ပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP)
ပါတီမိတ်ဆက်(ရခိုင်အမျိုးသားပါတီ-ANP)
မန္တလေး၊စက်တင်ဘာ ၃၀-၂၀၂၀
လဲ့လဲ့ဝင်း(VOM)
လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးမှုဝါဒဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။
VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။
ဦးထွန်းအောင်ကျော် – ရခိုင်ပြည်နယ် ၆၃ ၊ ရန်ကုန်တိုင်းမှာ ၁ယောက်၊ ဧရာဝတီတိုင်းမှာ ၄နေရာ စုစုပေါင်း၆၈နေရာအပြည့် ကျွန်တော်တို့ဝင်ပြိုင်တယ်။ ဒါပေမယ့် ကျောက်ဖြူမဲဆန္ဒနယ်မှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာနကကန့်ကွက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကနေ ဖယ်လိုက်တယ်။ ဒါကြောင့် ကျနော်တို့အခုယှဉ်ပြိုင်ဖို့အတွက် အရေအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၃နေရာမှာ ၆၇နေရာကျနော်တို့ပြိုင်မှာပါ။
VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။
ဦးထွန်းအောင်ကျော် – ကျနော်တို့ပါတီမှုဝါဒမှာပါတဲ့အတိုင်းပေါ့ ကျနော်တို့က တန်းတူညီမျှဖို့အတွက် တိုင်းရင်းသားပြည်နယ်အပါအဝင်တည်ထောင်ဖို့ဆိုတဲ့ အခုမြန်မာနိုင်ငံမှာအားလုံးတန်းတူညီမျှဖို့အတွက်ဆောင်ရွက်မယ်။ စစ်မှန်တဲ့ အမည်ခံပြည်ထောင်စုမဟုတ်ဘဲနဲ့ စစ်မှန်တဲ့ပြည်ထောင်စုပေါ်ပေါက်ဖို့အတွက်ကျနော်တို့လုပ်မယ်။ နောက်တစ်ခုက ဒီမိုကရေစီဟာ ကျနော်တို့နားလည်ပြီးသလို ဒီထက်ပိုပြီးတော့ ရင့်ကျက် နားလည်မှုပြည့်ဝတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခု ဖွံ့ဖြိုးအောင် တကယ့်တကယ်ကိုသစ္စာရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခုပေါ်ပေါက်အောင် ကျနော်တို့လုပ်မယ်။ ကျန်တဲ့ဟာကတော့ ကျနော်တို့ရခိုင်ပြည်မှာ လက်တွေ့ ကြုံတွေနေရတဲ့ စစ်ဘေးရှောင်ကိစ္စတွေအပါအဝင် အသက်တွေဆုံးရှုံးမှုတွေ၊ နောက်တစ်ခုက ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ။ နောက်တစ်ခု အထွေထွေစီးပွားရေးပြိုလဲနေမှုတွေ၊ လယ်ယာတွေမထွန်မယက်နိုင်တဲ့ လယ်ဧက၂သောင်းလောက်မထွန်မယက်နိုင်ဘူး။ အဲ့ဒါတွေအတွက် ကျနော်တို့က လက်တွေ့နိုင်ငံနဲ့ပတ်သက်လာပြီး တည်ငြိမ်းရေးမရှိမှု၊ ပြည့်စွမ်းမှုမရှိမှု၊ ဒီပြဿနာတွေပြေလည်ဖို့အတွက် ကျနော်တို့ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ကျနော်တို့ပြည်သူလူထုကို အဲ့ဒီလိုချပြတာရှိတယ်။
VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။
ဦးထွန်းအောင်ကျော် – ပါတီကိုယှဉ်ပြိုင်တာ၂ပိုင်းရှိတယ်။ ကျနော်တို့က ပြည်ထောင်စုတစ်ဝှမ်းမှာမြန်မာနိုင်ငံတစ်ဝမ်းလုံးမှာ ကျနော်တို့ကအားနည်းတယ်၊ ပြည်ထောင်စုတစ်ဝှမ်းလုံးကို ကျနော်တို့ရခိုင်ဖက်က ပါတီအနေနဲ့ကတော့ သမ္မတလုပ်ချင်လို့ အာဏရချင်တဲ့ယှဉ်ပြိုင်မှုမရှိဘူး။ ဒါပေမယ့် ကျနော်တို့ရခိုင်ကျနော်တို့ပြည်နယ်အစိုးရဖြစ်အောင် ကျနော်တို့လုပ်မယ်။ အဲ့ဒါကြောင့် ပြည်နယ်အတိုင်းအတာနဲ့ ကျနော်တို့ယှဉ်ပြိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီအပါအဝင်၊ NLD အဲ့ဒီပါတီတွေနဲ့ ရွေးကောက်ပွဲမှာကျနော်တို့ကတော့ မိမိတို့ရဲ့ဥပဒေတွေနဲ့အတူ ကျနော်တို့က သန့်သန့်ရှင်းရှင်း၊မှန်မှန်ကန်ကန် ကျနော်တို့ရွေးချယ်တဲ့ဥပဒေနဲ့ညွန်ကြားချက်တို့ဖြစ်ပါတယ်။
VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။
ဦးထွန်းအောင်ကျော် – ၂၀၁၅မှာ ၁၇ မြို့နယ်မှာ ကျနော်တို့၁၃မြို့နယ်ကို အပြည့်အဝနိုင်ဖူးတယ်။ သံတွဲမှာ ၃မြို့နယ်၊ ကျောက်ဖြူခရိုင်တွေ ၄မြို့နယ်မနိုင်ဘူး။ ၂၀၁၀မှာ ကျနော်တို့ကတော့ သံတွဲခရိုင်၊ ကျောက်ဖြူနဲ့ တချို့မြို့နယ်မှာလည်း မနိုင်ခဲ့ဘူး။ အခုတစ်ခါ အခြား တိုင်းနဲ့ပြည်နယ်မတူဘူး။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့အတွက် internetချထားတာတွေရှိတယ်။ နောက်တစ်ခုက ကိုဗစ်နဲ့ကျနော်တို့ကို Home Stayဆိုပြီးတော့ မြို့နယ်မဲဆွယ်စည်းရံုံးရေးမလုပ်ရဘူး။ တစ်အိမ်တက်ဆင်းမလုပ်ရဘူးဆိုပြီးတော့ ကျနော်တို့ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့အမိန့် ညွန်ကြားချက်တားမြန့်ထားတာ၊ ကန့်ကွက်ထားတာရှိတယ်။ အဲ့ဒါကြောင့် အခုထိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရခိုင်ပြည်နယ်မှာ လုံခြုံရေးအကြောင်းပြပြီးတော့ မြို့နယ်ဘယ်လောက်ကို ကျနော်တို့ရွေးကောက်ပွဲမလုပ်ဘဲနေမယ်ဆိုတာကို အခုထိ ကန့်သတ်ထားတာ တင်ပြထားတာမရှိဘူး။ ဘယ်မြို့နယ်တွေမှာ မလုပ်ဘဲထားမယ်ဆိုတာကို ရခိုင်ပြည်နယ်ပြည်သူလူထုအနေနဲ့ စိုးရိမ်နေမှုရှိတယ်။ ဒါပေမယ့် အခုထိရှင်းရှင်းလင်းလင်းကြေညာတာမရှိသေးတဲ့အတွက် ကျနော်တို့က ရွေးကောက်ပွဲအတွက် ဘယ်လောက်ထိအားထုတ်ပြီး လုပ်ထားသလဲဆိုတာကို သံသယဖြစ်နေကြတာ။ အဲ့ဒီလို အခြေအနေတွေကြောင့် ၂၀၁၀နဲ့၂၀၁၅ရွေးကောက်ပွဲကို ကျနော်တို့ရွေးကောက်ပွဲရလဒ်ဟာ နည်းနည်းကွာခြားမှုရှိနိုင်တယ်ဆိုတာ ကျနော်တို့ထင်တယ်။
VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်လဲ။
ဦးထွန်းအောင်ကျော် – ကျနော်တို့ပါတီကိုယ်စားလှယ်က ၂၀၁၀မှာ နဝတ စစ်အစိုးရကကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်လုပ်မယ့်လူတွေက အကြောက်လွန်ပြီးတော့ လုပ်မယ့်လူကမရှိဘူး။ ဒါပေမယ့် မျိုးချစ်စိတ်နဲ့ကျနော်တို့ ရခိုင်ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်တွေတက်ပြီးတော့ ယှဉ်ပြိုင်တယ်။ ဗမာပြည်တတိယအနည်းဆုံးကနိုင်တဲ့ ရခိုင်ပါတီဖြစ်ခဲ့တယ်။၂၀၁၅မှာလည်း ကျနော်တို့အဓိက ရခိုင်အမျိုးသားရေးကိုအခြေခံတဲ့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် အမျိုးသားရေးစိတ်ဓာတ်ကျနော်တို့ကိုမဲထည့်ကြတာပေါ့။ အဲ့တာကျနော်တို့၂၀၁၅မှာ ၄၆နေရာနိုင်တယ်။
၂၀၁၀နဲ့၂၀၁၅မှာကိုယ်စားလှယ်လောင်းရဲ့ရွေးကောက်ပွဲဝင်ဖို့အချိန်လည်းကွာတယ်။ ၂၀၁၀မှာတုန်းကလည်း လုပ်မယ့်သူမရှိဘူး။၂၀၁၅မှာ လဝကအဖမ်းလည်းမခံရတော့ဘူး။ လစာလည်းရတယ်။ အဲ့ဒီတော့ တာဝန်ရှိယှဉ်ပြိုင်တဲ့လူတွေ အထူးသဖြင့် အစိုးရအဖမ်းစီးမခံရတဲ့အတွက် အမြဲလုပ်ချင်တဲ့လူတွေပေါ်လာတယ်။ ဒုတိယက ပါတီတွင်းမှာပေါင်းကူးနည်းစနစ်နဲ့ မလုပ်ပါနဲ့ ဗဟိုဦးစီးစနစ်နဲ့တိုင်းလာတာ။ အဲ့ဒါကြောင့် မြို့နယ်ဒေသရဲ့ အမိန့်လုပ်နေတဲ့စနစ်ကို ကျနော်တို့မြို့နယ်ပါဝင်လုပ်မယ်ဆိုပြီးတော့ တင်ပြထားတဲ့အတွက် ကျနော်တို့မြို့နယ်တွေကို စီမံခန့်ခွဲပိုင်ခွင့်တွေပေးလိုက်တယ်။ အဲ့ဒီတော့ အချို့နယ်ပယ်ကအမတ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေက အရည်အချင်းညံ့ဖျင်းတာတွေရှိတယ်။ ပြည်သူတွေနဲ့တွဲခေါ်သွားတာတွေရှိတယ်။ နောက်တစ်ခုက နိုင်ငံရေးနဲ့ပြည်သူအကျိုးစီးပွားထက် မိမိတို့ရဲ့စီးပွားရေးကို လိုက်သွားတာတွေရှိတယ်။ အဲ့ဒီလို စီးပွားရေနောက်ကိုလိုက်သွားတာလူတွေလည်းရှိတယ်။ အဲ့ဒါကြောင့် ၂၀၁၅သည် ကျနော်တို့ပါတီရဲ့ကိုယ်ရေးထိခိုက်တာတွေရှိတယ်အမှန်ပဲ။ အဲ့ဒါကြောင့် ဒီအချက်တွေကို ကျနော်တို့က သင်ခန်းစာတွေယူပြီးတော့ တကယ့်တကယ်ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်မှန်မှန်နဲ့နိုင်ငံရေးအရ စီးပွားရေးမဆန်ပဲနဲ့ တစ်ကယ့်တစ်ကယ်ပြည်သူလူထုအကျိုးကိုဖော်ဆောင်မယ့်ကိုယ်စားလှယ်တွေ နောက်တစ်ခုက ပါတီရဲ့ညွန်ကြားချက်အောက်မှာ ပါတီနဲ့နီးနီးကပ်ကပ်ပြည်သူ့အကျိုးကိုဖော်ဆောင်မယ့် ကိုယ်စားလှယ်တွေကို နောက်တစ်ခုက အနာဂတ်အတွက်ကျနော်တို့မှုဝါဒအရ ဒီတစ်ခေါက်ကိုယ်စားလှယ်ရွေးတဲ့အခါမှာ အသက် ၅၀အောက် လူလတ်နဲ့လူငယ်၇၀%နဲ့ ၆၈နေရာမှာအမျိုးသမီးပါဝင်မှု ၇နေရာ၊ အဲ့ဒီလို ကျနော်တို့ချမှတ်ပြီးတော့ ပြည်သူ့ကိုယ်စားလှယ်လောင်းကို ကျနော်တို့ရွေးချယ်လိုက်ပါတယ်။
VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။
ဦးထွန်းအောင်ကျော် – ပါတီဝင်အင်အား၆လွှာအနေအထားရှိတယ်။‌ နောက်တစ်ခုကမြို့နယ် ၁၇နယ်မြို့နယ်မှာ ၁၅-၂၀ယောက်ထိ ကျနော်တို့မြို့နယ်အလုပ်မှုဦးဆောင်ရေး ၁၇မြို့နယ်စလုံးမှာဖွဲ့ထားတာရှိတယ်။ နောက်တစ်ခု ၁၇မြို့နယ်မှာ ကျနော်တို့မြို့နယ်ထဲမှာ ရပ်ကွက်ကျေးရွာခေါင်းဆောင်တွေ ၁၅-၂၀ယောက်ထိ ခွဲထားတာတွေရှိတဲ့အတွက် ကျနော်တို့က တကယ့်ကိုမဖြစ်မနေခန့်မှန်းပြီးပြောရမယ်ဆိုရင် ကျနော်တို့အဓိက ဒီ၆လွှာထဲမှာမကောင်းပေမယ့်လည်း ကျနော်တို့မြို့နယ်ပါတီခေါင်းဆောင်တွေနဲ့ဆို ၃သောင်းနဲ့၄သောင်းကြားမှာရှိတယ်။
VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။
ဦးထွန်းအောင်ကျော် – စည်းလုံး၊ ချစ်ကြည် ပြည်သစ်တည်
#voiceofmyanmar #VOM #ပါတီမိတ်ဆက်
Zawgyi
လဲ့လဲ့ဝင်း(VOM)
Related posts
Leave a Comment
VOM News
FREE
VIEW