ကွာရန်တင်းစင်တာက တာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုထွက်ပြေးသွားတဲ့ အမျိုးသား ၁ဦးကို ဖမ်းဆီးအရေးယူ

ကွာရန်တင်းစင်တာက တာဝန်ရှိသူနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုထွက်ပြေးသွားတဲ့ အမျိုးသား ၁ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊စက်တင်ဘာ၂၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကွာရန်တင်းစင်တာတစ်ခုမ‌ှာ စောင့်ကြည့်မှုခံယူနေသူတဲ့အမျိုးသားတစ်ဦးဟာ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက စခန်းတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ပြီး ထွက်‌ပြေးသွားတဲ့အတွက် ဘေးစီမံအက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။

အဲ့ဒီအမျိုးသားဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောထူကျေးရွာမှာနေသူဖြစ်ပြီး စက်တင်ဘာလ၂၁ ရက်နေ့က လားရှိုးမြို့ကနေ လွိုင်ကော်ကို ပြန်လည်ဝင်ရောက်လာတာ‌ကြောင့် လွိုင်ကော်တက္ကသိုလ်ရှိ Community Based Facility Quarantine Center မှာ စောင့်ကြည့်မှုခံယူနေသူတစ်ဦးလည်းဖြစ်ပါတယ်။

“ဒီကနေ့မှာပဲ သဘာ‌ဝဘေးစီမံအက်ဥပဒေပုဒ်မနှစ်ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။ သူက လာရှိုးက‌နေပြီး ပြန်လာသူတစ်ဦးပါ” လို့ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီအမျိုးသားဟာ ကွာရန်တင်းစင်တာကနေ ထွက်ပြေးဖို့ ပြုလုပ်ခဲ့တဲ့အတွက် လုံခြုံရေး‌ဆောင်ရွက်‌နေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ချိန် ခိုက်ရန်ပြု ထွက်ပြေးခဲ့ပေမယ့် ပြန်လည်ဖမ်းမိခဲ့တယ်လို့လည်း ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွာရန်တင်းစင်တာကနေ ထွက်ပြေးပြီး တာဝန်ရှိသူတွေကို ခိုက်ရန်ပြုထွက်ပြေးတဲ့အမျိုးသားကို လွိုင်ကော်မြို့မရ‌ဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆/၂၉ နဲ့ အမှုဖွင့်လှစ်ထားပြီး လွိုင်ကော်ဆေးရုံကြီး ကွာရန်တင်စင်တာကိုရွှေ့ပြောင်း
ထိန်းသိမ်းထားတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးကနေ သိရှိရပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလ ဩဂုတ်လကနေ စက်တင်ဘာလ၂၁ ရက်နေ့အထိ လွိုင်ကော်တက္ကသိုလ်မှာ စောင့်ကြည့်မှုခံယူနေသူ ၈၅ ဦးရှိပြီး COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Quarantine ဝင်ရောက်နေသူတွေဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုလိုက်နာဖို့နဲ့ လိုက်နာခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေနဲ့ အရေးယူဆောင်ရွက်မယ်လု့ိ ပြည်နယ်အစိုးရအဖွဲ့က သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo-wikipedia
#voiceofmyanmar #VOM #လွိုင်ကော်

Zawgyi

ကြာရန္တင္းစင္တာက တာဝန္ရွိသူနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ရန္ျပဳထြက္ေျပးသြားတဲ့ အမ်ိဳးသား ၁ဦးကို ဖမ္းဆီးအေရးယူ

ေနျပည္ေတာ္၊စက္တင္ဘာ၂၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္ ကြာရန္တင္းစင္တာတစ္ခုမ‌ွာ ေစာင့္ၾကည့္မႈခံယူေနသူတဲ့အမ်ိဳးသားတစ္ဦးဟာ စက္တင္ဘာ ၂၁ ရက္ေန႔ ညေနပိုင္းက စခန္းတာဝန္ရွိသူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ရန္ျပဳတုိက္ခိုက္ၿပီး ထြက္‌ေျပးသြားတဲ့အတြက္ ေဘးစီမံအက္ဥပေဒနဲ႔ ဖမ္းဆီးအေရးယူထားတယ္လို႔ ျပည္နယ္အစိုးရအဖြဲ႕႐ုံးကေန သိရပါတယ္။

