင့် ဆေးရုံတွေမှာကုသမှုပေးရမယ့် လူနာထပ်တိုးလာနိုင်တဲ့အတွက် အခုလိုစီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကဆေးရုံတွေမှာ လူနာတွေလက်ခံကုသနိုင်ဖို့ကတော့ အသေးစိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်ရအုံးမှာဖြစ်ကြောင်းနဲ့…
Read More
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား နေပြည်တော်၊ စက်တင်ဘာ ၂၀ – ၂၀၂၀ စွမ်းရဲထွဋ် (VOM) နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ “ဇမ္ဗူသီရိမြို့နယ်ထဲက တစ်ယောက်ပေါ့နော်။ ကုတင် တစ်ထောင်ကို မနေ့က ဖျားလို့ လာပြတယ်။ လာပြတယ်မဟုတ်ဘူး။ ရောက်လာတော့ လမ်းမှာပဲ အသက်ထွက်သွားတယ်။ ဆေးရုံရောက်တော့ ကျနော်တို့က စိတ်ပူတာနဲ့ Swab ယူလိုက်တာ့ Positive ဖြစ်နေတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။ သေဆုံးသူဟာ အသက် ၆၁ နှစ်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးလို့လည်း ကြားသိရပါတယ်။ ဒေါက်တာမြတ်ဝဏ္ဏစိုးကတော့ “အသက် ၆၁ နှစ်အရွယ်ဆိုတာ ဟုတ်ပါတယ်။ ရာထူးနဲ့ ဌာနတွေကတော့ ကျနော်တို့ ပြောလို့မရပါဘူး”လို့…
Read More
VOM News
FREE
VIEW