မန္တလေးမြို့အတွင်းက Stay Homeသက်မှတ်ထားတဲ့မြို့နယ်တွေကို အဝင်အထွက် စတင်ကန့်သတ်

မန္တလေးမြို့အတွင်းက Stay Homeသက်မှတ်ထားတဲ့မြို့နယ်တွေကို အဝင်အထွက် စတင်ကန့်သတ်

မန္တလေး၊ စက်တင်ဘာ ၂၉-၂၀၂၀
ညီသစ်(VOM)

မန္တလေးမြို့မှာ Stay Home သက်မှတ်ထားတဲ့ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် နဲ့ အမရပူရမြို့နယ် ၃မြို့နယ်ကို ဖြတ်သန်းသွားလာမယ့် မော်တော်ယာဉ်တွေကို ပညာပေးကာလအနေနဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး မြို့နယ် အဝင်အထွက်လမ်းတွေကို စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဖြတ်သန်းသွားလာမယ့် ယာဉ်တွေအနေနဲ့ ၂၆ ဘီလမ်း၊ လမ်း ၃၀ ၊ ၃၅ လမ်း ၊ သိပ္ပံ လမ်း တောင်မြောက်လမ်းမကြီး၊ ကမ်းနားလည်း ၊ ၈၄ လမ်း ၊ လမ်း၈၀ ၊ ၇၈လမ်း၊
၇၃ လမ်း၊ ၆၆ လမ်း၊ ၆၂ နဲ့ မြို့ပတ်လမ်းတွေပေါ်ကသာ ဖြတ်သန်းသွားလာခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

” ဒီနေ့ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ Covid-19 ရောဂါကာကွယ်နိုင်ရေး တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အခု အဓိကအချက်အနေနဲ့ ကျနော်တို့နယ်မြေမှာ Stay Home ကြေငြာထားတဲ့နေရာ ဖြစ်နေတဲ့အတွက် အခြားရပ်ကွက်တွေကနေ ဝင်ရောက်လာမယ်ဆိုရင် မလိုလားအပ်တဲ့ ကူးစက်မှုတွေ မဖြစ်ရအောင်၊ မလိုလားအပ်တဲ့ ပျံ့ပွားမှုတွေမဖြစ်ရအောင် အချိန်မှီ တားဆီးသောအားဖြင့် ပြည်သူနဲ့ပူးပေါင်းရမယ့်အပိုင်းတွေပါလို့ ပြည်သူတွေကို မေတ္တာရပ်ခံပြီး ဒီကနေ့ အခုလိုလုပ်ငန်းကို စတင်ဆောင်ရွက်နေတာဖြစ်တယ်။ အခုကျွန်တော်တို့က စတေးဟုမ်း နယ်မြေအတွင်း သတ်မှတ်ထားတဲ့လမ်းတွေကိုသာ ဖြတ်သန်းသွားလာဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကိုစတင်ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးရယ်၊ မီးသတ်ရယ်၊ ရဲရယ်၊ ရာအိမ်မှူးတွေရယ် ပြီးတော့ စိတ်ပါဝင်စားတဲ့ ရပ်ကွက်ရဲ့ NGO လေးတွေရယ် ပူးပေါင်းပြီး ဆောင်ရွက်တာ ဖြစ်တယ်”လို့ ချမ်းအေးသာစံအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝေလီတင်အောင်က VOM ကိုပြောပြပါတယ် ။

Stay Home သတ်မှတ်ထားတဲ့ နယ်မြေတွေကနေ အပြင်ကိုထွက်လိုတဲ့သူတွေအနေနဲ့လည်း အိမ်ထောင်စု တစ်စုကို ဈေးဝယ်ခွင့်ကဒ်တစ်ခုနဲ့ လူတစ်ဦးသာ သက်ဆိုင်ရာ Stay Home နယ်မြေအတွင်း သွားလာခွင့်ပြုမှာဖြစ်ပြီး အဲ့ဒီ ဈေးဝယ်ခွင့်ကဒ်ကိုလည်း သက်ဆိုင်ရာရပ်ကွက်အလိုက် ရာအိမ်မှူးတွေကနေတစ်ဆင့် register နံပါတ်နဲ့သတ်မှတ်ပြီး အိမ်တိုင်ရာရောက် လိုက်ပေးနေတာလည်းဖြစ်ပါတယ်။

Stay at Home ကြေငြာထားတဲ့မြို့နယ်တွေမှာ ကျန်းမာရေးကိစ္စနဲ့ အပြင်ထွက်မယ်ဆိုရင်လည်း ဆေးရုံ၊ဆေးခန်း သွားလာခွင့်ကဒ်(အနီရောင်ကဒ်)ကို ဆေးရုံ၊ဆေးခန်းသွားလာချိန်မှာ ထုတ်ပေးသွားမှာတယ်လို့ သိရပါတယ်။

ဈေးဝယ်ခွင့်ကဒ်ပြားမှာပါဝင်တဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိခဲ့ရင် တည်ဆဲဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

မႏၲေလးၿမိဳ႔အတြင္းက Stay Homeသက္မွတ္ထားတဲ့ၿမိဳ႔နယ္ေတြကို အဝင္အထြက္ စတင္ကန္႔သတ္

မႏၲေလး၊ စက္တင္ဘာ ၂၉-၂၀၂၀
ညီသစ္(VOM)

မႏၲေလးၿမိဳ႔မွာ Stay Home သက္မွတ္ထားတဲ့ ခ်မ္းေအးသာစံၿမိဳ႔နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႔နယ္ နဲ႔ အမရပူရၿမိဳ႕နယ္ ၃ၿမိဳ႔နယ္ကို ျဖတ္သန္းသြားလာမယ့္ ေမာ္ေတာ္ယာဥ္ေတြကို ပညာေပးကာလအေနနဲ႔ ဒီကေန႔ စက္တင္ဘာ ၂၉ ရက္ေန႔ မနက္ပိုင္းကစၿပီး ၿမိဳ႕နယ္ အဝင္အထြက္လမ္းေတြကို စစ္ေဆးမႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

ျဖတ္သန္းသြားလာမယ့္ ယာဥ္ေတြအေနနဲ႔ ၂၆ ဘီလမ္း၊ လမ္း ၃၀ ၊ ၃၅ လမ္း ​၊ သိပၸံ လမ္း ေတာင္ေျမာက္လမ္းမႀကီး၊ ကမ္းနားလည္း ၊ ၈၄ လမ္း ၊ လမ္း၈၀ ၊ ၇၈လမ္း၊
၇၃ လမ္း၊ ၆၆ လမ္း၊ ၆၂ နဲ႔ ၿမိဳ႕ပတ္လမ္းေတြေပၚကသာ ျဖတ္သန္းသြားလာခြင့္ျပဳသြားမွာ ျဖစ္ပါတယ္။

” ဒီေန႔ ကၽြန္ေတာ္တို႔က ႏိုင္ငံေတာ္ရဲ႕ ၫႊန္ၾကားခ်က္ျဖစ္တဲ့ Covid-19 ေရာဂါကာကြယ္ႏိုင္ေရး တာဝန္ယူေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ အဲ့ဒီအထဲမွာ အခု အဓိကအခ်က္အေနနဲ႔ က်ေနာ္တို႔နယ္ေျမမွာ Stay Home ေၾကျငာထားတဲ့ေနရာ ျဖစ္ေနတဲ့အတြက္ အျခားရပ္ကြက္ေတြကေန ဝင္ေရာက္လာမယ္ဆိုရင္ မလိုလားအပ္တဲ့ ကူးစက္မႈေတြ မျဖစ္ရေအာင္၊ မလိုလားအပ္တဲ့ ပ်ံ႔ပြားမႈေတြမျဖစ္ရေအာင္ အခ်ိန္မွီ တားဆီးေသာအားျဖင့္ ျပည္သူနဲ႔ပူးေပါင္းရမယ့္အပိုင္းေတြပါလို႔ ျပည္သူေတြကို ေမတၱာရပ္ခံၿပီး ဒီကေန႔ အခုလိုလုပ္ငန္းကို စတင္ေဆာင္႐ြက္ေနတာျဖစ္တယ္။ အခုကၽြန္ေတာ္တို႕က စေတးဟုမ္း နယ္ေျမအတြင္း သတ္မွတ္ထားတဲ့လမ္းေတြကိုသာ ျဖတ္သန္းသြားလာဖို႔ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ဒါကိုစတင္​ေဆာင္႐ြက္တဲ့ေနရာမွာ ကၽြန္ေတာ္တို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးရယ္၊ မီးသတ္ရယ္၊ ရဲရယ္၊ ရာအိမ္မွဴးေတြရယ္ ၿပီးေတာ့ စိတ္ပါဝင္စားတဲ့ ရပ္ကြက္ရဲ႕ NGO ေလးေတြရယ္ ပူးေပါင္းၿပီး ေဆာင္႐ြက္တာ ျဖစ္တယ္”လို႔ ခ်မ္းေအးသာစံအေရွ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေဝလီတင္ေအာင္က VOM ကိုေျပာျပပါတယ္ ။

Stay Home သတ္မွတ္ထားတဲ့ နယ္ေျမေတြကေန အျပင္ကိုထြက္လိုတဲ့သူေတြအေနနဲ႔လည္း အိမ္ေထာင္စု တစ္စုကို ေစ်းဝယ္ခြင့္ကဒ္တစ္ခုနဲ႔ လူတစ္ဦးသာ သက္ဆိုင္ရာ Stay Home နယ္ေျမအတြင္း သြားလာခြင့္ျပဳမွာျဖစ္ၿပီး အဲ့ဒီ ေစ်းဝယ္ခြင့္ကဒ္ကိုလည္း သက္ဆိုင္ရာရပ္​ကြ​က္အလိုက္ ရာအိမ္မွဴးေတြကေနတစ္ဆင့္ register နံပါတ္နဲ႔သတ္မွတ္ၿပီး အိမ္တိုင္ရာေရာက္ လိုက္ေပးေနတာလည္းျဖစ္ပါတယ္။

Stay at Home ေၾကျငာထားတဲ့ၿမိဳ႕နယ္ေတြမွာ က်န္းမာေရးကိစၥနဲ႔ အျပင္ထြက္မယ္ဆိုရင္လည္း ေဆး႐ုံ၊ေဆးခန္း သြားလာခြင့္ကဒ္(အနီေရာင္ကဒ္)ကို ေဆးရံု၊ေဆးခန္းသြားလာခ်ိန္မွာ ထုတ္ေပးသြားမွာတယ္လို႔ သိရပါတယ္။

ေဈးဝယ္ခြင့္ကဒ္ျပားမွာပါဝင္တဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာမႈမရွိခဲ့ရင္ တည္ဆဲဥပေဒအရ အေရးယူခံရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW