မြန်မာပါဝင်တဲ့ Caucasus 2020 စစ်ရေးလေ့ကျင့်မှု ရုရှားမှာ စတင်

မြန်မာပါဝင်တဲ့ Caucasus 2020 စစ်ရေးလေ့ကျင့်မှု ရုရှားမှာ စတင်

မော်စကို၊ စက်တင်ဘာ-၂၂-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နဲ့ ရုရှားတို့ရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်နေချိန်မှာပဲ ရုရှားတောင်ပိုင်းမှာပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံကပူးပေါင်းပါဝင်ခဲ့ပါတယ်။

ရုရှားဟာ Caucasus 2020 လို့အမည်ရတဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၁ ရက်မှာ စတင်လိုက်တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၈ သောင်းနဲ့ တင့်ကား စစ်ဘက်ဆိုင်ရာယာဉ် ၂၅၀စီးတို့ ပါဝင်ခဲ့ပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်မှုကို ရုရှားတောင်ပိုင်းမှာ လေးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိပါတယ်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာတော့ တရုတ်၊ ဘီလာရုစ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက တပ်ဖွဲ့ဝင် ၁၀၀၀ ပါဝင်ခဲ့ပါတယ်။

ရန်သူနိုင်ငံကနေ ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ ခြိမ်းခြောက်မှုရင်ဆိုင်ရတဲ့ ပုံစံမျိုးနဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး လေ့ကျင့်မှု ပထမရက်မှာတော့ တပ်ဖွဲ့ဝင်တွေနေရာချထားတာတွေနဲ့ ရေဒီယိုဆက်သွယ်မှု လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ ဆိုက်ဘေးရီးယားနဲ့ ရုရှားရှေ့ပိုင်းမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွမှာ ယခင်က ပါဝင်ခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံကနေ ကီလိုမီတာ ၅၀၀၀ ကျော်ကွာဝေးတဲ့ ရုရှားအရှေ့ပိုင်း လေ့ကျင့်မှုကိုတော့ ပထမဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။

Ref : NHK
Photo: Kremlin
#voiceofmyanmar #VOM #မော်စကို

Zawgyi

ျမန္မာပါ၀င္တဲ႔ Caucasus 2020 စစ္ေရးေလ႔က်င္႔မႈ ရုရွားမွာ စတင္

ေမာ္စကို၊ စက္တင္ဘာ-၂၂-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နဲ႔ ရုရွားတို႔ရဲ႕စစ္ေရးပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမင္႔ေနခ်ိန္မွာပဲ ရုရွားေတာင္ပိုင္းမွာျပဳလုပ္တဲ႔ ပူးတြဲစစ္ေရးေလ႔က်င္႔မႈမွာ တရုတ္နုိင္ငံကပူးေပါင္းပါ၀င္ခဲ႔ပါတယ္။

ရုရွားဟာ Caucasus 2020 လို႔အမည္ရတဲ႔ အၾကီးစားစစ္ေရးေလ႔က်င္႔မႈကို စက္တင္ဘာ ၂၁ ရက္မွာ စတင္လိုက္တာျဖစ္ျပီး တပ္ဖြဲ႔၀င္ ၈ ေသာင္းနဲ႔ တင္႔ကား စစ္ဘက္ဆိုင္ရာယာဥ္ ၂၅၀စီးတို႔ ပါ၀င္ခဲ႔ပါတယ္။

ဒီလုိစစ္ေရးေလ႔က်င္႔မႈကို ရုရွားေတာင္ပိုင္းမွာ ေလးနွစ္တစ္ၾကိမ္ျပဳလုပ္ေလ႔ရိွပါတယ္။ ယခုနွစ္စစ္ေရးေလ႔က်င္႕မႈမွာေတာ႔ တရုတ္၊ ဘီလာရုစ္၊ ျမန္မာနဲ႔ အျခားနုိင္ငံေတြက တပ္ဖြဲ႔၀င္ ၁၀၀၀ ပါ၀င္ခဲ႔ပါတယ္။

ရန္သူနိုင္ငံကေန ေက်ာေထာက္ေနာက္ခံျပဳထားတဲ႔ အၾကမ္းဖက္အဖြဲ႔အစည္းတစ္ခုရဲ႕ ျခိမ္းေျခာက္မႈရင္ဆိုင္ရတဲ႔ ပံုစံမ်ိဳးနဲ႔ စစ္ေရးေလ႔က်င္႔မႈကို လုပ္ေဆာင္ခဲ႔ျပီး ေလ႔က်င္႔မႈ ပထမရက္မွာေတာ႔ တပ္ဖြဲ႔၀င္ေတြေနရာခ်ထားတာေတြနဲ႔ ေရဒီယိုဆက္သြယ္မႈ ေလ႔က်င္႔ခန္းေတြကို ျပဳလုပ္ခဲ႔ၾကပါတယ္။

တရုတ္နုိင္ငံဟာ ဆိုက္ေဘးရီးယားနဲ႔ ရုရွားေရွ႕ပိုင္းမွာျပဳလုပ္တဲ႔ စစ္ေရးေလ႔က်င္႔မႈတြမွာ ယခင္က ပါ၀င္ခဲ႔ဖူးပါတယ္။ တရုတ္နုိင္ငံကေန ကီလိုမီတာ ၅၀၀၀ ေက်ာ္ကြာေ၀းတဲ႔ ရုရွားအေရွ႕ပိုင္း ေလ႔က်င္႔မႈကိုေတာ႔ ပထမဆံုးပါ၀င္ခဲ႔တာျဖစ္ပါတယ္။

Ref : NHK
Photo: Kremlin
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW