ပါတီမိတ်ဆက်(ဓနုအမျိုးသားဒီမိုကရေစီပါတီ)

ပါတီမိတ်ဆက်(ဓနုအမျိုးသားဒီမိုကရေစီပါတီ)

မန္တလေး၊စက်တင်ဘာ၂၇-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဓနုအမျိုးသားဒီမိုကရေစီပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးတင်မောင်ဦးကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။
ဦးတင်မောင်ဦး – ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း ၇နှစ်ဦးရှိပါတယ်။ကျနော်တို့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပဲ တင်တာပါ။

VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။
ဦးတင်မောင်ဦး – ဒေသခံတိုင်းရင်းသားလူမျိုးအခွင့်ရေးရရှိဖို့။

VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။
ဦးတင်မောင်ဦး – ကျနော်တို့ဒေသခံတိုင်းရင်းသားလူထုကိုပဲ အမှီပြုပြီးတော့ပြိုင်မှာပါ။ ကျနော်တို့မှာ အင်အားတော့နည်းမှာပဲ။ ဓနုအင်အား၊ ပါတီရန်ပုံငွေအင်အားမရှိသလောက်ပဲ၊ ကျနော်တို့တတ်နိုင်သလောက် စွမ်းအားနဲ့ပဲပြိုင်မှာပါ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။
ဦးတင်မောင်ဦး – ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကမှ ပါတီကိုထောင်တာ။ အဲ့ဒီတော့အချိန်လည်း သိပ်မရှိခဲ့ဘူး။ အဲ့ဒီတော့၂၀၁၅ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ပါဘူး။

VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်လဲ။
ဦးတင်မောင်ဦး – အဓိကတော့ တိုင်းရင်းသားလူထု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဓနုဒေသကို ကိုယ်စားပြုနိုင်တဲ့ တိုင်းရင်းသားဒေသလူမျိုးကနေပြီးတော့ ကျနော်တို့ဒေသအကျိုးစီးပွားကိုလိုလားတဲ့ပါတီဝင်တွေ။ ကျနော်တို့ အများပြည်သူရွေးထားတဲ့လူကိုရွေးပါတယ်။

VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။
ဦးတင်မောင်ဦး – အရင်ကများတယ်။ UECကို ကျနော်တို့ ပါတီထောင်တုန်းက ပါတီဝင်အင်အားပေးထားတာရှိတယ်(၁၂၆၀)။ နောက်ပိုင်းဝင်ထားပြီး ကျနော် စီစစ်နေတာလည်းရှိတယ်၊ လက်ခံထားတာလည်းရှိတယ်၊ တရားဝင်UECကို မတင်ပြတဲ့အခါမှာ ကျနော်တို့ပြောလို့မဖြစ်ပါဘူး။

VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။
ဦးတင်မောင်ဦး – အခွင့်အရေးတန်းတူညီမျှရေး။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္(ဓႏုအမ်ိဳးသားဒီမိုကေရစီပါတီ)

မႏၲေလး၊စက္တင္ဘာ၂၇-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ ႏိုဝင္ဘာလ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မယ့္ ဓႏုအမ်ိဳးသားဒီမိုကေရစီပါတီရဲ႕ ဗဟိုဥကၠ႒ ဦးတင္ေမာင္ဦးကို VOMသတင္းေထာက္လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ။
ဦးတင္ေမာင္ဦး – ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ကိုယ္စားလွယ္စုစုေပါင္း ၇ႏွစ္ဦးရွိပါတယ္။က်ေနာ္တို႔က ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကိုပဲ တင္တာပါ။

VOM – ပါတီရဲ႕ကတိကဝတ္ကဘာေတြျဖစ္မလဲ။
ဦးတင္ေမာင္ဦး – ေဒသခံတိုင္းရင္းသားလူမ်ိဳးအခြင့္ေရးရရွိဖို႔။

VOM- အာဏာရပါတီနဲ႔ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ယွဥ္ၿပိဳင္သြားမလဲ။
ဦးတင္ေမာင္ဦး – က်ေနာ္တို႔ေဒသခံတိုင္းရင္းသားလူထုကိုပဲ အမွီျပဳၿပီးေတာ့ၿပိဳင္မွာပါ။ က်ေနာ္တို႔မွာ အင္အားေတာ့နည္းမွာပဲ။ ဓႏုအင္အား၊ ပါတီရန္ပုံေငြအင္အားမရွိသေလာက္ပဲ၊ က်ေနာ္တို႔တတ္ႏိုင္သေလာက္ စြမ္းအားနဲ႔ပဲၿပိဳင္မွာပါ။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာ ဘယ္ႏွေနရာႏိုင္ခဲ့ဖူးပါသလဲ။
ဦးတင္ေမာင္ဦး – ၂၀၁၅ ေ႐ြးေကာက္ပြဲမတိုင္ခင္ကမွ ပါတီကိုေထာင္တာ။ အဲ့ဒီေတာ့အခ်ိန္လည္း သိပ္မရွိခဲ့ဘူး။ အဲ့ဒီေတာ့၂၀၁၅ေ႐ြးေကာက္ပြဲမွာ တစ္ေနရာမွ မႏိုင္ပါဘူး။

VOM -ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းကို ဘယ္လိုေ႐ြးခ်ယ္လဲ။
ဦးတင္ေမာင္ဦး – အဓိကေတာ့ တိုင္းရင္းသားလူထု၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဓႏုေဒသကို ကိုယ္စားျပဳႏိုင္တဲ့ တိုင္းရင္းသားေဒသလူမ်ိဳးကေနၿပီးေတာ့ က်ေနာ္တို႔ေဒသအက်ိဳးစီးပြားကိုလိုလားတဲ့ပါတီဝင္ေတြ။ က်ေနာ္တို႔ အမ်ားျပည္သူေ႐ြးထားတဲ့လူကိုေ႐ြးပါတယ္။

VOM- ပါတီဝင္အင္အားဘယ္ေလာက္ရွိပါသလဲ။
ဦးတင္ေမာင္ဦး – အရင္ကမ်ားတယ္။ UECကို က်ေနာ္တို႔ ပါတီေထာင္တုန္းက ပါတီဝင္အင္အားေပးထားတာရွိတယ္(၁၂၆၀)။ ေနာက္ပိုင္းဝင္ထားၿပီး က်ေနာ္ စီစစ္ေနတာလည္းရွိတယ္၊ လက္ခံထားတာလည္းရွိတယ္၊ တရားဝင္UECကို မတင္ျပတဲ့အခါမွာ က်ေနာ္တို႔ေျပာလို႔မျဖစ္ပါဘူး။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ကဘာျဖစ္မလဲ။
ဦးတင္ေမာင္ဦး – အခြင့္အေရးတန္းတူညီမွ်ေရး။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW