ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၁၃ဦးထိ ဖမ်းဆီးခံထားရ

ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၁၃ဦးထိ ဖမ်းဆီးခံထားရ

ပခုက္ကူ၊ စက်တင်ဘာ ၂၇-၂၀၂၀
နေလင်းဖြူ+ဟိန်းကို(VOM)

ပခုက္ကူမြို့မှာ ဒီကနေ့ စက်တင်ဘာ၂၇ရက် ညနေပိုင်းက ပခုက္ကူမြို့နယ် ဗကသများအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံး(ယာယီ)တည်ရှိရာ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးအတွင်းမှာရှိနေတဲ့ သမဂ္ဂကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပခုက္ကူတက္ကသိုလ်သမဂ္ဂအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မန္တလေးမြို့မှာ စက်တင်ဘာ ၁၀ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရက္ခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေးဆန္ဒပြမှုနှင့်ပတ်သက်ပြီး ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ပခုက္ကူနည်းပညာတက္ကသိုလ် သမဂ္ဂအဖွဲ့ဝင် ကိုသာထက်အောင်ကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကတော့ ကိုညီညီမင်းထက်ဝေ (ပညာရေးတက္ကသိုလ်/ကောလိပ်များဆိုင်ရာအတွင်းရေးမှူး /ဗကသများအဖွဲ့ချုပ်- ဥက္ကဌ / ကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီ)၊ ကိုအောင်ခိုင်မင်း – ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုရှိုင်းဝဏ္ဏအောင် – အတွင်းရေးမှူး / ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုဟိန်းထက်အောင် – သတင်းနှင့်ပြန်ကြားရေး/ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုလှထွန်းအောင် – ဒု-ဥက္ကဌ/ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကိုသုတညီညီ – အထွေထွေအတွင်းရေးမှူး/မန္တလေးသမဝါယမကောလိပ်ကျောင်းသားသမဂ္ဂတို့ ခြောက်ဦးကိုကျောင်းတွင်းကို ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကနေ့ ပခုက္ကူမှာ ညနေပိုင်းမှာ မန္တလေးတိုင်းကရဲတွေက ပခုက္ကူတက္ကသိုလ်ထဲက ပါချုပ်ကိုတောင် ခွင့်မတောင်းဘဲနဲ့ ကျောင်းသားသမဂ္ဂရုံးခန်းထဲကို ဝင်ဖမ်းတာပေါ့နော်၊ ကျောင်းသား ၆ယောက်ကို ကျောင်းထဲမှာဖမ်းခဲ့တယ်၊ ကျန်တဲ့ ၁ယောက်ကို ပခုက္ကူမြို့ထဲမှာ လိုက်ဖမ်းရင်းနဲ့ မိသွားတယ်”လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ-၁ ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။

ပခုက္ကူမြို့တွင်းမှာ ဖမ်းဆီးခံရတဲ့ သမဂ္ဂကျောင်းသားတစ်ဦးကတော့ ဗကသများအဖွဲ့ချုပ်ရဲ့ (ဥက္ကဋ္ဌဟောင်း) ကိုသက်မောင်မောင်ဆိုသူဖြစ်ပြီး စုစုပေါင်းကျောင်းသား ၇ ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေဟာ ရခိုင်ပြည်နယ်ဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရက်တွေကို ရပ်တန့်ပေးဖို့အတွက် လှုပ်ရှားမှုတွေပြုလုပ်ရာမှာ လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ ကျောင်းသားဦးရေ ၁၃ ဦး နဲ့ ထွက်ပြေးတိမ်းရှောင်နေရသူ ၃၀ဦးထိရှိပြီဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်ကနေသိရပါတယ်။

ရန်ကုန်မြို့က ဗကသအဖွဲ့ဝင်အချို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အာမခံနဲ့ပြန်လွှတ်ပေးတာလည်းရှိတဲ့အပြင် စက်တင်ဘာ ၂၄ရက်နေ့ကလည်း မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်က ဗကသကျောင်းသား ကိုမျိုးချစ်ဇော်ကို ငြိမ်းစုစီပုဒ်မ-၁၉နဲ့ ထောင်ဒဏ် ၁လ ချခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၅ရက်နေ့က မန္တလေး ဈေးချိုနာရီစင်ရှေ့မှာ ရခိုင်အရေး ထပ်မံလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဗကသကျောင်းသား ၃ ဦးကိုလည်း ငြိမ်းစုစီပုဒ်မ-၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)(ခ)တို့နဲ့ အရေးယူဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဗကသကျောင်းသား

Zawgyi

ရခိုင္အေရးလႈပ္ရွားမႈျပဳလုပ္ခဲ့ၾကတဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ေက်ာင္းသား ၁၃ဦးထိ ဖမ္းဆီးခံထားရ

ပခုကၠဴ၊ စက္တင္ဘာ ၂၇-၂၀၂၀
ေနလင္းျဖဴ+ဟိန္းကို(VOM)

ပခုကၠဴၿမိဳ႕မွာ ဒီကေန႔ စက္တင္ဘာ၂၇ရက္ ညေနပိုင္းက ပခုကၠဴၿမိဳ႕နယ္ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုဌာနခ်ဳပ္႐ုံး(ယာယီ)တည္ရွိရာ ပခုကၠဴတကၠသိုလ္ေက်ာင္းသားသမဂၢအေဆာက္အဦးအတြင္းမွာရွိေနတဲ့ သမဂၢေက်ာင္းသားေတြကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးခဲ့တယ္လို႔ ပခုကၠဴတကၠသိုလ္သမဂၢအဖြဲ႕ဝင္ေတြဆီကေန သိရပါတယ္။

