ရန်ကုန်မှာ မြို့နယ်တစ်ခုကနေ တစ်ခုကို အကြောင်းမရှိ နယ်ကျော်သွားနေတဲ့ မော်တော်ယာဉ်နဲ့လူတွေကို စစ်ဆေးနေတဲ့အတွက် အခက်အခဲတွေရှိနေ

ရန်ကုန်မှာ မြို့နယ်တစ်ခုကနေ တစ်ခုကို အကြောင်းမရှိ နယ်ကျော်သွားနေတဲ့ မော်တော်ယာဉ်နဲ့လူတွေကို စစ်ဆေးနေတဲ့အတွက် အခက်အခဲတွေရှိနေ

ရန်ကုန်၊ စက်တင်ဘာ၂၇-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုကနေ တစ်ခုကို အကြောင်းမရှိဘဲ မြို့နယ်ကျော်သွားနေတဲ့ မော်တော်ယာဉ်တွေနဲ့ လူတွေကို ဒီကနေ့မနက်ပိုင်းကစပြီး စစ်ဆေးနေတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

” အိမ်စီးကားတွေအနေနဲ့ကတော့ ဘာမှမဖြစ်ဘူး၊ သိပ်မထူးခြားဘူး၊ အရင်ကတည်းက ထွက်လို့မရတော့လေ ။ ဒါပေမယ့် လုပ်ငန်းလုပ်နေတဲ့ကားတွေဖြစ်တဲ့ ရေသန့်ကားတို့၊ ကုမ္ပဏီကားတို့က ပစ္စည်းပို့နေတဲ့အခါကျတော့ အခက်အခဲ ဖြစ်မှာပေါ့ ။ သူတို့တွေက ဘယ်လိုလျှောက်လို့လျှောက်ရမှန်းမသိ၊ ဘယ်လိုသွားရမှန်းမသိဖြစ်နေတာလေ”လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ကိုသိန်းဆွေက ပြောပါတယ် ။

အဲ့ဒီလို စစ်ဆေးနေမူကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့မီးသတ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အဖွဲ့တွေက ပူးးပေါင်းစစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။

“လက်ရှိထုတ်ပြန်ထားတဲ့ Stay at Home အမိန့်ထဲမှာ နယ်မြေကျော်ပြီး မော်တော်ယာဉ်တွေဖြတ်သန်းသွားလာခွင့်မပြုဘူးဆိုတာ ပါပြီးသား။ တချို့မြို့နယ်တွေကတော့ ဒီနေ့ကစပြီးတော့ ယာဉ်ထိန်းရဲ၊ မီးသတ်တို့နဲ့အတူတူ နယ်မြေကျော်တဲ့ကားတွေကို ပေးမသွားဘဲ ပြန်လွှတ်တာတွေလုပ်နေတယ်။ သတ်မှတ်ထားတဲ့ ကားတွေ၊ ဥပမာ-အစိုးရကိစ္စနဲ့ သွားတဲ့ကားတွေ၊ ပုဂ္ဂလိကဆိုလည်း မဖြစ်မနေလုပ်ကိုင်ခွင့်ပြုထားတဲ့ကားတွေ သွားလို့ရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကားတွေ သွားလို့ရတယ်။ သိပ်အရေးကြီးတဲ့အကြောင်းအရာမဟုတ်တဲ့ကားတွေ သွားလို့မရဘူး။ အလည်အပတ်သွားတဲ့ကားတွေပေါ့ အဲဒါတွေဆိုရင်တော့ ပြန်လွှတ်ပါတယ်”လို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

စစ်ဆေးတဲ့အခါမှာလည်း အမှန်တကယ်မြို့နယ်ကျော်သွားလာဖို့လိုအပ်တဲ့ အထောက်အထားတွေကိုပြသနိုင်မှသာ သွားလာခွင့်ပြုနေတာဖြစ်ပါတယ်။

တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးနေမျိုးလင်းကလည်း “အခုလောလောဆယ် တာမွေဈေးရှေ့မှာ ထွေအုပ်၊ ရဲတွေ၊ ယာဉ်ထိန်းတွေပေါင်းစစ်နေပါတယ်။ ကိုယ့်မြို့နယ်အတွင်းကနေ အခြားမြို့နယ်ကို အကြောင်းမရှိဘဲ သွားလို့ရမဘူး။ ဒီလိုထိန်းချုပ်မှရမယ်။ အခုဟာက ပုံမှန်အတိုင်းတွေသွားလာနေကြတွေရှိနေတော့။ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုကလည်း များတဲ့အနေအထားဖြစ်နေတယ်။ ဒါကြောင့် မလိုအပ်ဘဲ အပြင်မသွားဖို့အတွက် ဒီလိုထိန်းချုပ်ဖို့လိုပါတယ်” လို့ ပြောပါတယ်။

အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ဒု-ရဲမှူး ဆန်းထွန်းကလည်း ” ကိုဗစ်ကော်မတီက ကြေငြာထားတယ်။ ဆေးဝယ်ရင် ဘယ်နှယောက်ထွက်ရမယ်၊ ဈေးဝယ်ရင် ဘယ်နှယောက်ထွက်ရမယ်ဆိုတာ ကန့်သတ်ချက်တွေပါတယ်။ အဲ့ဒီ ကန့်သတ်ချက်တွေအတိုင်း စစ်နေတာပါ။ ပညာပေးတာတော့ မဟုတ်ဘူး။ ကိုဗစ်ကာလ ကြေငြာချက်တွေ အကျိုးဝင်တဲ့အထိ လုပ်ဆောင်သွားမှာပါ”လို့ပြောပါတယ် ။

အခုလို ကန့်သတ်စစ်ဆေးနေတဲ့နေရာမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးဖြစ်တဲ့ YBS ကားတွေမပါဘဲ ခရီးသွားတွေကတော့ Stay Home ကာလမှာ ဘယ်လိုသွားလာရတယ် ဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားတဲ့အတိုင်း သွားလာလို့ရပါတယ်လို့ Power Elevenကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေးက အကြံပြုပြောဆိုထားတာဖြစ်ပါတယ်။

Photo – Min Myo
#voiceomyanmar #VOM #ရန်ကုန် #ကိုဗစ် #သွားလာမှုစစ်ဆေး

Zawgyi

ရန္ကုန္မွာ ၿမိဳ႕နယ္တစ္ခုကေန တစ္ခုကို အေၾကာင္းမရွိ နယ္ေက်ာ္သြားေနတဲ့ ေမာ္ေတာ္ယာဥ္နဲ႔လူေတြကို စစ္ေဆးေနတဲ့အတြက္ အခက္အခဲေတြရွိေန

ရန္ကုန္၊ စက္တင္ဘာ၂၇-၂၀၂၀
ယဥ္ပပထြန္း(VOM)

ရန္ကုန္တိုင္းအတြင္း ျမို႔နယ္တစ္ခုကေန တစ္ခုကို အေၾကာင္းမရွိဘဲ ၿမိဳ႕နယ္ေက်ာ္သြားေနတဲ့ ေမာ္ေတာ္ယာဥ္ေတြန႔ဲ လူေတြကို ဒီကေန ့မနက္ပိုင္းကစျပီး စစ္ေဆးေနတဲ့အတြက္ အခက္အခဲေတြရွိေနတယ္လို႔ သိရပါတယ္။

” အိမ္စီးကားေတြအေနနဲ႔ကေတာ့ ဘာမွမျဖစ္ဘူး၊ သိပ္မထူးျခားဘူး၊ အရင္ကတည္းက ထြက္လို႔မရေတာ့ေလ ။ ဒါေပမယ့္ လုပ္ငန္းလုပ္ေနတဲ့ကားေတြျဖစ္တဲ့ ေရသန္႔ကားတို႔၊ ကုမၸဏီကားတို ့က ပစၥည္းပို့ေနတဲ့အခါက်ေတာ့ အခက္အခဲ ျဖစ္မွာေပါ့ ။ သူတို ့ေတြက ဘယ္လိုေလ်ွာက္လို ့ေလ်ွာက္ရမွန္းမသိ၊ ဘယ္လိုသြားရမွန္းမသိျဖစ္ေနတာေလ”လို႔ သဃၤန္းကြ်န္းျမိဳ ့နယ္မွာေနထိုင္တဲ့ ကိုသိန္းေဆြက ေျပာပါတယ္ ။

အဲ့ဒီလို စစ္ေဆးေနမူကို သက္ဆိုင္ရာၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔နဲ ့မီးသတ္တပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ အဖြဲ႕ေတြက ပူးးေပါင္းစစ္ေဆးေနတာျဖစ္တယ္လို ့သိရပါတယ္။

“လက္ရွိထုတ္ျပန္ထားတဲ့ Stay at Home အမိန႔္ထဲမွာ နယ္ေျမေက်ာ္ၿပီး ေမာ္ေတာ္ယာဥ္ေတြျဖတ္သန္းသြားလာခြင့္မျပဳဘူးဆိုတာ ပါၿပီးသား။ တခ်ိဳ႕ၿမိဳ႕နယ္ေတြကေတာ့ ဒီေန႔ကစၿပီးေတာ့ ယာဥ္ထိန္းရဲ၊ မီးသတ္တို႔နဲ႔အတူတူ နယ္ေျမေက်ာ္တဲ့ကားေတြကို ေပးမသြားဘဲ ျပန္လႊတ္တာေတြလုပ္ေနတယ္။ သတ္မွတ္ထားတဲ့ ကားေတြ၊ ဥပမာ-အစိုးရကိစၥနဲ႔ သြားတဲ့ကားေတြ၊ ပုဂၢလိကဆိုလည္း မျဖစ္မေနလုပ္ကိုင္ခြင့္ျပဳထားတဲ့ကားေတြ သြားလို႔ရပါတယ္။ က်န္းမာေရးနဲ႔ပတ္သက္တဲ့ကားေတြ သြားလို႔ရတယ္။ သိပ္အေရးႀကီးတဲ့အေၾကာင္းအရာမဟုတ္တဲ့ကားေတြ သြားလို႔မရဘူး။ အလည္အပတ္သြားတဲ့ကားေတြေပါ့ အဲဒါေတြဆိုရင္ေတာ့ ျပန္လႊတ္ပါတယ္”လို႔ မဂၤလာေတာင္ညြန႔္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ေျပာပါတယ္။

စစ္ေဆးတဲ့အခါမွာလည္း အမွန္တကယ္ၿမိဳ႕နယ္ေက်ာ္သြားလာဖို႔လိုအပ္တဲ့ အေထာက္အထားေတြကိုျပသနိုင္မွသာ သြားလာခြင့္ျပဳေနတာျဖစ္ပါတယ္။

တာေမြၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌဦးေနမ်ိဳးလင္းကလည္း “အခုေလာေလာဆယ္ တာေမြေစ်းေရွ႕မွာ ေထြအုပ္၊ ရဲေတြ၊ ယာဥ္ထိန္းေတြေပါင္းစစ္ေနပါတယ္။ ကိုယ့္ၿမိဳ႕နယ္အတြင္းကေန အျခားၿမိဳ႕နယ္ကို အေၾကာင္းမရွိဘဲ သြားလို႔ရမဘူး။ ဒီလိုထိန္းခ်ဳပ္မွရမယ္။ အခုဟာက ပုံမွန္အတိုင္းေတြသြားလာေနၾကေတြရွိေနေတာ့။ ကိုဗစ္အတည္ျပဳလူနာေတြ႕ရွိမႈကလည္း မ်ားတဲ့အေနအထားျဖစ္ေနတယ္။ ဒါေၾကာင့္ မလိုအပ္ဘဲ အျပင္မသြားဖို႔အတြက္ ဒီလိုထိန္းခ်ဳပ္ဖို႔လိုပါတယ္” လို႔ ေျပာပါတယ္။

အမွတ္ (၂) ယာဥ္ထိန္းရဲတပ္ဖြဲ ့ဒု-ရဲမွဴး ဆန္းထြန္းကလည္း ” ကိုဗစ္ေကာ္မတီက ေၾကျငာထားတယ္။ ေဆးဝယ္ရင္ ဘယ္ႏွေယာက္ထြက္ရမယ္၊ ေစ်းဝယ္ရင္ ဘယ္ႏွေယာက္ထြက္ရမယ္ဆိုတာ ကန္႔သတ္ခ်က္ေတြပါတယ္။ အဲ့ဒီ ကန္႔သတ္ခ်က္ေတြအတိုင္း စစ္ေနတာပါ။ ပညာေပးတာေတာ့ မဟုတ္ဘူး။ ကိုဗစ္ကာလ ေၾကျငာခ်က္ေတြ အက်ိဳးဝင္တဲ့အထိ လုပ္ေဆာင္သြားမွာပါ”လုိ ့ေျပာပါတယ္ ။

အခုလို ကန္ ့သတ္စစ္ေဆးေနတဲ့ေနရာမွာ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးျဖစ္တဲ့ YBS ကားေတြမပါဘဲ ခရီးသြားေတြကေတာ့ Stay Home ကာလမွာ ဘယ္လိုသြားလာရတယ္ ဆိုတာ က်န္းမာေရးဝန္ၾကီးဌာနက ေၾကျငာထားတဲ့အတိုင္း သြားလာလို ့ရပါတယ္လို႔ Power Elevenကုမၸဏီက မန္ေနဂ်င္းဒါရိုက္တာ ကိုတ႐ုတ္ေလးက အၾကံျပဳေျပာဆိုထားတာျဖစ္ပါတယ္။

Photo – Min Myo
#voiceomyanmar #VOM #ရန္ကုန္ #ကိုဗစ္ #သြားလာမႈစစ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW