ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကာလမှာ မြစ်ကြီးနားက ရေဘေးသင့်သူတွေ အစုလိုက်ရွှေ့ပြောင်းနေရ

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကာလမှာ မြစ်ကြီးနားက ရေဘေးသင့်သူတွေ အစုလိုက်ရွှေ့ပြောင်းနေရ မြစ်ကြီးနား၊ စက်တင်ဘာ ၂၈-၂၀၂၀ ရန်အောင်ထွန်း(VOM) Covid -19 ရောဂါထိန်းချုပ်ရေးကာလမှာ ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် မြစ်ကြီးနားမြို့၊ ရပ်ကွက် ၄ ခုဖြစ်တဲ့ မြို့သစ်ကြီး ၊ လယ်ကုန်းရပ်ကွက် ၊ ရမ်ပူနဲ့ ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်ထောင်စု ၉၇ စုကပြည်သူတွေဟာ မနေ့ စက်တင်ဘာ ၂၇ရက်နေ့ ညနေပိုင်းက မိသားစုလိုက် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတာဖြစ်ပါတယ်။ မြစ်ရေတက်တဲ့အတွက် ပစ္စည်းတွေကို ရေဘေးလွတ်ရာထားခဲ့ပြီး အသိမိတ်ဆွေတွေဆီကို သွားနေကြရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ကတော့ ရေဘေးလွတ်ရာရွှေ့ပြောင်းနေသူတွေကို မာမကဘုန်းတော်ကြီးကျောင်း၊ အေးစေတီရပ်ကွက်က ဘိုးဘွားရိပ်သာ၊ ရမ်ပူရပ်ကွက် ပြည်ရွှေဘိုကျောင်းနဲ့ အထကခွဲ (၁) စာသင်ကျောင်း၊ ကြက်ပေါင်ခြံရပ်ကွက်က ပြည်ခိုင်ဖြိုးရုံးနဲ့ အခြေခံပညာမူလတန်းလွန်ကျောင်းတို့မှာ ကယ်ဆယ်ရေး ပြုလုပ်ထားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာတော့…

Read More

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာကကူညီဖို့ ကုလသမဂ္ဂမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာကကူညီဖို့ ကုလသမဂ္ဂမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို ဒါကာ၊ စက်တင်ဘာ၂၇-၂၀၂၀ မျိုးဆက်(VOM) ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေးအတွက် နိုင်ငံတကာအနေနဲ့ ဒီထက်ပိုပြီး ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကုလသမဂ္ဂအထွေထွေညီလာခံကို ပေးပို့တဲ့ ရုပ်သံမိန့်ခွန်းတစ်ရပ်မှာ တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာတော့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားပြီး အများစုကတော့ ၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးအပြီးမှာ ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားသည်မှာ သုံးနှစ်ကျော်ရှိလာပေမယ့် ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကိုမှ နေရပ်ပြန်မပို့နိုင်သေးကြောင်း၊ ဒီပြသနာကို မြန်မာဘက်ကဖန်တီးတဲ့အတွက် ဖြေရှင်းဖို့ကိုလည်း မြန်မာနိုင်ငံကသာ လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ် ဟာစီနာက ဆိုပါတယ်။ ဒီပြသနာကို ဖြေရှင်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍကနေပါဝင်ပေးဖို့ မေတ္တာရပ်ခံကြောင်း စက်တင်ဘာ ၂၆ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ သူကဆိုပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးထိခိုက်ခဲ့ပေမယ့် စက်မှုကဏ္ဍနဲ့…

Read More

စစ်ကိုင်းမြို့အတွင်း ခရီးသွားထောက်ခံချက် မပါသူတွေကို ဝင်ခွင့်မပြု

စစ်ကိုင်းမြို့အတွင်း ခရီးသွားထောက်ခံချက် မပါသူတွေကို ဝင်ခွင့်မပြု စစ်ကိုင်း၊ စက်တင်ဘာ ၂၇ -၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့အဝင် ဧရာဝတီတံတား(ရတနာပုံ)အဆင်းမှာရှိတဲ့ Covid-19ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံနဲ့ ခရီးသွားပြည်သူတွေ ခရီးသွားထောက်ခံချက်ပါ၊မပါ စစ်ဆေးမှုတွေပြုလုပ်နေကာ ခရီးသွားထောက်ခံချက်မပါသူတွေကို စစ်ကိုင်းမြို့အတွင်းဝင်ခွင့်မပြုဘူးလို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသော်တာထက်ကပြောပါတယ်။ ”ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်ကနေပြီးတော့ ခရီးသွားလာခွင့် ထောက်ခံချက်ပါမှသာ ကျွန်တော်တို့ ဖြတ်သန်းသွားလာခွင့် ပေးတော့တယ်၊ ထောက်ခံချက်မပါတဲ့သူတွေကို ဖြတ်သန်းသွားလာခွင့် မပြုဘူး။ နောက်တစ်ခုက Stay At Home မြို့နယ်တွေက လာမယ်ဆိုရင်Stay At Home မြို့နယ်တွေကိုသွားမယ်ဆိုရင် အဲ့ဒီ Stay At Home မြို့နယ်တွေမှာ ဆောင်ရွက်ရမယ့် ခွင့်ပြုလုပ်ငန်းတွေရှိတယ်၊ အစိုးရဝန်ထမ်းတို့အခြား စားသောက်ကုန်လုပ်ငန်း၊ ဘဏ်တို့…

Read More

ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၁၃ဦးထိ ဖမ်းဆီးခံထားရ

ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၁၃ဦးထိ ဖမ်းဆီးခံထားရ ပခုက္ကူ၊ စက်တင်ဘာ ၂၇-၂၀၂၀ နေလင်းဖြူ+ဟိန်းကို(VOM) ပခုက္ကူမြို့မှာ ဒီကနေ့ စက်တင်ဘာ၂၇ရက် ညနေပိုင်းက ပခုက္ကူမြို့နယ် ဗကသများအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံး(ယာယီ)တည်ရှိရာ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးအတွင်းမှာရှိနေတဲ့ သမဂ္ဂကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပခုက္ကူတက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မန္တလေးမြို့မှာ စက်တင်ဘာ ၁၀ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရက္ခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေးဆန္ဒပြမှုနှင့်ပတ်သက်ပြီး ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ပခုက္ကူနည်းပညာတက္ကသိုလ် သမဂ္ဂအဖွဲ့ဝင် ကိုသာထက်အောင်ကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကတော့ ကိုညီညီမင်းထက်ဝေ (ပညာရေးတက္ကသိုလ်/ကောလိပ်များဆိုင်ရာအတွင်းရေးမှူး /ဗကသများအဖွဲ့ချုပ်- ဥက္ကဌ / ကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီ)၊ ကိုအောင်ခိုင်မင်း – ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုရှိုင်းဝဏ္ဏအောင် – အတွင်းရေးမှူး / ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုဟိန်းထက်အောင် – သတင်းနှင့်ပြန်ကြားရေး/ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုလှထွန်းအောင် – ဒု-ဥက္ကဌ/ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုသုတညီညီ –…

Read More

ရန်ကုန်မှာ မြို့နယ်တစ်ခုကနေ တစ်ခုကို အကြောင်းမရှိ နယ်ကျော်သွားနေတဲ့ မော်တော်ယာဉ်နဲ့လူတွေကို စစ်ဆေးနေတဲ့အတွက် အခက်အခဲတွေရှိနေ

ရန်ကုန်မှာ မြို့နယ်တစ်ခုကနေ တစ်ခုကို အကြောင်းမရှိ နယ်ကျော်သွားနေတဲ့ မော်တော်ယာဉ်နဲ့လူတွေကို စစ်ဆေးနေတဲ့အတွက် အခက်အခဲတွေရှိနေ ရန်ကုန်၊ စက်တင်ဘာ၂၇-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုကနေ တစ်ခုကို အကြောင်းမရှိဘဲ မြို့နယ်ကျော်သွားနေတဲ့ မော်တော်ယာဉ်တွေနဲ့ လူတွေကို ဒီကနေ့မနက်ပိုင်းကစပြီး စစ်ဆေးနေတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ” အိမ်စီးကားတွေအနေနဲ့ကတော့ ဘာမှမဖြစ်ဘူး၊ သိပ်မထူးခြားဘူး၊ အရင်ကတည်းက ထွက်လို့မရတော့လေ ။ ဒါပေမယ့် လုပ်ငန်းလုပ်နေတဲ့ကားတွေဖြစ်တဲ့ ရေသန့်ကားတို့၊ ကုမ္ပဏီကားတို့က ပစ္စည်းပို့နေတဲ့အခါကျတော့ အခက်အခဲ ဖြစ်မှာပေါ့ ။ သူတို့တွေက ဘယ်လိုလျှောက်လို့လျှောက်ရမှန်းမသိ၊ ဘယ်လိုသွားရမှန်းမသိဖြစ်နေတာလေ”လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ကိုသိန်းဆွေက ပြောပါတယ် ။ အဲ့ဒီလို စစ်ဆေးနေမူကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့မီးသတ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အဖွဲ့တွေက ပူးးပေါင်းစစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။ “လက်ရှိထုတ်ပြန်ထားတဲ့ Stay at Home အမိန့်ထဲမှာ နယ်မြေကျော်ပြီး မော်တော်ယာဉ်တွေဖြတ်သန်းသွားလာခွင့်မပြုဘူးဆိုတာ ပါပြီးသား။ တချို့မြို့နယ်တွေကတော့ ဒီနေ့ကစပြီးတော့…

Read More

ပါတီမိတ်ဆက်(ဓနုအမျိုးသားဒီမိုကရေစီပါတီ)

ပါတီမိတ်ဆက်(ဓနုအမျိုးသားဒီမိုကရေစီပါတီ) မန္တလေး၊စက်တင်ဘာ၂၇-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဓနုအမျိုးသားဒီမိုကရေစီပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးတင်မောင်ဦးကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးတင်မောင်ဦး – ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း ၇နှစ်ဦးရှိပါတယ်။ကျနော်တို့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပဲ တင်တာပါ။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးတင်မောင်ဦး – ဒေသခံတိုင်းရင်းသားလူမျိုးအခွင့်ရေးရရှိဖို့။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးတင်မောင်ဦး – ကျနော်တို့ဒေသခံတိုင်းရင်းသားလူထုကိုပဲ အမှီပြုပြီးတော့ပြိုင်မှာပါ။ ကျနော်တို့မှာ အင်အားတော့နည်းမှာပဲ။ ဓနုအင်အား၊ ပါတီရန်ပုံငွေအင်အားမရှိသလောက်ပဲ၊ ကျနော်တို့တတ်နိုင်သလောက် စွမ်းအားနဲ့ပဲပြိုင်မှာပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးတင်မောင်ဦး – ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကမှ ပါတီကိုထောင်တာ။ အဲ့ဒီတော့အချိန်လည်း သိပ်မရှိခဲ့ဘူး။ အဲ့ဒီတော့၂၀၁၅ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ပါဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်လဲ။ ဦးတင်မောင်ဦး…

Read More

အုတ်ဖိုမြို့မှာနေတဲ့ အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံက ကမ္ဘာအသက်ကြီးဆုံးအမျိုးသမီးထက် အသက် ၁၀ နှစ်ခန့်ကြီးနေ

အုတ်ဖိုမြို့မှာနေတဲ့ အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံက ကမ္ဘာအသက်ကြီးဆုံးအမျိုးသမီးထက် အသက် ၁၀ နှစ်ခန့်ကြီးနေ နေပြည်တော်၊‌စက်တင်ဘာ၂၇-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်ပင်ကန်ကျေးရွာမှာနေတဲ့ အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး(သက်ရှိ)ထက် အသက်ဆယ်နှစ်ခန့်ကြီးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီအမျိုးသမီးဟာ အသက် ၁၂၇ နှစ်အရွယ် ဒေါ်ထွေးဆိုသူဖြစ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်မှာ တရားဝင်မှတ်တမ်းရှိနေသူ ဂျပန်နိုင်ငံက အသက် ၁၁၇နှစ်အရွယ် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး ခါနေတာနာကာထက် အသက် ၁၀နှစ်ကျော်ကြီးနေတဲ့သူဖြစ်ပါတယ်။ မနေ့ စက်တင်ဘာ ၂၆ရက်နေ့မှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မြန်မာ့ အသက်ကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် အသိမှတ်ပြုပြီး ငွေကျပ် ဆယ်သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက ပြောပါတယ်။ အုတ်ဖိုမြို့နယ်၊ သရက်ပင်ကန်ကျေးရွာမှာနေတဲ့ အသက် ၁၂၇ နှစ်အရွယ် အဘွားဒေါ်ထွေးကို မြန်မာသက္ကရာဇ်…

Read More

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်မှိုင်းဆန်း ( လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပုသိမ်ကြီး၊ မဲဆန္ဒနယ် ၂)

ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအောင်မှိုင်းဆန်း ( လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပုသိမ်ကြီး၊ မဲဆန္ဒနယ် ၂) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၂၀၀နီးပါးသေဆုံးပြီး ၁သောင်းနီးပါး ကူးစက်ခံနေရတဲ့ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် ၂ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးအောင်မှိုင်းဆန်း နဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ #အောင်မှိုင်းဆန်း Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊…

Read More

ယာယီရပ်နားထားဖို့ ညွှန်ကြားထားတာကို လိုက်နာမှုမရှိတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ဖမ်းဆီးအရေးယူ

ယာယီရပ်နားထားဖို့ ညွှန်ကြားထားတာကို လိုက်နာမှုမရှိတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ဖမ်းဆီးအရေးယူ မုံရွာ၊ စက်တင်ဘာ ၂၇-၂၀၂၀ ကိုတိုးကြီး (VOM) COVID – 19 ရောဂါကူးဆက်ပြန့်ပွားနေချိန် ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီက ခရီးသည်တင်ယာဉ်လိုင်းတွေ ပြေးဆွဲခွင့်ကို ယာယီရပ်နားထားဖို့ ညွှန့်ကြားထားပေမယ့် ယာဉ်လိုင်းတချို့က လိုက်နာခြင်းမရှိဘဲ ပြေးဆွဲနေတာကြောင့် ဖမ်းဆီးအရေးယူလိုက်ရတယ်လို့ စစ်ကိုင်းတိုင်း ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ(မစက)ရုံးကနေ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂၇မနက်ပိုင်းက မန္တလေး – မုံရွာ – ရေဦး ခရီးစဉ်ကို ကုန်ပစ္စည်းနဲ့ ခရီး ၄ဦး တင်ဆောင်ပြေးဆွဲလာတဲ့ ကားတစ်စီးကို မန္တလေး – မုံရွာမြို့အဝင် ရွာသာအေး COVID–19 စစ်ဆေးရေးဂိတ်မှာ တွေ့ရှိတာကြောင့် ယာဉ်မောင်းဖြစ်သူကို စစ်ကိုင်းတိုင်း(မစက)ဥက္ကဋ္ဌ ဦးရဲထွန်းအောင်က တရားလိုပြုလုပ်ပြီး မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်တန်းအရေးယူခဲ့တာဖြစ်ပါတယ်။ “ ကိုဗစ်ရောဂါ ဒီလောက်ကူးဆက်ပြန့်ပွားနေတာကို…

Read More

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကမ္ဘာလုံးကို လုံလောက်အောင်ဖြန့်ဝေမယ်လို့ ဝန်ကြီးချုပ်မိုဒီ ကတိပြု

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကမ္ဘာလုံးကို လုံလောက်အောင်ဖြန့်ဝေမယ်လို့ ဝန်ကြီးချုပ်မိုဒီ ကတိပြု ဒေလီ၊ စက်တင်ဘာ ၂၇-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံက ထုတ်လုပ်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏဟာ တစ်ကမ္ဘာလုံးအတွက် အလုံအလောက်ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၆ ရက်မှာ ကုလသမဂ္ဂကိုပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကတိပြုပြောဆိုလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးအကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ကာကွယ်ဆေး အလုံအလောက်ရရှိရေးမှာ ကမ္ဘာ့အသိုင်းအဝိုင်းကို နောက်ထပ်အာမခံချက်တစ်ခု ပေးတယ်လို့ မိုဒီကပြောဆိုပါတယ်။ အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုနဲ့ ဖြန့်ဝေနိုင်တဲ့စွမ်းရည်က ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကမ္ဘာ့အသိုင်းအဝိုင်းကို ကူညီဖို့အတွက် အသုံးပြုသွားမယ်လို့ မိုဒီက ပြောပါတယ်။ ကာကွယ်ဆေးဖြန့်ဝေပေးဖို့ လိုအပ်တဲ့ နိုင်ငံတိုင်းအတွက် ဆေးသိုလှောင်ရေးနဲ့ အအေးခန်းတွေပါ ကူညီပေးသွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုကို ဆုံးဖြတ်ဖို့ အကြီးအကျယ်စမ်းသပ်မှုတွေဖြစ်တဲ့ အဆင့်-၃ စမ်းသပ်မှုတွေကို လုပ်ဆောင်နေပြီလို့…

Read More
VOM News

FREE
VIEW