စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီးနဲ့ ခရိုင်အဆင့်က လူကြီးတချို့ ဟိုတယ်ကွာရန်တင်းဝင်နေရ

စစ်ကိုင်းတိုင်း စည်ပင်ဝန်ကြီးနဲ့ ခရိုင်အဆင့်က လူကြီးတချို့ ဟိုတယ်ကွာရန်တင်းဝင်နေရ

မုံရွာ ၊ အောက်တိုဘာ ၂ – ၂၀၂၀
ကိုတိုးကြီး ( VOM)

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီးတစ်ယောက်နဲ့ ခရိုင် ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် လူကြီးတွေကို အောက်တိုဘာ ၁ ရက်ည ၉ နာရီက စလို့ အသွားအလာ ကန့်သတ်လိုက်ပါတယ်။

ရန်ကုန်ကနေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မိုင်းလုပ်ငန်းသုံး ပစ္စည်းတွေလာပို့တဲ့ ကားသမားအဖွဲ့ထဲက ၇ ယောက်ဟာ ကိုဗစ် – ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာဖြစ်တယ်လို့ မနေ့ည ၈ နာရီ သတင်းမှာ ဖော်ပြပြီးတဲ့နောက် ဝန်ကြီးတစ်ယောက်အပါအဝင် ခရိုင် ၊ မြို့နယ် စီခန့်က လူကြီးတွေကို အသွားအလာ ကန်သတ်လိုက်တာပဲဖြစ်ပါတယ်။

” စည်ပင်ဝန်ကြီးနဲ့ ခရိုင်ထွေအုပ်၊ ခရိုင်ရဲမှူးနဲ့အဖွဲ့ကို ဟိုတယ် ဘသောင်းမှာ ကွာရန်တီးထားပြီး အသွားအလာ ကန့်သတ်လိုက်တာပါ.” လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံးက အတည်ပြု ပြောပါတယ်။

ဒါ့အပြင် အလုံရပ်ကွက် ၊ အိုးဘိူတောင် ရပ်ကွက်က အုပ်ချုပ်ရေး အဖွဲ့ဝင် ရပ်ကွက်လူကြီး တချို့ဟာလည်း ပိုးတွေ့အတည်ပြု လူနာ ကားသမားတွေကို ကွာရန်တီးထားဖို့ ကြီးကြပ်ရာမှာ ပါဝင်ခဲ့တာကြောင့် သူတို့ကိုလဲ သက်ဆိုင်ရာ ရပ်ကွက်ထဲက စာသင်ကျောင်းတွေမှာ ကွာရန်တီးဝင်နေကြတယ်လို့ သိရပါတယ်။

လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို ရန်ကုန်ကနေ မိုင်းလုပ်ငန်းသုံး ပစ္စည်းတွေ လာရောက်ပို့ပေးတဲ့ တွဲကား ၁၄ စီးနဲ့ ယာဥ်မောင်း ယာဥ်နောက်လိုက် ၂၇ ယောက်က မုံရွာမြိုကို ဖြတ်သန်းမောင်းနှင်လာတဲ့အတွက် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဲ့ဒီ ကားသမားအဖွဲ့ကို မုံရွာမြို့ပေါ်က အိုးဘိုတောင် စာသင်ကျောင်းမှာ ကွာရန်တင်းထားရှိဖို့ အမိန့်ပေးခဲ့တာကြောင့် ခရိုင်စီမံခန့်ခွဲရေး ကော်မတီ လူကြီးတချို့နဲ့ မြို့နယ်လူကြီးတချို့က သွားရောက် ကြီးကြပ်ခဲ့တာဖြစ်ပါတယ်။
” ဝမ်ပေါင်တွဲကားသမားတွေ ကွာရန်တီးဝင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ထိတွေ့ခဲ့သူ အားလုံးကို အသွားအလာ ကန့်သတ်ထားပြီးဖြစ်ပါတယ် ၊ အစိုးရအဖွဲ့ ဝန်ကြီးနဲ့ လူကြီးတွေကို ဟိုတယ်မှာ ကန့်သတ်ထားသလို ရပ်ကျေး လူကြီးတွေကိုလဲ ရပ်ကွက်ကျောင်းတွေမှာ အသွားအလာ ကန့်သတ်ထားတာပါ ” လို့ မြို့နယ်အုပ်ရေး ဦးစီးမှူး ဦးအာကာမြင့်က ပြောပါတယ်။