အဲ့ဒီအမ်ိဳးသားဟာ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ႏြားလဝိုးေက်း႐ြာအုပ္စု၊ ထီးပေလာထူေက်း႐ြာမွာေနသူျဖစ္ၿပီး စက္တင္ဘာလ၂၁ ရက္ေန႔က လားရႈိးၿမိဳ႕ကေန လြိဳင္ေကာ္ကို ျပန္လည္ဝင္ေရာက္လာတာ‌ေၾကာင့္ လြိဳင္ေကာ္တကၠသိုလ္ရွိ Community Based Facility Quarantine Center မွာ ေစာင့္ၾကည့္မႈခံယူေနသူတစ္ဦးလည္းျဖစ္ပါတယ္။

“ဒီကေန႔မွာပဲ သဘာ‌ဝေဘးစီမံအက္ဥပေဒပုဒ္မႏွစ္ခုနဲ႔ အမႈဖြင့္လိုက္ပါတယ္။ သူက လာရႈိးက‌ေနၿပီး ျပန္လာသူတစ္ဦးပါ” လို႔ လြိဳင္ေကာ္ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွလက္ေထာက္ၫြန္ၾကားေရးမွဴးအဆင့္ရွိသူတစ္ဦးက ေျပာျပပါတယ္။

အဲ့ဒီအမ်ိဳးသားဟာ ကြာရန္တင္းစင္တာကေန ထြက္ေျပးဖို႔ ျပဳလုပ္ခဲဲ့တဲ့အတြက္ လံုၿခဳံေရး‌ေဆာင္႐ြက္‌ေနသူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက တားျမစ္ခ်ိန္ ခိုက္ရန္ျပဳ ထြက္ေျပးခဲ့ေပမယ့္ ျပန္လည္ဖမ္းမိခဲ့တယ္လို႔လည္း ကယားျပည္နယ္အစိုးရအဖြဲ႕ရဲ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ကြာရန္တင္းစင္တာကေန ထြက္ေျပးၿပီး တာဝန္ရွိသူေတြကို ခိုက္ရန္ျပဳထြက္ေျပးတဲ့အမ်ိဳးသားကို လြိဳင္ေကာ္ၿမိဳ႕မရ‌ဲစခန္းက သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၆/၂၉ နဲ႔ အမႈဖြင့္လွစ္ထားၿပီး လြိဳင္ေကာ္ေဆး႐ုံႀကီး ကြာရန္တင္စင္တာကိုေ႐ႊ႕ေျပာင္း
ထိန္းသိမ္းထားတယ္လို႔ ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံးကေန သိရွိရပါတယ္။

ကိုဗစ္ဒုတိယလႈိင္းကာလ ဩဂုတ္လကေန စက္တင္ဘာလ၂၁ ရက္ေန႔အထိ လြိဳင္ေကာ္တကၠသိုလ္မွာ ေစာင့္ၾကည့္မႈခံယူေနသူ ၈၅ ဦးရွိၿပီး COVID-19 ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး အတြက္ Quarantine ဝင္ေရာက္ေနသူေတြဟာ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႔ ထုတ္ျပန္ခ်က္ကိုလိုက္နာဖို႔နဲ႔ လိုက္နာျခင္းမရွိပါက သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဥပေဒနဲ႔ အေရးယူေဆာင္႐ြက္မယ္လု႔ိ ျပည္နယ္အစိုးရအဖြဲ႕က သတိေပးထုတ္ျပန္ထားတာျဖစ္ပါတယ္။

Photo-wikipedia
#voiceofmyanmar #VOM #လြိဳင္ေကာ္

Related posts

Leave a Comment

VOM News

FREE
VIEW