စစ်ကိုင်းမြို့အတွင်း ခရီးသွားထောက်ခံချက် မပါသူတွေကို ဝင်ခွင့်မပြု

စစ်ကိုင်းမြို့အတွင်း ခရီးသွားထောက်ခံချက် မပါသူတွေကို ဝင်ခွင့်မပြု

စစ်ကိုင်း၊ စက်တင်ဘာ ၂၇ -၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့အဝင် ဧရာဝတီတံတား(ရတနာပုံ)အဆင်းမှာရှိတဲ့ Covid-19ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံနဲ့ ခရီးသွားပြည်သူတွေ ခရီးသွားထောက်ခံချက်ပါ၊မပါ စစ်ဆေးမှုတွေပြုလုပ်နေကာ ခရီးသွားထောက်ခံချက်မပါသူတွေကို စစ်ကိုင်းမြို့အတွင်းဝင်ခွင့်မပြုဘူးလို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသော်တာထက်ကပြောပါတယ်။

”ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်ကနေပြီးတော့ ခရီးသွားလာခွင့် ထောက်ခံချက်ပါမှသာ ကျွန်တော်တို့ ဖြတ်သန်းသွားလာခွင့် ပေးတော့တယ်၊ ထောက်ခံချက်မပါတဲ့သူတွေကို ဖြတ်သန်းသွားလာခွင့် မပြုဘူး။ နောက်တစ်ခုက Stay At Home မြို့နယ်တွေက လာမယ်ဆိုရင်Stay At Home မြို့နယ်တွေကိုသွားမယ်ဆိုရင် အဲ့ဒီ Stay At Home မြို့နယ်တွေမှာ ဆောင်ရွက်ရမယ့် ခွင့်ပြုလုပ်ငန်းတွေရှိတယ်၊ အစိုးရဝန်ထမ်းတို့အခြား စားသောက်ကုန်လုပ်ငန်း၊ ဘဏ်တို့ ဓာတ်ဆီဆိုင်တို့ ဒါမျိုးတွေမှာ အလုပ်လုပ်တဲ့သူတွေပဲ ဝင်ထွက်ခွင့်ပြုမယ်၊ ကျန်တဲ့သူတွေကို လာရောက်ခွင့်မပြုဘူး၊ ခရီးသွားထောက်ခံချက် မပါတဲ့သူတွေကို ဒီနေ့ကို ပြန်လွတ်နေပါပြီ၊ အင်းဝတံတားဘက်ကလည်း စစ်ကိုင်းမြို့အဝင်ပိတ်ဖို့ လုပ်နေပါပြီ”လို့ ဒေါက်တာသော်တာထက်ကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မန္တလေးခရိုင်အတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်တွေကို Stay at Home အစီအစဉ်မှာ အကျုံးဝင်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းမြို့အဝင်နေရာတွေမှာ အခုလို စစ်ဆေးနေတာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို Stay at Homeကြေညာထားတဲ့မြို့နယ်တွေကို စစ်ကိုင်းမြို့နယ်က ပြည်သူတွေ မဖြစ်မနေသွားလိုပါက သက်ဆိုင်ရာရပ်ကွက်/ ‌ကျေးရွာအုပ်ချုပ်ရေးမှူး ရဲ့ ထောက်ခံစာ၊ သက်ဆိုင်ရာ အလုပ်ရှင်တွေရဲ့ ထောက်ခံချက် ရယူရမှာဖြစ်ပြီး စစ်ဆေးတဲ့အချိန် ထောက်ခံချက်တွေမပါရှိပါက သက်ဆိုင်ရာမြို့နယ်မှာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး အစိုးရဝန်ထမ်တွေ နဲ့ မဖြစ်မနေဖွင့်လှစ်ရတဲ့လုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေသူတွေ မပါဝင်ဘူးလို့ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုဗစ် #ခရီးသွားထောက်ခံမပါ #မြို့အတွင်းပေးမဝင်

Zawgyi

စစ္ကုိင္းၿမိဳ႔အတြင္း ခရီးသြားေထာက္ခံခ်က္ မပါသူေတြကုိ ဝင္ခြင့္မျပဳ

စစ္ကုိင္း၊ စက္တင္ဘာ ၂၇ -၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကိုင္းၿမိဳ့အဝင္ ဧရာ၀တီတံတား(ရတနာပုံ)အဆင္းမွာရွိတဲ့ Covid-19က်န္းမာေရးစစ္ေဆးေရးဂိတ္မွာ ဒီကေန႔ စက္တင္ဘာလ ၂၇ ရက္ေန႔ကစၿပီး ဌာနဆုိင္ရာ အဖြဲ႕ေပါင္းစုံနဲ႕ ခရီးသြားျပည္သူေတြ ခရီးသြားေထာက္ခံခ်က္ပါ၊မပါ စစ္ေဆးမွုေတြၿပဳလုပ္ေနကာ ခရီးသြားေထာက္ခံခ်က္မပါသူေတြကုိ စစ္ကိုင္းၿမိဳ့အတြင္း၀င္ခြင့္မျပဳဘူးလို႔ စစ္ကုိင္းခရုိင္ ၿပည္သူ့က်န္းမာေရးဦးစီးဌာနမွ ေဒါက္တာေသာ္တာထက္ကေျပာပါတယ္။

”ဌာနဆုိင္ရာေတြနဲ႕ ပူးေပါင္းၿပီးေတာ့ ၿမဳိ႕အဝင္ စစ္ေဆးေရးဂိတ္မွာ ၿဖတ္သန္းသြားလာတဲ့သူေတြအေနနဲ႕ သက္ဆုိင္ရာၿမဳိ႕နယ္ကေနျပီးေတာ့ ခရီးသြားလာခြင့္ ေထာက္ခံခ်က္ပါမွသာ ကြ်န္ေတာ္တုိ႔ ၿဖတ္သန္းသြားလာခြင့္ ေပးေတာ့တယ္၊ ေထာက္ခံခ်က္မပါတဲ့သူေတြကုိ ၿဖတ္သန္းသြားလာခြင့္ မျပုဘူး။ ေနာက္တစ္ခုက Stay At Home ၿမဳိ႕နယ္ေတြက လာမယ္ဆုိရင္Stay At Home ၿမဳိ႕နယ္ေတြကုိသြားမယ္ဆုိရင္ အဲ့ဒီ Stay At Home ၿမဳိ႕နယ္ေတြမွာ ေဆာင္ရြက္ရမယ့္ ခြင့္ၿပဳလုပ္ငန္းေတြရွိတယ္၊ အစုိးရဝန္ထမ္းတုိ႕အၿခား စားေသာက္ကုန္လုပ္ငန္း၊ ဘဏ္တုိ႔ ဓာတ္ဆီဆုိင္တုိ႔ ဒါမ်ုိးေတြမွာ အလုပ္လုပ္တဲ့သူေတြပဲ ဝင္ထြက္ခြင့္ၿပဳမယ္၊ က်န္တဲ့သူေတြကုိ လာေရာက္ခြင့္မၿပဳဘူး၊ ခရီးသြားေထာက္ခံခ်က္ မပါတဲ့သူေတြကုိ ဒီေန႕ကုိ ၿပန္လြတ္ေနပါျပီ၊ အင္းဝတံတားဘက္ကလည္း စစ္ကုိင္းၿမဳိ႕အဝင္ပိတ္ဖုိ႔ လုပ္ေနပါျပီ”လို႔ ေဒါက္တာေသာ္တာထက္ကေျပာပါတယ္။

က်န္းမာေရးနဲ့ အားကစား၀န္ႀကီးဌာနက မႏၲေလးခရုိင္အတြင္းရွိ မဟာေအာင္ေျမၿမိဳ့နယ္၊ ခ်မ္းေအးသာစံၿမိဳ့နယ္၊ အမရပူရၿမိဳ့နယ္ေတြကုိ Stay at Home အစီအစဥ္မွာ အက်ဳံး၀င္ေၾကာင္း စက္တင္ဘာလ ၂၅ ရက္ေန႕ ညပိုင္းက သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း စစ္ကုိင္းၿမဳိ႕အဝင္ေနရာေတြမွာ အခုလို စစ္ေဆးေနတာပဲ ၿဖစ္ပါတယ္။

အဲ့ဒီလို Stay at Homeေၾကညာထားတဲ့ၿမိဳ့နယ္ေတြကုိ စစ္ကိုင္းၿမိဳ့နယ္က ၿပည္သူေတြ မျဖစ္မေနသြားလိုပါက သက္ဆိုင္ရာရပ္ကြက္/ ‌ေက်းရြာအုပ္ခ်ဳပ္ေရးမွူး ရဲ႕ ေထာက္ခံစာ၊ သက္ဆိုင္ရာ အလုပ္ရွင္ေတြရဲ႕ ေထာက္ခံခ်က္ ရယူရမွာၿဖစ္ၿပီး စစ္ေဆးတဲ့အခ်ိန္ ေထာက္ခံခ်က္ေတြမပါရွိပါက သက္ဆိုင္ရာၿမိဳ့နယ္မွာ ကြာရန္တင္းဝင္ရမွာၿဖစ္ၿပီး အစိုးရဝန္ထမ္ေတြ နဲ့ မၿဖစ္မေနဖြင့္လွစ္ရတဲ့လုပ္ငန္းေတြမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနသူေတြ မပါဝင္ဘူးလုိ႔ စစ္ကိုင္းခရိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ကိုဗစ္ #ခရီးသြားေထာက္ခံမပါ #ၿမိဳ႔အတြင္းေပးမဝင္

Related posts

Leave a Comment

VOM News

FREE
VIEW