အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကမ္ဘာလုံးကို လုံလောက်အောင်ဖြန့်ဝေမယ်လို့ ဝန်ကြီးချုပ်မိုဒီ ကတိပြု

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကမ္ဘာလုံးကို လုံလောက်အောင်ဖြန့်ဝေမယ်လို့ ဝန်ကြီးချုပ်မိုဒီ ကတိပြု
ဒေလီ၊ စက်တင်ဘာ ၂၇-၂၀၂၀
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံက ထုတ်လုပ်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏဟာ တစ်ကမ္ဘာလုံးအတွက် အလုံအလောက်ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၆ ရက်မှာ ကုလသမဂ္ဂကိုပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကတိပြုပြောဆိုလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ကာကွယ်ဆေးအကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ကာကွယ်ဆေး အလုံအလောက်ရရှိရေးမှာ ကမ္ဘာ့အသိုင်းအဝိုင်းကို နောက်ထပ်အာမခံချက်တစ်ခု ပေးတယ်လို့ မိုဒီကပြောဆိုပါတယ်။
အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုနဲ့ ဖြန့်ဝေနိုင်တဲ့စွမ်းရည်က ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကမ္ဘာ့အသိုင်းအဝိုင်းကို ကူညီဖို့အတွက် အသုံးပြုသွားမယ်လို့ မိုဒီက ပြောပါတယ်။
ကာကွယ်ဆေးဖြန့်ဝေပေးဖို့ လိုအပ်တဲ့ နိုင်ငံတိုင်းအတွက် ဆေးသိုလှောင်ရေးနဲ့ အအေးခန်းတွေပါ ကူညီပေးသွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုကို ဆုံးဖြတ်ဖို့ အကြီးအကျယ်စမ်းသပ်မှုတွေဖြစ်တဲ့ အဆင့်-၃ စမ်းသပ်မှုတွေကို လုပ်ဆောင်နေပြီလို့ သူကဆိုပါတယ်။
သိပ္ပံပညာရှင်တွေက အတည်ပြုခွင့်ပြုလိုက်တာနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအများအပြားထုတ်လုပ်ဖို့ အဆင့်သင့်ဖြစ်နေတယ်လို့ သြဂုတ်လအတွင်းမှာ မိုဒီက ပြောဆိုထားပြီးဖြစ်ပါတယ်။
လူတိုင်းတတ်နိုင်ပြီး နေရာတိုင်းရရှိနိုင်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်လာဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းထားပြီး အချို့နိုင်ငံတွေဟာ သူတို့ပြည်သူတွေအတွက်ပဲ ကာကွယ်ဆေးကို ရည်ရွယ်ထုတ်လုပ်နေတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #ဒေလီ #ကိုဗစ်ကာကွယ်ဆေး
Zawgyi
အိႏိၵယႏိုင္ငံထုတ္ ကုိဗစ္-၁၉ ကာကြယ္ေဆး တစ္ကမၻာလံုးကို လံုေလာက္ေအာင္ျဖန္႔ေ၀မယ္လို႔ ၀န္ၾကီးခ်ဳပ္မိုဒီ ကတိျပဳ
ေဒလီ၊ စက္တင္ဘာ ၂၇-၂၀၂၀
မ်ိဳးဆက္(VOM)
အိႏၵိယနုိင္ငံက ထုတ္လုပ္မယ္႔ ကိုဗစ္-၁၉ ကာကြယ္ေဆးပမာဏဟာ တစ္ကမၻာလံုးအတြက္ အလံုအေလာက္ျဖစ္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ စက္တင္ဘာ ၁၆ ရက္မွာ ကုလသမဂၢကိုေပးပို႔တဲ႔ ရုပ္သံမိန္႔ခြန္းမွာ အိႏိၵယ၀န္ၾကီးခ်ဳပ္ မိုဒီက ကတိျပဳေျပာဆိုလိုက္ပါတယ္။
ကမၻာေပၚမွာ ကာကြယ္ေဆးအၾကီးအက်ယ္ထုတ္လုပ္တဲ႔နိုင္ငံတစ္နိုင္ငံအေနနဲ႔ ကာကြယ္ေဆး အလံုအေလာက္ရရိွေရးမွာ ကမၻာ႔အသိုင္းအ၀ိုင္းကို ေနာက္ထပ္အာမခံခ်က္တစ္ခု ေပးတယ္လို႔ မိုဒီကေျပာဆိုပါတယ္။
အိႏိၵယရဲ႕ ကာကြယ္ေဆးထုတ္လုပ္နိုင္မႈနဲ႔ ျဖန္႔ေ၀နိုင္တဲ႔စြမ္းရည္က ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ ကမၻာ႔အသိုင္းအ၀ိုင္းကို ကူညီဖို႔အတြက္ အသံုးျပဳသြားမယ္လို႔ မိုဒီက ေျပာပါတယ္။
ကာကြယ္ေဆးျဖန္႔ေ၀ေပးဖို႔ လိုအပ္တဲ႔ နိုင္ငံတိုင္းအတြက္ ေဆးသိုေလွာင္ေရးန႔ဲ အေအးခန္းေတြပါ ကူညီေပးသြားမယ္လို႔ အိႏိၵယ၀န္ၾကီးခ်ဳပ္က ေျပာပါတယ္။
အိႏိၵယနိုင္ငံရဲ႕ ကာကြယ္ေဆးဟာ ေဘးကင္းလံုျခံဳမႈနဲ႔ ထိေရာက္မႈကို ဆံုးျဖတ္ဖို႔ အၾကီးအက်ယ္စမ္းသပ္မႈေတြျဖစ္တဲ႔ အဆင္႔-၃ စမ္းသပ္မႈေတြကို လုပ္ေဆာင္ေနျပီလို႔ သူကဆိုပါတယ္။
သိပၸံပညာရွင္ေတြက အတည္ျပဳခြင္႔ျပဳလိုက္တာနဲ႔ ကိုဗစ္-၁၉ ကာကြယ္ေဆးအမ်ားအျပားထုတ္လုပ္ဖို႔ အဆင္႔သင္႔ျဖစ္ေနတယ္လို႔ ၾသဂုတ္လအတြင္းမွာ မိုဒီက ေျပာဆိုထားျပီးျဖစ္ပါတယ္။
လူတိုင္းတတ္နိုင္ျပီး ေနရာတိုင္းရရိွနိုင္တဲ႔ ကိုဗစ္-၁၉ ကာကြယ္ေဆးေပၚလာဖို႔အတြက္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ဂူတာရက္စ္က တိုက္တြန္းထားျပီး အခ်ိဳ႕နိုင္ငံေတြဟာ သူတို႔ျပည္သူေတြအတြက္ပဲ ကာကြယ္ေဆးကို ရည္ရြယ္ထုတ္လုပ္ေနတာေတြနဲ႔ပတ္သက္ျပီး စိုးရိမ္ပူပန္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #ေဒလီ #ကိုဗစ္ကာကြယ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW