ကယားဝန်ချုပ်ဟောင်းကို စစ်ဆေးခွင့်မရှိဘူးလို့ အဂတိကော်မရှင် အကြောင်းပြန်

ကယားဝန်ချုပ်ဟောင်းကို စစ်ဆေးခွင့်မရှိဘူးလို့ အဂတိကော်မရှင် အကြောင်းပြန်

နေပြည်တော်၊ အောက်တိုဘာ၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံတိုင် ကြားထားတဲ့ကိစ္စ ကော်မရှင်က စစ်ဆေးခွင့်မရှိကြောင်း အကြောင်းပြန်တယ်လို့ တိုင်ကြားသူတွေဆီကသိရပါတယ်။

“စတုတ္ထအကြိမ် ပြင်ဆင်ချက်ဥပဒေအသစ်ကြောင့် စစ်ဆေးခွင့်မရှိဘူးလို့ဆိုတယ်။ဥပဒေပြင်ဆင်ပြီးတိုင်း လုပ်ချင်ရာလုပ်ပြီး ဒီလိုပဲပြီးသွားမှာပဲဖြစ်နေပါတယ်။ ဒါဆို အရင်အစိုးရတွေနဲ့တူတူလို့ပြောရမလိုဖြစ်ပါတယ်” လို့ ကယားပြည်နယ် ဝန်ကြီးချုပ်ကိုစွပ်စွဲပြစ်တင်
မှုများ ဦးဆောင်ပြုလုပ်ခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ပြောဆိုပါတယ်။

ကယာားပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ အရေးယူ
ပေးဖို့ ပြီးခဲ့တဲ့လလောက်က ထပ်မံတိုင်ကြားခဲ့တာနဲ့ပတ်သက်ပြီး ကော်မရှင်က အောက်တိုဘာ ၁ ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။ အကြောင်းပြန်ကြားစာမှာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၂၂အရ စစ်ဆေးပိုင်ခွင့်မရှိတာ
ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ထမ်းဆောင်နေစဉ် အစိုးရဘဏ္ဍာ‌ငွေ သုံးစွဲမှုများနဲ့ပတ်သက်လို့ အဂတိလိုက်စားမှုများ ရှိမရှိကို စုံစမ်းစစ်ဆေးပေးရန်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အချို့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ် စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာပါ ပြည်နယ်အတွင်းမြေယာရှူခင်းပြုပြင်မှုတွေမှာ ငွေကြေးသုံးစွဲမှုဖော်ပြထားချက်အတွေရ ပြင်ပမှာအမှန်တစ်ကယ်ကုန်ကျငွေထက်
အဆမတန်များပြားနေတာအပေါ်အခြေခံပြီး ဝန်ကြီးချုပ်ကို လွှတ်တော်မှာစွပ်စွဲ ပြစ်တင်တဲ့အဆိုကို မဲခွဲဆုံး ဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲနဲ့ လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့တာကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူကို နိုင်ငံတော်သမ္မတက တာဝန်မှရပ်နားခဲ့တာလည်း ဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံးမှာ လာမည့် အောက်တိုဘာလ ၆ ရက် ကြားနာမည် ဖြစ်ပြီး လျှောက်လဲချက်ကြားနာခြင်းနဲ့စပ်လျဉ်းပြီး အများပြည်သူသိရှိစေရန် https://youtu.be/ikE_PCleP38 မှ တိုက် ရိုက်ထုတ်လွှင့်သွားမယ်လို့အဆိုပါရုံးကထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ကယားဝန်ကြီးချုပ် #ဦးအယ်လ်ဖောင်းရှိူ

zawgyi

ကယားဝန္ခ်ဳပ္ေဟာင္းကို စစ္ေဆးခြင့္မရွိဘူးလို႔ အဂတိေကာ္မရွင္ အေၾကာင္းျပန္

ေနျပည္ေတာ္၊ ေအာက္တိုဘာ၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ထံတိုင္ ၾကားထားတဲ့ကိစၥ ေကာ္မရွင္က စစ္ေဆးခြင့္မရွိေၾကာင္း အေၾကာင္းျပန္တယ္လို႔ တိုင္ၾကားသူေတြဆီကသိရပါတယ္။

“စတုတၳအႀကိမ္ ျပင္ဆင္ခ်က္ဥပေဒအသစ္ေၾကာင့္ စစ္ေဆးခြင့္မရွိဘူးလို႔ဆိုတယ္။ဥပေဒျပင္ဆင္ၿပီးတိုင္း လုပ္ခ်င္ရာလုပ္ၿပီး ဒီလိုပဲၿပီးသြားမွာပဲျဖစ္ေနပါတယ္။ ဒါဆို အရင္အစိုးရေတြနဲ႔တူတူလို႔ေျပာရမလိုျဖစ္ပါတယ္” လို႔ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ကိုစြပ္စြဲျပစ္တင္
မႈမ်ား ဦးေဆာင္ျပဳလုပ္ခဲ့သူ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ခူးသဲရယ္က ေျပာဆိုပါတယ္။

ကယာားျပည္နယ္လႊတ္ေတာ္က ဝန္ႀကီးခ်ဳပ္ကို အဂတိလိုက္စားမႈနဲ႔ အေရးယူ
ေပးဖို႔ ၿပီးခဲ့တဲ့လေလာက္က ထပ္မံတိုင္ၾကားခဲ့တာနဲ႔ပတ္သက္ၿပီး ေကာ္မရွင္က ေအာက္တိုဘာ ၁ ရက္ေန႔က အေၾကာင္းၾကားစာ ေပးပို႔ခဲ့တာပါ။ အေၾကာင္းျပန္ၾကားစာမွာ
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ၂၂အရ စစ္ေဆးပိုင္ခြင့္မရွိတာ
ျဖစ္တယ္လို႔ သိရပါတယ္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ တာဝန္ထမ္းေဆာင္ေနစဥ္ အစိုးရဘ႑ာ‌ေငြ သုံးစြဲမႈမ်ားနဲ႔ပတ္သက္လို႔ အဂတိလိုက္စားမႈမ်ား ရွိမရွိကို စုံစမ္းစစ္ေဆးေပးရန္အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ထံသို႔ၿပီးခဲ့တဲ့ စက္တင္ဘာလ ၈ ရက္ေန႔မွာ ကယားျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕က တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

ကယားျပည္နယ္ စာရင္းစစ္ခ်ဳပ္႐ုံးအစီရင္ခံစာပါ ျပည္နယ္အတြင္းေျမယာရႉခင္းျပဳျပင္မႈေတြမွာ ေငြေၾကးသုံးစြဲမႈေဖာ္ျပထားခ်က္အေတြရ ျပင္ပမွာအမွန္တစ္ကယ္ကုန္က်ေငြထက္
အဆမတန္မ်ားျပားေနတာအေပၚအေျခခံၿပီး ဝန္ႀကီးခ်ဳပ္ကို လႊတ္ေတာ္မွာစြပ္စြဲ ျပစ္တင္တဲ့အဆိုကို မဲခြဲဆုံး ျဖတ္ခဲ့ရာ ေထာက္ခံမဲ ၁၆ မဲ၊ ကန႔္ကြက္မဲ ၄ မဲနဲ႔ လႊတ္ေတာ္က အတည္ျပဳ ဆုံးျဖတ္ခဲ့တာေၾကာင့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရွိူကို ႏိုင္ငံေတာ္သမၼတက တာဝန္မွရပ္နားခဲ့တာလည္း ျဖစ္ပါတယ္။

စြပ္စြဲျပစ္တင္မႈေတြနဲ႔ပတ္သက္လို႔ ႏိုင္ငံေတာ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပ‌ေဒဆိုင္ရာ ခုံ႐ုံးမွာ လာမည့္ ေအာက္တိုဘာလ ၆ ရက္ ၾကားနာမည္ ျဖစ္ၿပီး ေလွ်ာက္လဲခ်က္ၾကားနာျခင္းနဲ႔စပ္လ်ဥ္းၿပီး အမ်ားျပည္သူသိရွိေစရန္ https://youtu.be/ikE_PCleP38 မွ တိုက္႐ိုက္ထုတ္လႊင့္သြားမယ္လို႔အဆိုပါ႐ုံးကထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #ကယားဝန္ႀကီးခ်ဳပ္ #ဦးအယ္လ္ေဖာင္းရွိူ

Related posts

Leave a Comment

VOM News

FREE
VIEW