အုတ်ဖိုမြို့မှာနေတဲ့ အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံက ကမ္ဘာအသက်ကြီးဆုံးအမျိုးသမီးထက် အသက် ၁၀ နှစ်ခန့်ကြီးနေ

အုတ်ဖိုမြို့မှာနေတဲ့ အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံက ကမ္ဘာအသက်ကြီးဆုံးအမျိုးသမီးထက် အသက် ၁၀ နှစ်ခန့်ကြီးနေ

နေပြည်တော်၊‌စက်တင်ဘာ၂၇-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်ပင်ကန်ကျေးရွာမှာနေတဲ့ အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး(သက်ရှိ)ထက် အသက်ဆယ်နှစ်ခန့်ကြီးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီအမျိုးသမီးဟာ အသက် ၁၂၇ နှစ်အရွယ် ဒေါ်ထွေးဆိုသူဖြစ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်မှာ တရားဝင်မှတ်တမ်းရှိနေသူ ဂျပန်နိုင်ငံက အသက် ၁၁၇နှစ်အရွယ် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး ခါနေတာနာကာထက် အသက် ၁၀နှစ်ကျော်ကြီးနေတဲ့သူဖြစ်ပါတယ်။

မနေ့ စက်တင်ဘာ ၂၆ရက်နေ့မှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မြန်မာ့ အသက်ကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် အသိမှတ်ပြုပြီး ငွေကျပ်
ဆယ်သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက ပြောပါတယ်။

အုတ်ဖိုမြို့နယ်၊ သရက်ပင်ကန်ကျေးရွာမှာနေတဲ့ အသက် ၁၂၇ နှစ်အရွယ် အဘွားဒေါ်ထွေးကို မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်နေ့မှာမေ‌ွးဖွားခဲ့ပြီး အခုနှစ်ထဲမ‌ှာ အသက် ၁၂၇ နှစ်ပြည့်ပြီးဖြစ်တာကြောင့် ကျပ်ဆယ်သိန်းထောက်ပံ့ပေးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာနရဲ့ ဂုဏ်ပြုမှတ်တမ်းမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

“သူ့မှတ်ပုံတင် လွဲချော်နေဝာာမျိုး ဖြစ်နေပေမယ့် မှတ်ပုံတင်အတိုင်း အသိအမှတ်ပြုလိုက်ရတာပါ။ အသက် ၁၀၀တော့ ကျော်တာဟုတ်တယ်”လို့ လက်ရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

အသက် ၁၂၇ နှစ်အရွယ်ရှိသူ ဒေါ်ထွေးဟာ တောင်သူတစ်ဦးဖြစ်ပြီး သား ၃ယောက် ၊ သမီး ၃ယောက်မွေးဖွားခဲ့တဲ့အနက် အကြီးဆုံးသားနဲ့အခြားနှစ်ယောက် ‌ကွယ်လွန်သွားခဲ့
တာကြာပြီဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

” အမေက နားနည်းနည်းလေးတယ်။ ဆုံးသွားတဲ့ အကိုကြီးဆုံးရှိမယ်ဆို ၉၀လောက်ရှိမယ်။ မှတ်ပုံတင်ပါမွေးသက္ကရာဇ်က အရင်ထဲက ဒီ‌မွေးစာရင်းအတိုင်းပါပဲ။ မှားတာ ပြုတာမျိုး မပြောဖူးဘူး”လို့ ဒေါ်ထွေးရဲ့ အသက် ၆၀ အရွယ် သမီးအငယ်ဆုံးဖြစ်သူက ပြောပါတယ်။

ကမ္ဘာ့အသက်ကြီးဆုံး သက်ရှိ အမျိုးသမီးလူပုဂ္ဂိုလ်အဖြစ် ဂျပန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ် ခါနာကာတာကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်မှာ အသိမှတ်ပြုထားပေမယ့် တရုတ်နိုင်ငံ၊ ရူလဲဒေသက အသက် ၁၃၄ နှစ်အရွယ် အာမိဟန်ဆိုသူကလည်း သက်ရှိထင်ရှား‌ရှိနေပေမယ့်လည်း ကွမ်ရှူမင်းလက်ထက် မွေးစားရင်းဟာ ရှူတ်ထွေးတာမို့ အသိမှတ်မပြုထားဘူးလို့ သိရပါတယ်။

Photo – သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာန
#voiceofmyanmar #VOM #အုတ်ဖို #အသက်၁၂၇အမျိုးသမီး

Zawgyi

အုတ္ဖိုၿမိဳ႕မွာေနတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ဂ်ပန္ႏိုင္ငံက ကမ႓ာအသက္ႀကီးဆံုးအမ်ိဳးသမီးထက္ အသက္ ၁၀ ႏွစ္ခန႔္ႀကီးေန

ေနျပည္ေတာ္၊‌စက္တင္ဘာ၂၇-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ အုတ္ဖိုၿမိဳ႕နယ္၊ သရက္ပင္ကန္ေက်း႐ြာမွာေနတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ဂ်ပန္ႏိုင္ငံက အသက္ ၁၁၇ ႏွစ္အ႐ြယ္ ကမာၻ႔အသက္ႀကီးဆုံး အမ်ိဳးသမီး(သက္ရွိ)ထက္ အသက္ဆယ္ႏွစ္ခန႔္ႀကီးေနတယ္လို႔ ေဒသခံေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

အဲ့ဒီအမ်ိဳးသမီးဟာ အသက္ ၁၂၇ ႏွစ္အ႐ြယ္ ေဒၚေထြးဆိုသူျဖစ္ၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းစာအုပ္မွာ တရားဝင္မွတ္တမ္းရွိေနသူ ဂ်ပန္ႏိုင္ငံက အသက္ ၁၁၇ႏွစ္အ႐ြယ္ ကမာၻ႔အသက္ႀကီးဆုံး အမ်ိဳးသမီး ခါေနတာနာကာထက္ အသက္ ၁၀ႏွစ္ေက်ာ္ႀကီးေနတဲ့သူျဖစ္ပါတယ္။

မေန႔ စက္တင္ဘာ ၂၆ရက္ေန႔မွာေတာ့ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ျမန္မာ့ အသက္ႀကီးဆုံးလူပုဂၢိဳလ္အျဖစ္ အသိမွတ္ျပဳၿပီး ေငြက်ပ္
ဆယ္သိန္း ေထာက္ပ့့ံေပးအပ္ခဲ့တယ္လို႔ သာယာဝတီခ႐ိုင္ လူမႈဝန္ထမ္းဦးစီးဌာန ဦးစီးအရာရွိ ေဒၚျမတ္ျမတ္စိုးက ေျပာပါတယ္။

အုတ္ဖိုၿမိဳ႕နယ္၊ သရက္ပင္ကန္ေက်း႐ြာမွာေနတဲ့ အသက္ ၁၂၇ ႏွစ္အ႐ြယ္ အဘြားေဒၚေထြးကို ျမန္မာသကၠရာဇ္ ၁၂၂၅ ခုႏွစ္၊ ဝါေခါင္လဆန္း ၁၄ ရက္ေန႔မွာေမ‌ြးဖြားခဲ့ၿပီး အခုႏွစ္ထဲမ‌ွာ အသက္ ၁၂၇ ႏွစ္ျပည့္ၿပီးျဖစ္တာေၾကာင့္ က်ပ္ဆယ္သိန္းေထာက္ပံ့ေပးခဲ့တယ္လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ျပန္လည္‌ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕ ဂုဏ္ျပဳမွတ္တမ္းမွာ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

“သူ႔မွတ္ပုံတင္ လြဲေခ်ာ္ေနဝာာမ်ိဳး ျဖစ္ေနေပမယ့္ မွတ္ပုံတင္အတိုင္း အသိအမွတ္ျပဳလိုက္ရတာပါ။ အသက္ ၁၀၀ေတာ့ ေက်ာ္တာဟုတ္တယ္”လို႔ လက္ရွိ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကေျပာပါတယ္။

အသက္ ၁၂၇ ႏွစ္အ႐ြယ္ရွိသူ ေဒၚေထြးဟာ ေတာင္သူတစ္ဦးျဖစ္ၿပီး သား ၃ေယာက္ ၊ သမီး ၃ေယာက္ေမြးဖြားခဲ့တဲ့အနက္ အႀကီးဆုံးသားနဲ႔အျခားႏွစ္ေယာက္ ‌ကြယ္လြန္သြားခဲ့
တာၾကာၿပီျဖစ္တယ္လို႔ မိသားစုဝင္ေတြဆီကေန သိရပါတယ္။

” အေမက နားနည္းနည္းေလးတယ္။ ဆုံးသြားတဲ့ အကိုႀကီးဆုံးရွိမယ္ဆို ၉၀ေလာက္ရွိမယ္။ မွတ္ပုံတင္ပါေမြးသကၠရာဇ္က အရင္ထဲက ဒီ‌ေမြးစာရင္းအတိုင္းပါပဲ။ မွားတာ ျပဳတာမ်ိဳး မေျပာဖူးဘူး”လို႔ ေဒၚေထြးရဲ႔ အသက္ ၆၀ အ႐ြယ္ သမီးအငယ္ဆုံးျဖစ္သူက ေျပာပါတယ္။

ကမာၻ႔အသက္ႀကီးဆုံး သက္ရွိ အမ်ိဳးသမီးလူပုဂၢိဳလ္အျဖစ္ ဂ်ပန္ႏိုင္ငံက အသက္ ၁၁၇ ႏွစ္အ႐ြယ္ ခါနာကာတာကို ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းစာအုပ္မွာ အသိမွတ္ျပဳထားေပမယ့္ တ႐ုတ္ႏိုင္ငံ၊ ႐ူလဲေဒသက အသက္ ၁၃၄ ႏွစ္အ႐ြယ္ အာမိဟန္ဆိုသူကလည္း သက္ရွိထင္ရွား‌ရွိေနေပမယ့္လည္း ကြမ္ရႉမင္းလက္ထက္ ေမြးစားရင္းဟာ ရႉတ္ေထြးတာမို႔ အသိမွတ္မျပဳထားဘူးလို႔ သိရပါတယ္။

Photo – သာယာဝတီခ႐ိုင္လူမႈဝန္ထမ္းဦးစီးဌာန
#voiceofmyanmar #VOM #အုတ္ဖို #အသက္၁၂၇အမ်ိဳးသမီး

Related posts

Leave a Comment

VOM News

FREE
VIEW