ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်)

ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်)

စက်တင်ဘာ၊ ၂၃-၂၀၂၀
ရှိုင်းအောင်(VOM)

၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီရဲ့ ဥက္ကဋ္ဌ ဦးတိန့်ဆောင်ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက်ဝင်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာရင်းပေးထားလဲ?
ဦးတိန့်ဆောင်- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၈ ဦးပါ ခင်ဗျ။

VOM – ပါတီဝင်အင်အား အရေအတွက်ဘယ်လောက်ရှိလဲ။
ဦးတိန့်ဆောင် – ပါတီဝင်အင်အား ၈၀၀၀ ကျော်ရှိပါတယ်။

VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက် ပွဲဝင်ပြိုင်ဖြစ်တာလဲ။
ဦးတိန့်ဆောင်- ပါတီကြီးတွေကတော့ တစ်နိုင်ငံလုံးအတွက်ရည်ရွယ်ပြီး အစိုးရဖွဲ့နိုင်တဲ့အနေအထားနဲ့ လှုပ်ရှားပေါ့၊ ကျနော်တို့ကျတော့ ဒေသတွင်းကိုပဲ ရည်ရွယ်ထားတာပေါ့၊ ဒေသဆိုတဲ့နေရာတောင် ကျတော်တို့က ၁၉၉၀ ခုနှစ်က ဗကပ မြန်မာပြည်ကွန်မြူနစ်ပါတီ ၁၀၁ စစ်ဒေသ လိုင်ဇာမှာဖြစ်တဲ့ ဝိုင်းမော်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ် အဲ့ဒီမြို့နယ်သုံးခုဟာ ၁၉၉၀ ခုနှစ်မှာ အဲ့အချိန်တုန်းက စစ်အစိုးရနဲ့ နဝတ ငြိမ်းချမ်းရေးလက်မှတ်ထိုးတာပေါ့နော်၊ အဲ့ဒီကချင်အထူးဒေသ(၁)လို့ သတ်မှတ်ထားတဲ့ မြို့နယ် ၃ ခုကို အထိကရည်ရွယ်ချက်ထားပြီး ကျွန်တော်တို့က အဲ့ဒီဒေသရဲ့အကျိုး၊ အဲ့ဒီဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဲ့ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားဒေသခံတွေကို နိုင်ငံရေးအရ ဦးစီးဦးဆောင်ဖို့ အဲ့ဒီရည်ရွယ်ချက်တွေနဲ့ပြိုင်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှာ စတင်ထူထောင်တာပါ။

VOM- ပါတီရဲ့ဆောင်ပုဒ်နဲ့ ကတိကဝတ်က ဘာတွေလဲ။
ဦးတိန့်ဆောင်- (၁)ငြိမ်းချမ်းရေး၊ (၂) တန်းတူညီမျှရေး၊ (၃) စည်းလုံးညီညွတ်ရေး ၊ (၄) ဖွင့်ဖြိုးတိုးတက်ရေး အဲ့ဒါတော့ပါတီဆောင်ပုဒ်ပေါ့။

VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းတွေ သက်မှတ်ပြီးရွေးချယ်တာလဲ။
ဦးတိန့်ဆောင်- အဓိကကတော့ ဒေသခံတွေလည်းဖြစ်မယ်၊ ကျွန်တော်တို့ပါတီရည်ရွယ်ချက်နဲ့လည်းကိုက်ညီတဲ့ ပုဂ္ဂိုလ်တွေကိုရွေးချယ်ထားတာဖြစ်ပါတယ်။

VOM-ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မြို့နယ် ၄ ခုမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် အရေအတွက်ဘယ်လောက်ရှိလဲ။
ဦးတိန့်ဆောင်- မဲထည့်နိုင်တဲ့သူဦးရေ ပထမဦးဆုံးအကြိမ်ထုတ်ပြန်ထားတာက ဝိုင်းမော်မြို့နယ်မှာ ၈ သောင်းကျော်ရှိတယ်၊ ဒါပေမယ့် ဒုတိယအကြိမ်ကတော့ ပြန်တိုးလာတယ်၊ ချီဖွေမြို့နယ်မှာ ၁ သောင်းကျော်ရှိတယ်၊ ဆော့လော်မြို့နယ်မှာ ၅ ထောင်ကျော်တယ်၊ အင်ဂျန်းယန်မြို့နယ်မှာ ပထမဆုံးအကြိမ်ထုတ်ပြန်ထားတာ ၉၅၀ ကျော်ရှိတယ်။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္က႑ (ဒီမိုကေရစီပါတီသစ္(ကခ်င္)

စက္တင္ဘာ၊ ၂၃-၂၀၂၀
ရႈိင္းေအာင္(VOM)

၂၀၂၀ပါတီစံုအေထြေထြေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဒီမိုကေရစီပါတီသစ္(ကခ်င္)ပါတီရဲ႕ ဥကၠ႒ ဦးတိန႔္ေဆာင္ကို VOM သတင္းေထာက္ ကိုရႈိင္းေအာင္က ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ဒီမိုကေရစီပါတီသစ္(ကခ်င္)ပါတီအေနနဲ႔ လာမယ့္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းအေရအတြက္ဘယ္ေလာက္ဝင္ၿပိဳင္ဖို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို စာရင္းေပးထားလဲ?
ဦးတိန႔္ေဆာင္- ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၄ ဦး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၂ ဦး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦး စုစုေပါင္း ၈ ဦးပါ ခင္ဗ်။

VOM – ပါတီဝင္အင္အား အေရအတြက္ဘယ္ေလာက္ရွိလဲ။
ဦးတိန႔္ေဆာင္ – ပါတီဝင္အင္အား ၈၀၀၀ ေက်ာ္ရွိပါတယ္။

VOM-လက္ရွိအာဏာရပါတီနဲ႔ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တျခားအင္အားႀကီးပါတီေတြကို ဘယ္လိုအင္အားနဲ႔ယွဥ္ၿပိဳင္မွာလဲ၊ ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ ပါတီေထာင္ၿပီးေ႐ြးေကာက္ ပြဲဝင္ၿပိဳင္ျဖစ္တာလဲ။
ဦးတိန႔္ေဆာင္- ပါတီႀကီးေတြကေတာ့ တစ္ႏိုင္ငံလုံးအတြက္ရည္႐ြယ္ၿပီး အစိုးရဖြဲ႕ႏိုင္တဲ့အေနအထားနဲ႔ လႈပ္ရွားေပါ့၊ က်ေနာ္တို႔က်ေတာ့ ေဒသတြင္းကိုပဲ ရည္႐ြယ္ထားတာေပါ့၊ ေဒသဆိုတဲ့ေနရာေတာင္ က်ေတာ္တို႔က ၁၉၉၀ ခုႏွစ္က ဗကပ ျမန္မာျပည္ကြန္ျမဴနစ္ပါတီ ၁၀၁ စစ္ေဒသ လိုင္ဇာမွာျဖစ္တဲ့ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေဆာ့ေလာ္ၿမိဳ႕နယ္၊ ခ်ီေဖြၿမိဳ႕နယ္ အဲ့ဒီၿမိဳ႕နယ္သုံးခုဟာ ၁၉၉၀ ခုႏွစ္မွာ အဲ့အခ်ိန္တုန္းက စစ္အစိုးရနဲ႔ နဝတ ၿငိမ္းခ်မ္းေရးလက္မွတ္ထိုးတာေပါ့ေနာ္၊ အဲ့ဒီကခ်င္အထူးေဒသ(၁)လို႔ သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ ၃ ခုကို အထိကရည္႐ြယ္ခ်က္ထားၿပီး ကၽြန္ေတာ္တို႔က အဲ့ဒီေဒသရဲ႕အက်ိဳး၊ အဲ့ဒီေဒသ ဖြံ့ျဖိဳးတိုးတက္ဖို႔အတြက္ အဲ့ဒီေဒသမွာရွိတဲ့ တိုင္းရင္းသားေဒသခံေတြကို ႏိုင္ငံေရးအရ ဦးစီးဦးေဆာင္ဖို႔ အဲ့ဒီရည္႐ြယ္ခ်က္ေတြနဲ႔ၿပိဳင္ၾကတာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ပါတီက ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ စတင္ထူေထာင္တာပါ။

VOM- ပါတီရဲ႕ေဆာင္ပုဒ္နဲ႔ ကတိကဝတ္က ဘာေတြလဲ။
ဦးတိန႔္ေဆာင္- (၁)ၿငိမ္းခ်မ္းေရး၊ (၂) တန္းတူညီမွ်ေရး၊ (၃) စည္းလုံးညီၫြတ္ေရး ၊ (၄) ဖြင့္ၿဖိဳးတိုးတက္ေရး အဲ့ဒါေတာ့ပါတီေဆာင္ပုဒ္ေပါ့။

VOM -ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လိုအရည္အခ်င္းေတြ သက္မွတ္ၿပီးေ႐ြးခ်ယ္တာလဲ။
ဦးတိန႔္ေဆာင္- အဓိကကေတာ့ ေဒသခံေတြလည္းျဖစ္မယ္၊ ကၽြန္ေတာ္တို႔ပါတီရည္႐ြယ္ခ်က္နဲ႔လည္းကိုက္ညီတဲ့ ပုဂၢိဳလ္ေတြကိုေ႐ြးခ်ယ္ထားတာျဖစ္ပါတယ္။

VOM-ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ၿမိဳ႕နယ္ ၄ ခုမွာ မဲေပးခြင့္ရွိတဲ့ မဲဆႏၵရွင္ အေရအတြက္ဘယ္ေလာက္ရွိလဲ။
ဦးတိန႔္ေဆာင္- မဲထည့္ႏိုင္တဲ့သူဦးေရ ပထမဦးဆုံးအႀကိမ္ထုတ္ျပန္ထားတာက ဝိုင္းေမာ္ၿမိဳ႕နယ္မွာ ၈ ေသာင္းေက်ာ္ရွိတယ္၊ ဒါေပမယ့္ ဒုတိယအႀကိမ္ကေတာ့ ျပန္တိုးလာတယ္၊ ခ်ီေဖြၿမိဳ႕နယ္မွာ ၁ ေသာင္းေက်ာ္ရွိတယ္၊ ေဆာ့ေလာ္ၿမိဳ႕နယ္မွာ ၅ ေထာင္ေက်ာ္တယ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္မွာ ပထမဆုံးအႀကိမ္ထုတ္ျပန္ထားတာ ၉၅၀ ေက်ာ္ရွိတယ္။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW