ရခိုင်အရေး စတစ်ကာကမ်ပိန်းကိစ္စ ဗကသအဖွဲ့နဲ့မဆိုင်တဲ့ ပြည်တက္ကသိုလ်ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်အရေး စတစ်ကာကမ်ပိန်းကိစ္စ ဗကသအဖွဲ့နဲ့မဆိုင်တဲ့ ပြည်တက္ကသိုလ်ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ

နေပြည်‌တော်၊ စက်တင်ဘာ ၂၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ပြည်မြို့နယ်ထဲမှာ စက်တင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်အရေး စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗကသအဖွဲ့ဝင်မဟုတ်တဲ့ ပြည်တက္ကသိုလ်ကျောင်းသားတစ်ဦးကို မနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကနေ သိရပါတယ်။

” မနေ့ညက ပြည်ဆေးရုံနားက အဆောင်မှာ ဝင်ဖမ်းသွားတာပါ။ အခင်းဖြစ်နေ့ မနက်ကလည်း ကျောင်းသားတစ်ဦးအဖမ်းခံရပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်။ အခု ဖမ်းဆီးခံရတဲ့ ကျောင်းသားကော နှစ်ဦးစလုံး ပြင်ပ‌ကကျောင်းသားတွေပါ”လို့ ဝိ‌ဇ္ဇာနဲ့သိပွံ
တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကိုသက်တင်အောင်က ပြောပြပါတယ်။

ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံနားက အဆောင်မှာ ပြည်တက္ကသိုလ်မှာ ဥပဒေစတုတ္ထနှစ်တက်နေတဲ့ ကိုရဲရန်နိုင်ဆိုသူကို ရဲတပ်ဖွဲ့က ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်စဲရေး၊ အကြမ်းဖက်မှုပပျောက်ရေးနဲ့ အင်တာနက်လိုင်းဖြတ်တောက်ထားတဲ့ကိစ္စနဲ့ပတ်သက် ပြီး ကမ်ပိန်းပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ဆိုကာ ပြည်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ
ဖြစ်ပြီး ဖမ်းဆီးသွားတဲ့ ပုဒ်မကလည်း အာမခံပေးလို့မရဘူးလို့ ပြည်တက္ကသိုလ်ကျောင်း သားသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင်ကပြောပါတယ်။

စက်တင်ဘာလ၂၅ ရက်နေ့ မနက်ပိုင်းကလည်း ကျောင်းပြီး‌နေတာကြာပြီဖြစ်တဲ့ ကျောင်းသားဟောင်းဖြစ်သူ ကိုအောင်သက်ပိုင်ဆိုသူကိုလည်း ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပေမယ့် နေ့လယ်ပိုင်းမ‌ှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ပြည်တက္ကသိုလ်ကကျောင်းသား ၃ ဦးကို အမှုဖွင့်လှစ်တရားစွဲဆိုထားပြီး အဲ့ဒီအထဲက ကိုရဲရန်နိုင်တစ်ဦးသာ အဖမ်းခံထားရတဲ့အပြင် ပေါင်းတည် မြို့ရဲစခန်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)နဲ့ တရားစွဲဆိုထားတာဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ‌့တွေကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ စက်တင်ဘာလ အစလောက်ကတည်းက ဗကသကျောင်းသားတွေဟာ ဆန့်ကျင်ဆန္ဒပြတာနဲ့ စတစ်ကာကမ်ပိန်းတွေ လုပ်ဆောင်နေကြတာဖြစ်ပြီး ဦးဆောင်ပြုလုပ်တဲ့ ကျောင်းသား ၃၀ နီးပါးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတဲ့အပြင် ကျောင်းသား ၈ ဦး ဖမ်းဆီးခံထားရတယ်လို့ ဗကသအဖွဲ့ချုပ်ကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #ကျောင်းသားဖမ်းဆီးခံရ

Zawgyi

ရခိုင္အေရး စတစ္ကာကမ္ပိန္းကိစၥ ဗကသအဖဲြ႕နဲ႔မဆိုင္တဲ့ ျပည္တကၠသိုလ္ေက်ာင္းသားတစ္ဦး ဖမ္းဆီးခံရ

ေနျပည္‌ေတာ္၊ စက္တင္ဘာ ၂၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္ထဲမွာ စက္တင္ဘာ ၁၅ ရက္ေန႔က ရခိုင္ျပည္နယ္အေရး စတစ္ကာ ကမ္ပိန္းျပဳလုပ္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဗကသအဖြဲ႕ဝင္မဟုတ္တဲ့ ျပည္တကၠသိုလ္ေက်ာင္းသားတစ္ဦးကို မေန႔ စက္တင္ဘာ ၂၅ရက္ညပိုင္းမွာ ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးသြားတယ္လို႔ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢအဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။

” မေန႔ညက ျပည္ေဆး႐ုံနားက အေဆာင္မွာ ဝင္ဖမ္းသြားတာပါ။ အခင္းျဖစ္ေန႔ မနက္ကလည္း ေက်ာင္းသားတစ္ဦးအဖမ္းခံရၿပီး ေန႔လည္ပိုင္းမွာ ျပန္လႊတ္ေပးလိုက္တယ္။ အခု ဖမ္းဆီးခံရတဲ့ ေက်ာင္းသားေကာ ႏွစ္ဦးစလုံး ျပင္ပ‌ကေက်ာင္းသားေတြပါ”လို႔ ဝိ‌ဇၨာနဲ႔သိပြံ
တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕မွ ကိုသက္တင္ေအာင္က ေျပာျပပါတယ္။

ျပည္ၿမိဳ႕ ခုတင္ ၅၀၀ ေဆးရံုနားက အေဆာင္မွာ ျပည္တကၠသိုလ္မွာ ဥပေဒစတုတၳႏွစ္တက္ေနတဲ့ ကိုရဲရန္ႏိုင္ဆိုသူကို ရဲတပ္ဖြဲ႔က ႐ုတ္တရက္ဝင္ေရာက္ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၅ ရက္ေန႔က ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားေနတဲ့ စစ္ပြဲေတြရပ္စဲေရး၊ အၾကမ္းဖက္မႈပေပ်ာက္ေရးနဲ႔ အင္တာနက္လိုင္းျဖတ္ေတာက္ထားတဲ့ကိစၥနဲ႔ပတ္သက္ ၿပီး ကမ္ပိန္းျပဳလုပ္ခဲ့တာနဲ႔ ပတ္သက္လို႔ဆိုကာ ျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာ
ျဖစ္ၿပီး ဖမ္းဆီးသြားတဲ့ ပုဒ္မကလည္း အာမခံေပးလို႔မရဘူးလို႔ ျပည္တကၠသိုလ္ေက်ာင္း သားသမဂၢ ဥကၠ႒ ကိုပိုင္ၿဖိဳးဇင္ကေျပာပါတယ္။

စက္တင္ဘာလ၂၅ ရက္ေန႔ မနက္ပိုင္းကလည္း ေက်ာင္းၿပီး‌ေနတာၾကာၿပီျဖစ္တဲ့ ေက်ာင္းသားေဟာင္းျဖစ္သူ ကိုေအာင္သက္ပိုင္ဆိုသူကိုလည္း ရဲတပ္ဖြဲ႕ကဖမ္းဆီးခဲ့ေပမယ့္ ေန႔လယ္ပိုင္းမ‌ွာ ျပန္လႊတ္ေပးခဲ့တယ္လို႔ ျပည္တကၠသိုလ္ေက်ာင္းသားသမဂၢရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

လက္ရွိမွာေတာ့ ရဲတပ္ဖြဲ႕က ျပည္တကၠသိုလ္ကေက်ာင္းသား ၃ ဦးကို အမႈဖြင့္လွစ္တရားစြဲဆိုထားၿပီး အဲ့ဒီအထဲက ကိုရဲရန္ႏိုင္တစ္ဦးသာ အဖမ္းခံထားရတဲ့အျပင္ ေပါင္းတည္ ၿမိဳ႕ရဲစခန္းမွာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ-၅၀၅ (ခ)နဲ႔ တရားစြဲဆိုထားတာျဖစ္တယ္လို႔ ေက်ာင္းသားသမဂၢအဖြဲ‌႕ေတြကေန သိရပါတယ္။

ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္လို႔ စက္တင္ဘာလ အစေလာက္ကတည္းက ဗကသေက်ာင္းသားေတြဟာ ဆန္႔က်င္ဆႏၵျပတာနဲ႔ စတစ္ကာကမ္ပိန္းေတြ လုပ္ေဆာင္ေနၾကတာျဖစ္ၿပီး ဦးေဆာင္ျပဳလုပ္တဲ့ ေက်ာင္းသား ၃၀ နီးပါးကို ရဲတပ္ဖြဲ႔က ဖမ္းဝရမ္းထုတ္ထားတဲ့အျပင္ ေက်ာင္းသား ၈ ဦး ဖမ္းဆီးခံထားရတယ္လို႔ ဗကသအဖြဲ႔ခ်ဳပ္ကေန သိရပါတယ္။

#voiceofmyanmar #VOM #ျပည္ #ေက်ာင္းသားဖမ္းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW