ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကာလမှာ မြစ်ကြီးနားက ရေဘေးသင့်သူတွေ အစုလိုက်ရွှေ့ပြောင်းနေရ

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကာလမှာ မြစ်ကြီးနားက ရေဘေးသင့်သူတွေ အစုလိုက်ရွှေ့ပြောင်းနေရ

မြစ်ကြီးနား၊ စက်တင်ဘာ ၂၈-၂၀၂၀
ရန်အောင်ထွန်း(VOM)

Covid -19 ရောဂါထိန်းချုပ်ရေးကာလမှာ ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် မြစ်ကြီးနားမြို့၊ ရပ်ကွက် ၄ ခုဖြစ်တဲ့ မြို့သစ်ကြီး ၊ လယ်ကုန်းရပ်ကွက် ၊ ရမ်ပူနဲ့ ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်ထောင်စု ၉၇ စုကပြည်သူတွေဟာ မနေ့ စက်တင်ဘာ ၂၇ရက်နေ့ ညနေပိုင်းက မိသားစုလိုက် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတာဖြစ်ပါတယ်။

မြစ်ရေတက်တဲ့အတွက် ပစ္စည်းတွေကို ရေဘေးလွတ်ရာထားခဲ့ပြီး အသိမိတ်ဆွေတွေဆီကို သွားနေကြရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ကတော့ ရေဘေးလွတ်ရာရွှေ့ပြောင်းနေသူတွေကို မာမကဘုန်းတော်ကြီးကျောင်း၊ အေးစေတီရပ်ကွက်က ဘိုးဘွားရိပ်သာ၊ ရမ်ပူရပ်ကွက် ပြည်ရွှေဘိုကျောင်းနဲ့ အထကခွဲ (၁) စာသင်ကျောင်း၊ ကြက်ပေါင်ခြံရပ်ကွက်က ပြည်ခိုင်ဖြိုးရုံးနဲ့ အခြေခံပညာမူလတန်းလွန်ကျောင်းတို့မှာ ကယ်ဆယ်ရေး ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာတော့ ရဘေးသင့်ပြည်သူတွေဆီကို Mask နဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ပေးဝေခဲ့တယ်လို့ သိရပြီး မြစ်ကြီးနားမြို့က အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ဧရာဝတီမြစ်ရေကြီးလို့ နှစ်စဉ် ရေကြီးမှုကြုံနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceomyanmar #VOM #မြစ်ကြီးနား

Zawgyi

ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးကာလမွာ ျမစ္ႀကီးနားက ေရေဘးသင့္သူေတြ အစုလိုက္ေ႐ႊ႕ေျပာင္းေနရ

ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၈-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

Covid -19 ေရာဂါထိန္းခ်ဳပ္ေရးကာလမွာ ဧရာဝတီျမစ္ေရတက္လာတဲ့အတြက္ ျမစ္ႀကီးနားၿမိဳ႕၊ ရပ္ကြက္ ၄ ခုျဖစ္တဲ့ ၿမိဳ႕သစ္ႀကီး ၊ လယ္ကုန္းရပ္ကြက္ ၊ ရမ္ပူနဲ႔ ၾကက္ေပါင္ၿခံရပ္ကြက္ရွိ အိမ္ေထာင္စု ၉၇ စုကျပည္သူေတြဟာ မေန႔ စက္တင္ဘာ ၂၇ရက္ေန႔ ညေနပိုင္းက မိသားစုလိုက္ ေရေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေနရတာျဖစ္ပါတယ္။

ျမစ္ေရတက္တဲ့အတြက္ ပစၥည္းေတြကို ေရေဘးလြတ္ရာထားခဲ့ၿပီး အသိမိတ္ေဆြေတြဆီကို သြားေနၾကရသူေတြလည္း ရွိတယ္လို႔ သိရပါတယ္။

ျပည္နယ္အစိုးရအဖြဲ႕ကေတာ့ ေရေဘးလြတ္ရာေရႊ႕ေျပာင္းေနသူေတြကို မာမကဘုန္းေတာ္ႀကီးေက်ာင္း၊ ေအးေစတီရပ္ကြက္က ဘိုးဘြားရိပ္သာ၊ ရမ္ပူရပ္ကြက္ ျပည္ေ႐ႊဘိုေက်ာင္းနဲ႔ အထကခြဲ (၁) စာသင္ေက်ာင္း၊ ၾကက္ေပါင္ၿခံရပ္ကြက္က ျပည္ခိုင္ၿဖိဳး႐ုံးနဲ႔ အေျခခံပညာမူလတန္းလြန္ေက်ာင္းတို႔မွာ ကယ္ဆယ္ေရး ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၂၇ ရက္ ညေနပိုင္းမွာေတာ့ ရေဘးသင့္ျပည္သူေတြဆီကို Mask နဲ႔ က်န္းမာေရးအတြက္ လိုအပ္တဲ့ပစၥည္းေတြ ေပးေဝခဲ့တယ္လို႔ သိရၿပီး ျမစ္ႀကီးနားၿမိဳ႕က အနိမ့္ပိုင္း ရပ္ကြက္ေတြမွာ ဧရာဝတီျမစ္ေရႀကီးလို႔ ႏွစ္စဥ္ ေရႀကီးမႈႀကဳံေနရတာျဖစ္တယ္လို႕လည္း သိရပါတယ္။

#voiceomyanmar #VOM #ျမစ္ႀကီးနား

Related posts

Leave a Comment

VOM News

FREE
VIEW