မန္တလေးတိုင်းမှာ ပြည်ပနိုင်ငံရောက် ကြိုတင်မဲပေးမယ့်ဦးရေ ၉၀၀၀ ကျော်ရှိ

မန္တလေးတိုင်းမှာ ပြည်ပနိုင်ငံရောက် ကြိုတင်မဲပေးမယ့်ဦးရေ ၉၀၀၀ ကျော်ရှိ

မန္တလေး စက်တင်ဘာ ၂၃-၂၀၂၀
မောင်တာရာ (VOM)

မန္တလေးတိုင်း မဲဆန္ဒနယ်အတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်ပနိုင်ငံကိုရောက်ရှိနေသူတွေထဲက ကြိုတင်မဲပေးမယ့်သူဦးရေဟာ ၉၀၀၀ ကျော်ရှိတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးဖို့အတွက် ကြိုတင်မဲပေးခွင့် လျှောက်လွှာတွေကို ဇူလိုင်လ ၃ ရက်နေ့ကနေ သြဂုတ်လ ၅ ရက်နေ့အထိ လက်ခံခဲ့ရာမှာတော့ မန္တလေးတိုင်းမဲဆန္ဒနယ်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ကြိုတင်မဲပေးဖို့လျှောက်ထားသူဦးရေမှာ ၉၉၀၅ ဦးရှိပြီး အမည်စာရင်းထပ် နေရပ်လိပ်စာမှားသူတွေကို စိစစ်ပြီးနောက်ပိုင်း ကြိုတင်မဲပေးနိုင်သူဦးရေ ၉၁၅၄ ဦးကို စာရင်းဖြည့်သွင်းထားတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။

”နိုင်ငံခြားမှာရှိတဲ့ မြန်မာသံရုံးတွေမှာ ကြိုတင်မဲ ပေးချင်တယ်ဆိုပြီး ပုံစံ ၁၅ နဲ့ စာရင်းသွင်းကြတာပေါ့၊ အခု ကျွန်တော်တို့ဆီကို သံရုံးအသီးသီးကနေ ပေးပို့တဲ့ ပြည်ပရောက်မဲဆန္ဒရှင်ဦးရေက ၉၉၀၅ ဦးရှိပါတယ်။ ကျွန်တော်တို့ဆီကို သံရုံးအသီးသီးကပို့တဲ့အခါ မြို့နယ်တွေကို စီစစ်ပို့ရပါတယ်။ မဲစာရင်းရောရှိတယ်။ မဲပေးပိုင်ခွင့်လည်းရှိတယ်ဆိုတဲ့ ပြည်ပ ကြိုတင်မဲအားလုံးကို ပုံစံ (၁-၃)ဇယားနဲ့ပြုစုပါတယ်။ အဲ့ဒီလိုပြုစုလိုက်တဲ့အခါ ၉၁၅၄ ဦးပဲရှိပါတယ်။ ဘာကြောင့်လျော့သွားလဲဆိုရင် အမည်စာရင်းထပ်တာ ၊ လိပ်စာမှားတာတွေကြောင့် လျော့သွားတာပါ။ အခု နိုင်ငံခြားက သံရုံးတွေဆီကိုပို့ဖို့ နေပြည်တော်မှာ ခရိုင်ကော်မရှင်အတွင်းရေးမှူးတွေလွှတ်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် မဲလက်မှတ်စီစစ်တံဆိပ်တုံးထုပြီး ပြန်ပို့ဖို့လုပ်နေပါပြီ”လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မန္တလေးတိုင်းမှာ ပထမ အကြိမ် မဲစာရင်းကပ်ထားမှုအရ ဆန္ဒမဲ ပေးခွင့်ဦးရေ ၄၅ သိန်းကျော်ရှိပါတယ်။