ကျန်းမာရေးဌာနရဲ့ အောက်တိုဘာ ၁ ရက်ည သတင်းထုတ်ပြန်ချက်တွေမှာ ဝမ်ပေါင်ကားသမား ၇ ယောက် ၊ အောင်ချမ်းသာ ရပ်ကွက်နေ ၂ ယောက်နဲ့ မုံရွေးကြေမုံဘက်က ၁ ယောက် စုစုပေါင်း ၁၀ ယောက်ဟာ ကိုဗစ် – ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ ပိုးတွေ့လူနာတချို့ကို ကွာရန်တင်းထားဖို့ စီစဥ်ကြီးကြပ်ရာမှာ ပါဝင်ထိတွေ့ခဲ့သူ ခရိုင်လူကြီးတချို့ဟာ မနေ့မနက်က မုံရွာ အထက ၂ ကျောင်းမှာ ဖွင့်လှစ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ လုံခြုံးရေး အထူးရဲသင်တန်းဖွင့်ပွဲကို တက်ရောက်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မုံရွာ #လက်ပတောင်း

Zawgyi

စစ္ကိုင္းတိုင္း စည္ပင္ဝန္ႀကီးနဲ႔ ခ႐ိုင္အဆင့္က လူႀကီးတခ်ိဳ႕ ဟိုတယ္ကြာရန္တင္းဝင္ေနရ

မုံ႐ြာ ၊ ေအာက္တိုဘာ ၂ – ၂၀၂၀
ကိုတိုးႀကီး ( VOM)

စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕ဝင္ စည္ပင္ဝန္ႀကီးတစ္ေယာက္နဲ႔ ခ႐ိုင္ ၊ ၿမိဳ႕နယ္ စီမံခန႔္ခြဲေရးေကာ္မတီ အဖြဲ႕ဝင္ လူႀကီးေတြကို ေအာက္တိုဘာ ၁ ရက္ည ၉ နာရီက စလို႔ အသြားအလာ ကန႔္သတ္လိုက္ပါတယ္။

ရန္ကုန္ကေန လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းကို မိုင္းလုပ္ငန္းသုံး ပစၥည္းေတြလာပို႔တဲ့ ကားသမားအဖြဲ႕ထဲက ၇ ေယာက္ဟာ ကိုဗစ္ – ၁၉ ေရာဂါ ပိုးေတြ႕ အတည္ျပဳလူနာျဖစ္တယ္လို႔ မေန႔ည ၈ နာရီ သတင္းမွာ ေဖာ္ျပၿပီးတဲ့ေနာက္ ဝန္ႀကီးတစ္ေယာက္အပါအဝင္ ခ႐ိုင္ ၊ ၿမိဳ႕နယ္ စီခန႔္က လူႀကီးေတြကို အသြားအလာ ကန္သတ္လိုက္တာပဲျဖစ္ပါတယ္။

” စည္ပင္ဝန္ႀကီးနဲ႔ ခ႐ိုင္ေထြအုပ္၊ ခ႐ိုင္ရဲမႉးနဲ႔အဖြဲ႕ကို ဟိုတယ္ ဘေသာင္းမွာ ကြာရန္တီးထားၿပီး အသြားအလာ ကန႔္သတ္လိုက္တာပါ.” လို႔ စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕႐ုံးက အတည္ျပဳ ေျပာပါတယ္။

ဒါ့အျပင္ အလုံရပ္ကြက္ ၊ အိုးဘိူေတာင္ ရပ္ကြက္က အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ ရပ္ကြက္လူႀကီး တခ်ိဳ႕ဟာလည္း ပိုးေတြ႕အတည္ျပဳ လူနာ ကားသမားေတြကို ကြာရန္တီးထားဖို႔ ႀကီးၾကပ္ရာမွာ ပါဝင္ခဲ့တာေၾကာင့္ သူတို႔ကိုလဲ သက္ဆိုင္ရာ ရပ္ကြက္ထဲက စာသင္ေက်ာင္းေတြမွာ ကြာရန္တီးဝင္ေနၾကတယ္လို႔ သိရပါတယ္။

လက္ပေတာင္းေတာင္ ေၾကးနီစီမံကိန္းကို ရန္ကုန္ကေန မိုင္းလုပ္ငန္းသုံး ပစၥည္းေတြ လာေရာက္ပို႔ေပးတဲ့ တြဲကား ၁၄ စီးနဲ႔ ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္ ၂၇ ေယာက္က မုံ႐ြာၿမိဳကို ျဖတ္သန္းေမာင္းႏွင္လာတဲ့အတြက္ စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က အဲ့ဒီ ကားသမားအဖြဲ႕ကို မုံ႐ြာၿမိဳ႕ေပၚက အိုးဘိုေတာင္ စာသင္ေက်ာင္းမွာ ကြာရန္တင္းထားရွိဖို႔ အမိန႔္ေပးခဲ့တာေၾကာင့္ ခ႐ိုင္စီမံခန႔္ခြဲေရး ေကာ္မတီ လူႀကီးတခ်ိဳ႕နဲ႔ ၿမိဳ႕နယ္လူႀကီးတခ်ိဳ႕က သြားေရာက္ ႀကီးၾကပ္ခဲ့တာျဖစ္ပါတယ္။
” ဝမ္ေပါင္တြဲကားသမားေတြ ကြာရန္တီးဝင္ဖို႔ ကိစၥနဲ႔ ပတ္သက္ၿပီး ထိေတြ႕ခဲ့သူ အားလုံးကို အသြားအလာ ကန႔္သတ္ထားၿပီးျဖစ္ပါတယ္ ၊ အစိုးရအဖြဲ႕ ဝန္ႀကီးနဲ႔ လူႀကီးေတြကို ဟိုတယ္မွာ ကန႔္သတ္ထားသလို ရပ္ေက်း လူႀကီးေတြကိုလဲ ရပ္ကြက္ေက်ာင္းေတြမွာ အသြားအလာ ကန႔္သတ္ထားတာပါ ” လို႔ ၿမိဳ႕နယ္အုပ္ေရး ဦးစီးမႉး ဦးအာကာျမင့္က ေျပာပါတယ္။

က်န္းမာေရးဌာနရဲ႕ ေအာက္တိုဘာ ၁ ရက္ည သတင္းထုတ္ျပန္ခ်က္ေတြမွာ ဝမ္ေပါင္ကားသမား ၇ ေယာက္ ၊ ေအာင္ခ်မ္းသာ ရပ္ကြက္ေန ၂ ေယာက္နဲ႔ မုံေ႐ြးေၾကမုံဘက္က ၁ ေယာက္ စုစုေပါင္း ၁၀ ေယာက္ဟာ ကိုဗစ္ – ၁၉ ေရာဂါ ပိုးေတြ႕အတည္ျပဳလူနာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီ ပိုးေတြ႕လူနာတခ်ိဳ႕ကို ကြာရန္တင္းထားဖို႔ စီစဥ္ႀကီးၾကပ္ရာမွာ ပါဝင္ထိေတြ႕ခဲ့သူ ခ႐ိုင္လူႀကီးတခ်ိဳ႕ဟာ မေန႔မနက္က မုံ႐ြာ အထက ၂ ေက်ာင္းမွာ ဖြင့္လွစ္ခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ လုံၿခဳံးေရး အထူးရဲသင္တန္းဖြင့္ပြဲကို တက္ေရာက္ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္းတိုင္း #မုံ႐ြာ #လက္ပေတာင္း

Related posts

Leave a Comment

VOM News

FREE
VIEW