မႏၲေလးၿမိဳ႕မွာ စက္တင္ဘာ ၁၀ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ရကၡိဳင္ျပည္နယ္ၿငိမ္းခ်မ္းေရး၊ စစ္ဆန႔္က်င္ေရးဆႏၵျပမႈႏွင့္ပတ္သက္ၿပီး ဝင္ေရာက္ဖမ္းဆီးတာျဖစ္တယ္လို႔ ပခုကၠဴနည္းပညာတကၠသိုလ္ သမဂၢအဖြဲ႔ဝင္ ကိုသာထက္ေအာင္ကေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ ေက်ာင္းသားေတြကေတာ့ ကိုညီညီမင္းထက္ေဝ (ပညာေရးတကၠသိုလ္/ေကာလိပ္မ်ားဆိုင္ရာအတြင္းေရးမႉး /ဗကသမ်ားအဖြဲ႕ခ်ဳပ္- ဥကၠဌ / ေကာလိပ္ေက်ာင္းသားသမဂၢမ်ားကိုယ္စားျပဳေကာ္မတီ)၊ ကိုေအာင္ခိုင္မင္း – ပခုကၠဴတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္)၊ ကိုရႈိင္းဝဏၰေအာင္ – အတြင္းေရးမႉး / ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္)၊ ကိုဟိန္းထက္ေအာင္ – သတင္းႏွင့္ျပန္ၾကားေရး/ပခုကၠဴတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္)၊ ကိုလွထြန္းေအာင္ – ဒု-ဥကၠဌ/ပခုကၠဴတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္)၊ ကိုသုတညီညီ – အေထြေထြအတြင္းေရးမႉး/မႏၲေလးသမဝါယမေကာလိပ္ေက်ာင္းသားသမဂၢတို႔ ေျခာက္ဦးကိုေက်ာင္းတြင္းကို ဝင္ေရာက္ဖမ္းဆီးသြားတာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီကေန႔ ပခုကၠဴမွာ ညေနပိုင္းမွာ မႏၲေလးတိုင္းကရဲေတြက ပခုကၠဴတကၠသိုလ္ထဲက ပါခ်ဳပ္ကိုေတာင္ ခြင့္မေတာင္းဘဲနဲ႔ ေက်ာင္းသားသမဂၢရံုးခန္းထဲကို ဝင္ဖမ္းတာေပါ့ေနာ္၊ ေက်ာင္းသား ၆ေယာက္ကို ေက်ာင္းထဲမွာဖမ္းခဲ့တယ္၊ က်န္တဲ့ ၁ေယာက္ကို ပခုကၠဴၿမိဳ႔ထဲမွာ လိုက္ဖမ္းရင္းနဲ႔ မိသြားတယ္”လို႔ ဗကသမ်ားအဖြဲ႔ခ်ဳပ္ ဒုဥကၠ႒-၁ ကိုေအာင္ျပည္႔စံုျဖဳိးကေျပာပါတယ္။

ပခုကၠဴၿမိဳ႔တြင္းမွာ ဖမ္းဆီးခံရတဲ့ သမဂၢေက်ာင္းသားတစ္ဦးကေတာ့ ဗကသမ်ားအဖြဲ႔ခ်ဳပ္ရဲ႔ (ဥကၠ႒ေဟာင္း) ကိုသက္ေမာင္ေမာင္ဆိုသူျဖစ္ၿပီး စုစုေပါင္းေက်ာင္းသား ၇ ဦးကိုဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္က ေက်ာင္းသားေတြဟာ ရခိုင္ျပည္နယ္ျဖစ္ေနတဲ့ အၾကမ္းဖက္လုပ္ရက္ေတြကို ရပ္တန႔္ေပးဖို႔အတြက္ လႈပ္ရွားမႈေတြျပဳလုပ္ရာမွာ လက္ရွိအခ်ိန္ထိ ရဲတပ္ဖြဲ႕ကဖမ္းဆီးထားတဲ့ ေက်ာင္းသားဦးေရ ၁၃ ဦး နဲ႔ ထြက္ေျပးတိမ္းေရွာင္ေနရသူ ၃၀ဦးထိရွိၿပီျဖစ္တယ္လို႔ ဗကသမ်ားအဖြဲ႕ခ်ဳပ္ကေနသိရပါတယ္။

ရန္ကုန္ၿမိဳ႔က ဗကသအဖြဲ႔ဝင္အခ်ိ္ဳ႔ကိုလည္း ရဲတပ္ဖြဲ႔က ဖမ္းဆီးစစ္ေဆးၿပီး အာမခံန႔ဲျပန္လႊတ္ေပးတာလည္းရွိတဲ့အျပင္ စက္တင္ဘာ ၂၄ရက္ေန႔ကလည္း မႏၲေလးၿမိဳ႔၊ ရတနာပံုတကၠသိုလ္က ဗကသေက်ာင္းသား ကိုမ်ိဳးခ်စ္ေဇာ္ကို ၿငိမ္းစုစီပုဒ္မ-၁၉နဲ႔ ေထာင္ဒဏ္ ၁လ ခ်ခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ စက္တင္ဘာ ၂၅ရက္ေန႕က မႏၲေလး ေစ်းခ်ိဳနာရီစင္ေရွ႕မွာ ရခိုင္အေရး ထပ္မံလႈပ္ရွားမႈျပဳလုပ္ခဲ့တဲ့ ဗကသေက်ာင္းသား ၃ ဦးကိုလည္း ၿငိမ္းစုစီပုဒ္မ-၁၉၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ-၅၀၅(က)(ခ)တို႔နဲ႔ အေရးယူဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပခုကၠဴ #ဗကသေက်ာင္းသား

Related posts

Leave a Comment

VOM News

FREE
VIEW