ပထမအကြိမ် မဲစာရင်းတွေ ကပ်ထ ားရာမှာတော့ မဲစာရင်းမှာ မပါဝင်တဲ့အတွက် ပုံစံ (၃) နဲ့ တောင်းဆိုလျှောက်ထားသူ၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့အတွက် ပုံစံ (၄)နဲ့ ကန့်ကွက်လွှာတင်သွင်းသူ၊ ကိုယ်ရေးအချက်အလက် မှန်ကန်မှုမရှိခြင်းကြောင့် ပုံစံ ၄ (ဂ)နဲ့ ပြင်ဆင်လွှာ ပြန်ဖြည့်သူတွေရဲ့မဲစာရင်းတွေကို ပြင်ဆင်ပြီးနောက် မဲပေးခွင့်ဦးရေဟာ ပထမအကြိမ်ကြော်ငြာခဲ့တဲ့ မဲပေးခွင့်ဦးရေထက် (၁၂၀၀၀၀) ကျော် တိုးလာပါတယ်။

အခု ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်နိုင်ဖို့အတွက် အသင့်ပြင်ဆင်ဆောင်ရွက်ထားပြီဖြစ်တယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကြိုတင်မဲ

Zawgyi

မႏၲေလးတုိင္းမွာ ၿပည္ပႏုိင္ငံေရာက္ ႀကဳိတင္မဲေပးမယ့္ဦးေရ ၉၀၀၀ ေက်ာ္ရွိ

မႏၲေလး စက္တင္ဘာ ၂၃-၂၀၂၀
ေမာင္တာရာ (VOM)

မႏၲေလးတုိင္း မဲဆႏၵနယ္အတြက္ ၂၀၂၀ ၿပည့္ႏွစ္ ပါတီစုံဒီမုိကေရစီ အေထြေထြေရြးေကာက္ပြဲမွာ ၿပည္ပႏုိင္ငံကိုေရာက္ရွိေနသူေတြထဲက ႀကဳိတင္မဲေပးမယ့္သူဦးေရဟာ ၉၀၀၀ ေက်ာ္ရွိတယ္လုိ႔ မႏၲေလးတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

ၿပည္ပေရာက္ ၿမန္မာႏုိင္ငံသားေတြ ႀကဳိတင္မဲေပးဖို႔အတြက္ ႀကဳိတင္မဲေပးခြင့္ ေလ်ွာက္လႊာေတြကုိ ဇူလုိင္လ ၃ ရက္ေန႕ကေန ႀသဂုတ္လ ၅ ရက္ေန႕အထိ လက္ခံခဲ့ရာမွာေတာ့ မႏၲေလးတုိင္းမဲဆႏၵနယ္အတြက္ ျပည္ပေရာက္ ၿမန္မာႏုိင္ငံသားေတြက ႀကဳိတင္မဲေပးဖို႔ေလ်ွာက္ထားသူဦးေရမွာ ၉၉၀၅ ဦးရွိၿပီး အမည္စာရင္းထပ္ ေနရပ္လိပ္စာမွားသူေတြကုိ စိစစ္ၿပီးေနာက္ပိုင္း ႀကဳိတင္မဲေပးႏုိင္သူဦးေရ ၉၁၅၄ ဦးကုိ စာရင္းၿဖည့္သြင္းထားတယ္လုိ႔ မႏၲေလးတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးရွိန္ဝင္းကေျပာပါတယ္။

”ႏုိင္ငံၿခားမွာရွိတဲ့ ၿမန္မာသံရုံးေတြမွာ ႀကဳိတင္မဲ ေပးခ်င္တယ္ဆုိၿပီး ပုံစံ ၁၅ နဲ႕ စာရင္းသြင္းႀကတာေပါ့၊ အခု ကြ်န္ေတာ္တုိ႔ဆီကုိ သံရုံးအသီးသီးကေန ေပးပုိ႔တဲ့ ျပည္ပေရာက္မဲဆႏၵရွင္ဦးေရက ၉၉၀၅ ဦးရွိပါတယ္။ ကြ်န္ေတာ္တုိ့ဆီကုိ သံရုံးအသီးသီးကပုိ႔တဲ့အခါ ၿမဳိ႕နယ္ေတြကုိ စီစစ္ပုိ႕ရပါတယ္။ မဲစာရင္းေရာရွိတယ္။ မဲေပးပုိင္ခြင္႔လည္းရွိတယ္ဆုိတဲ့ ျပည္ပ ႀကဳိတင္မဲအားလုံးကုိ ပုံစံ (၁-၃)ဇယားနဲ႕ၿပဳစုပါတယ္။ အဲ့ဒီလိုျပဳစုလုိက္တဲ့အခါ ၉၁၅၄ ဦးပဲရွိပါတယ္။ ဘာေျကာင့္ေလ်ာ့သြားလဲဆုိရင္ အမည္စာရင္းထပ္တာ ၊ လိပ္စာမွားတာေတြေႀကာင့္ ေလ်ာ့သြားတာပါ။ အခု ႏုိင္ငံၿခားက သံရုံးေတြဆီကုိပုိ႔ဖုိ႔ ေနၿပည္ေတာ္မွာ ခရုိင္ေကာ္မရွင္အတြင္းေရးမွဴးေတြလႊတ္ၿပီး သက္ဆုိင္ရာမဲဆႏၵနယ္အလုိက္ မဲလက္မွတ္စီစစ္တံဆိပ္တုံးထုျပီး ၿပန္ပုိ႔ဖုိ႔လုပ္ေနပါျပီ”လို႔ မႏၲေလးတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးရွိန္ဝင္းကေျပာပါတယ္။

၂၀၂၀ ၿပည့္ႏွစ္ ပါတီစုံဒီမုိကေရစီ အေထြေထြေရြးေကာက္ပြဲကုိ ႏုိဝင္ဘာလ ၈ ရက္ေန႕မွာ က်င္းပသြားမွာၿဖစ္ျပီး မႏၲေလးတုိင္းမွာ ပထမ အႀကိမ္ မဲစာရင္းကပ္ထားမႈအရ ဆႏၵမဲ ေပးခြင့္ဦးေရ ၄၅ သိန္းေက်ာ္ရွိပါတယ္။

ပထမအႀကိမ္ မဲစာရင္းေတြ ကပ္ထ ားရာမွာေတာ့ မဲစာရင္းမွာ မပါဝင္တဲ့အတြက္ ပုံစံ (၃) နဲ႔ ေတာင္းဆုိေလွ်ာက္ထားသူ၊ မဲစာရင္းမွာ မပါဝင္သင့္သူေတြ ပါဝင္ေနတဲ့အတြက္ ပုံစံ (၄)နဲ႕ ကန္႕ကြက္လႊာတင္သြင္းသူ၊ ကုိယ္ေရးအခ်က္အလက္ မွန္ကန္မႈမရွိၿခင္းေႀကာင့္ ပုံစံ ၄ (ဂ)နဲ႔ ၿပင္ဆင္လႊာ ျပန္ျဖည္႔သူေတြရဲ ႔မဲစာရင္းေတြကုိ ၿပင္ဆင္ျပီးေနာက္ မဲေပးခြင့္ဦးေရဟာ ပထမအႀကိမ္ေျကာ္ျငာခဲ့တဲ့ မဲေပးခြင့္ဦးေရထက္ (၁၂၀၀၀၀) ေက်ာ္ တုိးလာပါတယ္။

အခု ဒုတိယအႀကိမ္ မဲဆႏၵရွင္စာရင္းထုတ္ျပန္ႏုိင္ဖို႔အတြက္ အသင့္ၿပင္ဆင္ေဆာင္ရြက္ထားၿပီၿဖစ္တယ္လုိ႔ မႏၲေလးတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႔ရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ႀကိဳတင္မဲ

Related posts

Leave a Comment

VOM News

FREE
VIEW