ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာကကူညီဖို့ ကုလသမဂ္ဂမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာကကူညီဖို့ ကုလသမဂ္ဂမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

ဒါကာ၊ စက်တင်ဘာ၂၇-၂၀၂၀
မျိုးဆက်(VOM)

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့ရေးအတွက် နိုင်ငံတကာအနေနဲ့ ဒီထက်ပိုပြီး ကူညီဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကုလသမဂ္ဂအထွေထွေညီလာခံကို ပေးပို့တဲ့ ရုပ်သံမိန့်ခွန်းတစ်ရပ်မှာ တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာတော့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားပြီး အများစုကတော့ ၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးအပြီးမှာ ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။

ဒုက္ခသည်တွေကို လက်ခံထားသည်မှာ သုံးနှစ်ကျော်ရှိလာပေမယ့် ရိုဟင်ဂျာတစ်ဦးတစ်ယောက်ကိုမှ နေရပ်ပြန်မပို့နိုင်သေးကြောင်း၊ ဒီပြသနာကို မြန်မာဘက်ကဖန်တီးတဲ့အတွက် ဖြေရှင်းဖို့ကိုလည်း မြန်မာနိုင်ငံကသာ လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ် ဟာစီနာက ဆိုပါတယ်။

ဒီပြသနာကို ဖြေရှင်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍကနေပါဝင်ပေးဖို့ မေတ္တာရပ်ခံကြောင်း စက်တင်ဘာ ၂၆ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ သူကဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးထိခိုက်ခဲ့ပေမယ့် စက်မှုကဏ္ဍနဲ့ လူမှုဖူလုံရေးကဏ္ဍတွေမှာ ဒေါ်လာ ၁၃ ဒဿမ ၂၅ ဘီလီယံတန်ဖိုးရှိ ပြန်လည်တိုးတက်စေရေးအစီအစဉ်ကဲ့သို့သော လူနေမှုဘဝနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို အာဏာပိုင်တွေက ဦးစားပေးအကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ရှိတ်ဟာစီနာက ကုလသမဂ္ဂမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Ref:UN News
Photo: UN Photo (Evan Schneider)
#voiceofmyanmar #VOM #ဒါကာ

Zawgyi

ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး နုိင္ငံတကာကကူညီဖို႔ ကုလသမဂၢမွာ ဘဂၤလားေဒ႔ရွ္၀န္ၾကီးခ်ဳပ္ ေတာင္းဆို

ဒါကာ၊ စက္တင္ဘာ၂၇-၂၀၂၀
မ်ိဳးဆက္(VOM)

ရိုဟင္ဂ်ာဒုကၡသည္ေတြကို ျမန္မာနိုင္ငံျပန္ပို႔ေရးအတြက္ နိုင္ငံတကာအေနနဲ႔ ဒီထက္ပိုျပီး ကူညီေဆာင္ရြက္ေပးဖို႔ ဘဂၤလားေဒ႔ရွ္၀န္ၾကီးခ်ဳပ္ ရွိတ္ဟာစီနာက ကုလသမဂၢအေထြေထြညီလာခံကို ေပးပို႔တဲ႔ ရုပ္သံမိန္႔ခြန္းတစ္ရပ္မွာ ေတာင္းဆိုလိုက္ပါတယ္။

ဘဂၤလားေဒ႔ရွ္ဟာ လက္ရိွမွာေတာ႔ ရိုဟင္ဂ်ာဒုကၡသည္ တစ္သန္းေက်ာ္ကို လက္ခံထားျပီး အမ်ားစုကေတာ႔ ၂၀၁၇ ခုနွစ္မွာျဖစ္ပြားခဲ႔တဲ႔ ရခိုင္ျပည္နယ္အေရးအျပီးမွာ ထြက္ေျပးလာၾကသူေတြျဖစ္ပါတယ္။

ဒုကၡသည္ေတြကို လက္ခံထားသည္မွာ သံုးနွစ္ေက်ာ္ရိွလာေပမယ္႔ ရိုဟင္ဂ်ာတစ္ဦးတစ္ေယာက္ကိုမွ ေနရပ္ျပန္မပို႔နိုင္ေသးေၾကာင္း၊ ဒီျပသနာကို ျမန္မာဘက္ကဖန္တီးတဲ႔အတြက္ ေျဖရွင္းဖို႔ကိုလည္း ျမန္မာနုိင္ငံကသာ လုပ္ေဆာင္ရမယ္လို႔ ၀န္ၾကီးခ်ဳပ္ ဟာစီနာက ဆိုပါတယ္။

ဒီျပသနာကို ေျဖရွင္းေရးအတြက္ နို္င္ငံတကာအသိုင္းအ၀ိုင္းအေနျဖင္႔ ပိုမိုထိေရာက္တဲ႔ အခန္းက႑ကေနပါ၀င္ေပးဖို႔ ေမတၱာရပ္ခံေၾကာင္း စက္တင္ဘာ ၂၆ ရက္က ေျပာၾကားတဲ႔ မိန္႔ခြန္းမွာ သူကဆိုပါတယ္။

ကိုဗစ္-၁၉ ေရာဂါေၾကာင္႔ ဘဂၤလားေဒ႔ရွ္နိုင္ငံရဲ႕ စီးပြားေရးထိခိုက္ခဲ႔ေပမယ္႔ စက္မႈက႑နဲ႔ လူမႈဖူလံုေရးက႑ေတြမွာ ေဒၚလာ ၁၃ ဒႆမ ၂၅ ဘီလီယံတန္ဖိုးရိွ ျပန္လည္တိုးတက္ေစေရးအစီအစဥ္ကဲ႔သို႔ေသာ လူေနမႈဘ၀နဲ႔ အသက္ေမြး၀မ္းေက်ာင္းလုပ္ငန္းေတြကို အာဏာပိုင္ေတြက ဦးစားေပးအေကာင္အထည္ေဖာ္ႏိုင္ခဲ႔တယ္လို႔ ရိွတ္ဟာစီနာက ကုလသမဂၢမွာ ေျပာဆိုခဲ႔တာျဖစ္ပါတယ္။

Ref:UN News
Photo: UN Photo (Evan Schneider)
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW