မောင်တောခရိုင် ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ကိုဗစ်ရောဂါပိုးတွေ့

မောင်တောခရိုင် ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ကိုဗစ်ရောဂါပိုးတွေ့

နေပြည်တော်၊ စက်တင်ဘာ၂၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောနဲ့ဘူးသီးတောင်မြို့နယ်ထဲမှာ မနေ့ စက်တင်ဘာ ၂၈ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ခရိုင်ရွေးကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကိုဗစ်ပိုးတွေ့လူနာ ၁၀ဦး ထပ်တိုးလာခဲ့တယ်လို့ ‌မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

” အသွားလာကန့်သတ်ထားသူဖြစ်ပြီး သူ့မိသားစုဝင်အချို့ကိုတော့ ထပ်ပြီးစစ်ဆေးဖို့ရှိတယ်။ ပိုးတွေ့လူနာက ခရိုင်ကော်မရှင်ဥက္ကဋ္ဌအပါအဝင် ၁၀ဦးကို ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးနေပါပြီ”လို့ ဦးစိုးအောင်က ပြောပါတယ်။

မောင်တော်ခရိုင်‌ ‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်တော်ဘက်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို သွားရောက်လှူဒါန်းခဲ့တာကြောင့် အသွားအလာ ကန့် သတ်စောင့်ကြည့်မှုခံယ‌ူနေရသူဖြစ်ပြီး ခရိုင်နဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့ဝင်တွေကို ထိတွေ့မှုမရှိထားဘူးလို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မောင်တောမြို့ နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ Covid-19 ရောဂါပိုးတွေ့ရှိသူ ၉၀ နီးပါးရှိနေပြီး မောင်တောခရိုင်ဆေးရုံကြီးမှာ ကုသပေးနေသူတွေအထဲက လူနာ ၅၀ ကျော်က သက်သာပျောက်ကင်းသွားတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်‌ပေးလိုက်ပြီဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် မြို့နယ်အချို့မှာ ဩဂုတ်လနဲ့ စက်တင်ဘာ ပထမပတ်က Covid-19 ရောဂါပိုးကူးစက်မှု မြှင့်တက်ခဲ့ပေမယ့် အခုချိန်မှာတော့ ရောဂါကူးစက်မှုလျော့နည်းကျဆင်းလာပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာတော့ ပြင်ပကို နှာ‌ခေါင်းစည်းမတပ်ဘဲ သွားလာနေသူတွေကို ဒဏ်ငွေတစ်သောင်းကျပ် ဒဏ်ရိုက်တယ်လို့မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

#voiceofmyanmar #VOM #မောင်တော #ကိုဗစ် #ရွေးကော်ဥက္ကဋ္ဌ #ကိုဗစ်ပိုးတွေ့

Zawgyi

ေမာင္ေတာခ႐ိုင္ ေ႐ြး‌ေကာက္ပြဲေကာ္မရွင္ဥကၠ႒မွာ ကိုဗစ္ေရာဂါပိုးေတြ႕

ေနျပည္ေတာ္၊ စက္တင္ဘာ၂၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရခိုင္ျပည္နယ္၊ ေမာင္ေတာခ႐ိုင္၊ ေမာင္ေတာနဲ ႔ဘူးသီးေတာင္ၿမိဳ႕နယ္ထဲမွာ မေန႔ စက္တင္ဘာ ၂၈ရက္ေန႔ ည ၈ နာရီထုတ္ျပန္ခ်က္အရ ခ႐ိုင္ေ႐ြးေကာက္ပြဲ‌ေကာ္မရွင္ဥကၠ႒ အပါအဝင္ ကိုဗစ္ပိုးေတြ႕လူနာ ၁၀ဦး ထပ္တိုးလာခဲ့တယ္လို႔ ‌ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

” အသြားလာကန႔္သတ္ထားသူျဖစ္ၿပီး သူ႕မိသားစုဝင္အခ်ိဳ႕ကိုေတာ့ ထပ္ၿပီးစစ္ေဆးဖို႔ရွိတယ္။ ပိုးေတြ႕လူနာက ခ႐ိုင္ေကာ္မရွင္ဥကၠ႒အပါအဝင္ ၁၀ဦးကို ေဆး႐ုံႀကီးမွာ ပို႔ေဆာင္ကုသေပးေနပါၿပီ”လို႔ ဦးစိုးေအာင္က ေျပာပါတယ္။

ေမာင္ေတာ္ခ႐ိုင္‌ ‌ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေက်ာက္ေတာ္ဘက္ရွိ စစ္ေဘးေရွာင္စခန္းတစ္ခုကို သြားေရာက္လႉဒါန္းခဲ့တာေၾကာင့္ အသြားအလာ ကန႔္ သတ္ေစာင့္ၾကည့္မႈခံယ‌ူေနရသူျဖစ္ၿပီး ခ႐ိုင္နဲ႔ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးအဖြဲ႕ဝင္ေတြကို ထိေတြ႕မႈမရွိထားဘူးလို႔ ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ုံးကေန သိရပါတယ္။

ရခိုင္ျပည္နယ္၊ ေမာင္ေတာခ႐ိုင္ ေမာင္ေတာၿမိဳ႔ နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ Covid-19 ေရာဂါပိုးေတြ႕ရွိသူ ၉၀ နီးပါးရွိေနၿပီး ေမာင္ေတာခ႐ိုင္ေဆး႐ုံႀကီးမွာ ကုသေပးေနသူေတြအထဲက လူနာ ၅၀ ေက်ာ္က သက္သာေပ်ာက္ကင္းသြားတဲ့အတြက္ ေဆး႐ုံကေန ဆင္းခြင့္‌ေပးလိုက္ၿပီျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕မွာ ဩဂုတ္လနဲ႔ စက္တင္ဘာ ပထမပတ္က Covid-19 ေရာဂါပိုးကူးစက္မႈ ျမွင့္တက္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ေရာဂါကူးစက္မႈေလ်ာ့နည္းက်ဆင္းလာၿပီး ေမာင္ေတာနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာေတာ့ ျပင္ပကို ႏွာ‌ေခါင္းစည္းမတပ္ဘဲ သြားလာေနသူေတြကို ဒဏ္ေငြတစ္ေသာင္းက်ပ္ ဒဏ္႐ိုက္တယ္လို ႔ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

#voiceofmyanmar #VOM #ေမာင္ေတာ #ကိုဗစ္ #ေရြးေကာ္ဥကၠ႒ #ကိုဗစ္ပိ္ုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW