လျှပ်စစ်ဝန်ထမ်းတစ်ဦးက အိမ်သုံးမီတာ ၁ လုံးကို ငွေကျပ်၂ သိန်းခွဲနဲ့ မီတာ၁၅လုံးစာအတွက်ပိုက်ဆံကောက်သွားပြီး မီတာလာရောက်မတပ်ဆင်

လျှပ်စစ်ဝန်ထမ်းတစ်ဦးက အိမ်သုံးမီတာ ၁ လုံးကို ငွေကျပ်၂ သိန်းခွဲနဲ့ မီတာ၁၅လုံးစာအတွက်ပိုက်ဆံကောက်သွားပြီး မီတာလာရောက်မတပ်ဆင်

မုံရွာ ၊ စက်တင်ဘာ၂၇-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရဲ့ တိုးချဲ့ရပ်ကွက်တွေမှာ အိမ်သုံးလျှပ်စစ်မီတာ တစ်လုံးကို ငွေကျပ် ၂ သိန်း ၅ သောင်းရယူပြီး ရက်ပေါင်း ၄၅ ရက်အတွင်းမှာ အပြီးတပ်ဆင်ပေးမယ်ပြောဆိုကာ မီတာ တစ်ဒါဇင်ကျော်ဖိုး ပိုက်ဆံယူသွားတဲ့ လျှပ်စစ်ဝန်ထမ်းတစ်ဦးဟာ အခုချိန်ထိ မီတာတပ်ဆင်မပေးတာကြောင့် လျှောက်ထားသူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

မုံရွာမြို့၊ ပြည်တော်သာ (အက်တော)ရပ်ကွက် မြောက်ပိုင်း သာစည်လမ်း အနောက်ဘက်က လူနေတိုးချဲ့ရပ်ကွက်ထဲက အိမ်သုံး လျှပ်စစ်မီတာ လျှောက်ထားသူ ၁၅ ဦးက အဲ့ဒီ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ် ။

“ လျှပ်စစ်ရုံးက လိုင်းမင်းလုပ်တဲ့သူလည်းပါတယ်ဆိုတော့ ကျွန်မတို့ကယုံမိတယ်၊ မှတ်ပုံတင်မိတ္တူ နဲ့ ရပ်ကွက်ထောက်ခံစာပါရမယ်ပြောပြီး အုပ်ချုပ်ရေးမှူးဆီကို သူက ဖုန်းနဲ့ပြောတယ်၊ ကျနော်က ဖက်တီးပါ ထောက်ခံစာရေးပေးလိုက်ပါလို့ပြောတယ်၊ အဲ့တော့ ကျမတို့လည်း ယုံမိတာပေါ့ ” လို့ နစ်နာသူ ကာယကံရှင် ဒေါ်ထိုက်ထိုက်လွင်ကပြောပါတယ်။

လျှပ်စစ်လိုင်မင်းပြုလုပ်တဲ့ဝန်ထမ်းတစ်ဦးအပါအဝင် ကိုဖက်တီးဆိုသူ နှစ်ယောက်ဟာ ပြည်တော်သာ တိုးချဲ့ရပ်ကွက်ထဲက ပြောင်းရွေ့လာခါစ နေအိမ်အသစ်တွေကို သွားရောက်ပြီး ၄၅ ရက်အတွင်း အိမ်သုံးမီတာရအောင် လုပ်ပေးမယ်လို့ပြောဆိုကာ မီတာတစ်လုံးကို ၂ သိန်းခွဲ၊ ဝန်ဆောင်ခ ၃ သောင်းနဲ့ မီတာ ၁၅ လုံးစာအတွက် ပိုက်ဆံတွေရယူသွားတာဖြစ်ပါတယ်။

ပြည်တော်သာ(အက်တော)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း “ မီတာလျှောက်ရင် ထောက်ခံစာထုတ်ပေးရတာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပုံမှန်အလုပ်ဖြစ်တယ် ၊ မီတာနဲ့ ပတ်သက်လို့ ငွေလိမ်ခံရတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မီတာလျှောက်ထားတဲ့ နေအိမ်တွေကို မီတာမရသေးဘဲ ဝါယာရိန်းရိုက်တာ မီးခလုတ်ဆင်တာနဲ့ မီးသီး၊မီးချောင်းတပ်ဆင်တာတွေရှိလို့ ပစ္စည်းဖိုးလက်ခ နှစ်ခုပေါင်း ၃ သိန်းကျော်ကိုလည်း ထပ်ဆောင်းပေးလိုက်ရတယ်လို့ သိရပါတယ်။

အခုလိုဖြစ်တာနဲပတ်သက်ပြီး မုံရွာမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးဌာန မြို့နယ်မန်နေဂျာ ဦးဇော်ဝင်းနိုင်ကိုဆက်သွယ်မေးမြန်းရာမှာတော့ “ မီတာလျှောက်ထားတာ တော့မရှိဘူး ၊ သူတို့နှစ်ယောက်ကို ဒဏ်ရိုက်ပြီး အလုပ်ဖြုတ်ထားတယ် ၊ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကိုလည်း ပြန်လည်သိမ်းဆည်းထားပြီးဖြစ်တယ် ၊ နစ်နာသူတွေက ဥပဒေအတိုင်းသာ ဆက်လုပ်ကြပါ”လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ အခုလို အိမ်သုံးမီတာတပ်ဆင်ပေးမယ်ဆိုပြီး လျှပ်စစ်ဌာနနဲ့ နီးစပ်သူတချို့က တိုးချဲရပ်ကွက်တွေထဲကို ပြောင်းရွှေ့လာကစ အိမ်အသစ်တွေကိုပစ်မှတ်ထားပြီး လိမ်လည်တာဟာ အခုတကြိမ်တည်းမဟုတ်ဘဲ နန္ဒဝန်တိုးချဲ့ ၊ ပြည်တော်သာတိုးချဲ့ ၊ ရွှေဇလုတ်တိုးချဲ့ ၊အောင်ချမ်းသာ(ဇီးခြံ)တိုးချဲ့ စတဲ့ ရပ်ကွက်အသစ်တွေဘက်မှာလည်း အလားတူ လိမ်လည်ခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

လွ်ပ္စစ္၀န္ထမ္းတစ္ဦးက အိမ္သံုးမီတာ ၁ လံုးကို ေငြက်ပ္၂ သိန္းခြဲနဲ႔ မီတာ၁၅လံုးစာအတြက္ပိုက္ဆံေကာက္သြားၿပီး မီတာလာေရာက္မတပ္ဆင္

မံုရြာ ၊ စက္တင္ဘာ၂၇-၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း ၊ မံုရြာျမိဳ႕ရဲ႕ တိုးခ်ဲ႔ရပ္ကြက္ေတြမွာ အိမ္သံုးလွ်ပ္စစ္မီတာ တစ္လံုးကို ေငြက်ပ္ ၂ သိန္း ၅ ေသာင္းရယူျပီး ရက္ေပါင္း ၄၅ ရက္အတြင္းမွာ အျပီးတပ္ဆင္ေပးမယ္ေျပာဆိုကာ မီတာ တစ္ဒါဇင္ေက်ာ္ဖိုး ပိုက္ဆံယူသြားတဲ႔ လွ်ပ္စစ္ဝန္ထမ္းတစ္ဦးဟာ အခုခ်ိန္ထိ မီတာတပ္ဆင္မေပးတာေၾကာင္႔ ေလွ်ာက္ထားသူေတြ အခက္ေတြ႔ေနရတယ္လို႔ သိရပါတယ္။

မံုရြာျမိဳ႕၊ ျပည္ေတာ္သာ (အက္ေတာ)ရပ္ကြက္ ေျမာက္ပိုင္း သာစည္လမ္း အေနာက္ဘက္က လူေနတိုးခ်ဲ႕ရပ္ကြက္ထဲက အိမ္သံုး လွ်ပ္စစ္မီတာ ေလွ်ာက္ထားသူ ၁၅ ဦးက အဲ႔ဒီ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္ ။

“ လွ်ပ္စစ္ရံုးက လိုင္းမင္းလုပ္တဲ႔သူလည္းပါတယ္ဆိုေတာ႔ ကၽြန္မတို႔ကယံုမိတယ္၊ မွတ္ပံုတင္မိတၱဴ နဲ႔ ရပ္ကြက္ေထာက္ခံစာပါရမယ္ေျပာျပီး အုပ္ခ်ဳပ္ေရးမွဴးဆီကို သူက ဖုန္းနဲ႔ေျပာတယ္၊ က်ေနာ္က ဖက္တီးပါ ေထာက္ခံစာေရးေပးလိုက္ပါလို႔ေျပာတယ္၊ အဲ႔ေတာ႔ က်မတို႔လည္း ယံုမိတာေပါ႔ ” လို႔ နစ္နာသူ ကာယကံရွင္ ေဒၚထိုက္ထိုက္လြင္ကေျပာပါတယ္။

လွ်ပ္စစ္လိုင္မင္းျပဳလုပ္တဲ့ဝန္ထမ္းတစ္ဦးအပါအဝင္ ကိုဖက္တီးဆိုသူ ႏွစ္ေယာက္ဟာ ျပည္ေတာ္သာ တိုးခ်ဲ႔ရပ္ကြက္ထဲက ေျပာင္းေရြ႕လာခါစ ေနအိမ္အသစ္ေတြကို သြားေရာက္ျပီး ၄၅ ရက္အတြင္း အိမ္သံုးမီတာရေအာင္ လုပ္ေပးမယ္လို႔ေျပာဆိုကာ မီတာတစ္လံုးကို ၂ သိန္းခြဲ၊ ၀န္ေဆာင္ခ ၃ ေသာင္းနဲ႔ မီတာ ၁၅ လံုးစာအတြက္ ပိုက္ဆံေတြရယူသြားတာျဖစ္ပါတယ္။

ျပည္ေတာ္သာ(အက္ေတာ)ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔၀င္တစ္ဦးကလည္း “ မီတာေလွ်ာက္ရင္ ေထာက္ခံစာထုတ္ေပးရတာ အုပ္ခ်ဳပ္ေရးအဖြဲ႔ရဲ႕ ပံုမွန္အလုပ္ျဖစ္တယ္ ၊ မီတာနဲ႔ ပတ္သက္လို႔ ေငြလိမ္ခံရတယ္လို႔ ၾကားတယ္”လို႔ ေျပာပါတယ္။

ဒါ႔အျပင္ မီတာေလွ်ာက္ထားတဲ႔ ေနအိမ္ေတြကို မီတာမရေသးဘဲ ၀ါယာရိန္းရိုက္တာ မီးခလုတ္ဆင္တာနဲ႔ မီးသီး၊မီးေခ်ာင္းတပ္ဆင္တာေတြရွိလို႔ ပစၥည္းဖိုးလက္ခ ႏွစ္ခုေပါင္း ၃ သိန္းေက်ာ္ကိုလည္း ထပ္ေဆာင္းေပးလိုက္ရတယ္လို႔ သိရပါတယ္။

အခုလိုျဖစ္တာနဲပတ္သက္ၿပီး မံုရြာျမိဳ႕နယ္ လွ်ပ္စစ္ဓာတ္အား ျဖန္႔ျဖဴေရးဌာန ျမိဳ႕နယ္မန္ေနဂ်ာ ဦးေဇာ္၀င္းနိုင္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ “ မီတာေလွ်ာက္ထားတာ ေတာ႔မရွိဘူး ၊ သူတို႔ႏွစ္ေယာက္ကို ဒဏ္ရိုက္ျပီး အလုပ္ျဖဳတ္ထားတယ္ ၊ လုပ္ငန္းလုပ္ကိုင္ခြင္႔လက္မွတ္ကိုလည္း ျပန္လည္သိမ္းဆည္းထားျပီးျဖစ္တယ္ ၊ နစ္နာသူေတြက ဥပေဒအတိုင္းသာ ဆက္လုပ္ၾကပါ”လို႔ ေျပာပါတယ္။

မံုရြာျမိဳ႕ေပၚမွာ အခုလို အိမ္သံုးမီတာတပ္ဆင္ေပးမယ္ဆိုျပီး လွ်ပ္စစ္ဌာနနဲ႔ နီးစပ္သူတခ်ိဳ႕က တိုးခ်ဲရပ္ကြက္ေတြထဲကို ေျပာင္းေရႊ႕လာကစ အိမ္အသစ္ေတြကိုပစ္မွတ္ထားျပီး လိမ္လည္တာဟာ အခုတၾကိမ္တည္းမဟုတ္ဘဲ နႏၵ၀န္တိုးခ်ဲ႕ ၊ ျပည္ေတာ္သာတိုးခ်ဲ႕ ၊ ေရႊဇလုတ္တိုးခ်ဲ႕ ၊ေအာင္ခ်မ္းသာ(ဇီးျခံ)တိုးခ်ဲ႔ စတဲ႔ ရပ္ကြက္အသစ္ေတြဘက္မွာလည္း အလားတူ လိမ္လည္ခံရတာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW