ယာယီရပ်နားထားဖို့ ညွှန်ကြားထားတာကို လိုက်နာမှုမရှိတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ဖမ်းဆီးအရေးယူ

ယာယီရပ်နားထားဖို့ ညွှန်ကြားထားတာကို လိုက်နာမှုမရှိတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ဖမ်းဆီးအရေးယူ

မုံရွာ၊ စက်တင်ဘာ ၂၇-၂၀၂၀
ကိုတိုးကြီး (VOM)

COVID – 19 ရောဂါကူးဆက်ပြန့်ပွားနေချိန် ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီက ခရီးသည်တင်ယာဉ်လိုင်းတွေ ပြေးဆွဲခွင့်ကို ယာယီရပ်နားထားဖို့ ညွှန့်ကြားထားပေမယ့် ယာဉ်လိုင်းတချို့က လိုက်နာခြင်းမရှိဘဲ ပြေးဆွဲနေတာကြောင့် ဖမ်းဆီးအရေးယူလိုက်ရတယ်လို့ စစ်ကိုင်းတိုင်း ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ(မစက)ရုံးကနေ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၇မနက်ပိုင်းက မန္တလေး – မုံရွာ – ရေဦး ခရီးစဉ်ကို ကုန်ပစ္စည်းနဲ့ ခရီး ၄ဦး တင်ဆောင်ပြေးဆွဲလာတဲ့ ကားတစ်စီးကို မန္တလေး – မုံရွာမြို့အဝင် ရွာသာအေး COVID–19 စစ်ဆေးရေးဂိတ်မှာ တွေ့ရှိတာကြောင့် ယာဉ်မောင်းဖြစ်သူကို စစ်ကိုင်းတိုင်း(မစက)ဥက္ကဋ္ဌ ဦးရဲထွန်းအောင်က တရားလိုပြုလုပ်ပြီး မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်တန်းအရေးယူခဲ့တာဖြစ်ပါတယ်။

“ ကိုဗစ်ရောဂါ ဒီလောက်ကူးဆက်ပြန့်ပွားနေတာကို ယာဉ်ပိုင်ရှင်တွေက အသိတရားကြီးသင့်တယ်၊ အခုဟာက ခရီးသည် ၄ ဦး ကားပေါ်မှာလိုက်ပါတယ် ၊ ယာယီရပ်နားဖို့ ညွှန်ကြားတာကို ပြေးဆွဲလို့မဟုတ်ဘူး ၊ ခရီးသည်တွေတင်ပြီးပြေးဆွဲလို့ အရေးယူတာ ” လို့ (မစက)ဥက္ကဋ္ဌ ဦးရဲထွန်းအောင်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ စက်တင်ဘာ ၁၆ရက်နေ့ကထုန်ပြန်ထားတဲ့ COVID–19 အမိန့်ညွှန်ကြားစာအရ မော်တော်ယာဉ် အသင်းအားလုံး ပြေးဆွဲခွင့် ယာယီရပ်နားထားဖို့ ညွှန်ကြားထားခဲ့ရာ အဲ့ဒီ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ခရီးသည်တွေတင်ဆောင်ပြေးဆွဲနေတဲ့အတွက် အခုလိုဖမ်းဆီးအရေးယူခြင်းဖြစ်တယ်လို့ သိရပါတယ်။

COVID–19 ရောဂါ ကူးဆက်ပြန့်ပွားမှုမြှင့်လာတာကို ကာကွယ်ဖို့အတွက် ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တွေတင်ဆောင် မပြေးဆွဲကြဖို့ ညွှန်ကြားချက်အမိန့်တွေ ထုတ်ပြန်ထားပေမယ့် အချို့မော်တော်ကားတွေဟာ အခကြေးငွေ ရယူပြီး ခရီးသည်တွေ လိုက်ပါပို့ဆောင်ပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ # ကိုဗစ် #ခရီးသည်တင်ယာဉ်လိုင်း #အရေးယူ

Zawgyi

ယာယီရပ္နားထားဖို႔ ၫႊန္ၾကားထားတာကို လိုက္နာမႈမရွိတဲ့ ခရီးသည္တင္ယာဥ္လိုင္းေတြကို ဖမ္းဆီးအေရးယူ

မုံ႐ြာ၊ စက္တင္ဘာ ၂၇-၂၀၂၀
ကိုတိုးႀကီး (VOM)

COVID – 19 ေရာဂါကူးဆက္ျပန႔္ပြားေနခ်ိန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီက ခရီးသည္တင္ယာဥ္လိုင္းေတြ ေျပးဆြဲခြင့္ကို ယာယီရပ္နားထားဖို႔ ၫႊန႔္ၾကားထားေပမယ့္ ယာဥ္လိုင္းတခ်ိဳ႕က လိုက္နာျခင္းမရွိဘဲ ေျပးဆြဲေနတာေၾကာင့္ ဖမ္းဆီးအေရးယူလိုက္ရတယ္လို႔ စစ္ကိုင္းတိုင္း ပုဂၢလိကေမာ္ေတာ္ယာဥ္မ်ား စနစ္တက်ေျပးဆြဲေရး ေကာ္မတီ(မစက)႐ုံးကေန သိရပါတယ္။

ဒီကေန႔ စက္တင္ဘာ ၂၇မနက္ပိုင္းက မႏၲေလး – မုံ႐ြာ – ေရဦး ခရီးစဥ္ကို ကုန္ပစၥည္းနဲ႔ ခရီး ၄ဦး တင္ေဆာင္ေျပးဆြဲလာတဲ့ ကားတစ္စီးကို မႏၲေလး – မုံ႐ြာၿမိဳ႕အဝင္ ႐ြာသာေအး COVID–19 စစ္ေဆးေရးဂိတ္မွာ ေတြ႕ရွိတာေၾကာင့္ ယာဥ္ေမာင္းျဖစ္သူကို စစ္ကိုင္းတိုင္း(မစက)ဥကၠ႒ ဦးရဲထြန္းေအာင္က တရားလိုျပဳလုပ္ၿပီး မုံ႐ြာၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ တိုင္တန္းအေရးယူခဲ့တာျဖစ္ပါတယ္။

“ ကိုဗစ္ေရာဂါ ဒီေလာက္ကူးဆက္ျပန႔္ပြားေနတာကို ယာဥ္ပိုင္ရွင္ေတြက အသိတရားႀကီးသင့္တယ္၊ အခုဟာက ခရီးသည္ ၄ ဦး ကားေပၚမွာလိုက္ပါတယ္ ၊ ယာယီရပ္နားဖို႔ ၫႊန္ၾကားတာကို ေျပးဆြဲလို႔မဟုတ္ဘူး ၊ ခရီးသည္ေတြတင္ၿပီးေျပးဆြဲလို႔ အေရးယူတာ ” လို႔ (မစက)ဥကၠ႒ ဦးရဲထြန္းေအာင္က ေျပာပါတယ္။

ဒါ့အျပင္ စစ္ကိုင္းတိုင္း COVID – 19 ထိန္းခ်ဳပ္ေရးႏွင့္ တုန႔္ျပန္ေရးေကာ္မတီရဲ႕ စက္တင္ဘာ ၁၆ရက္ေန႔ကထုန္ျပန္ထားတဲ့ COVID–19 အမိန႔္ၫႊန္ၾကားစာအရ ေမာ္ေတာ္ယာဥ္ အသင္းအားလုံး ေျပးဆြဲခြင့္ ယာယီရပ္နားထားဖို႔ ၫႊန္ၾကားထားခဲ့ရာ အဲ့ဒီ ၫႊန္ၾကားခ်က္ကို လိုက္နာျခင္းမရွိဘဲ ခရီးသည္ေတြတင္ေဆာင္ေျပးဆြဲေနတဲ့အတြက္ အခုလိုဖမ္းဆီးအေရးယူျခင္းျဖစ္တယ္လို႔ သိရပါတယ္။

COVID–19 ေရာဂါ ကူးဆက္ျပန႔္ပြားမႈျမႇင့္လာတာကို ကာကြယ္ဖို႔အတြက္ ယာဥ္လိုင္းေတြအေနနဲ႔ ခရီးသည္ေတြတင္ေဆာင္ မေျပးဆြဲၾကဖို႔ ၫႊန္ၾကားခ်က္အမိန႔္ေတြ ထုတ္ျပန္ထားေပမယ့္ အခ်ိဳ႕ေမာ္ေတာ္ကားေတြဟာ အခေၾကးေငြ ရယူၿပီး ခရီးသည္ေတြ လိုက္ပါပို႔ေဆာင္ေပးေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မုံ႐ြာ # ကိုဗစ္ #ခရီးသည္တင္ယာဥ္လိုင္း #အေရးယူ

Related posts

Leave a Comment

VOM News

FREE
VIEW