ပဲခူးတိုင်းအစိုးရက ပုဒ်မ၅၀၅(ခ)နဲ့တရားစွဲဆိုထားတဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ၂ဦး ထောင်ဒဏ် ၂နှစ် ချမှတ်ခံရ

ပဲခူးတိုင်းအစိုးရက ပုဒ်မ၅၀၅(ခ)နဲ့တရားစွဲဆိုထားတဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ၂ဦး ထောင်ဒဏ် ၂နှစ် ချမှတ်ခံရ

နေပြည်တော်၊အောက်တိုဘာ ၂‌-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း‌အစိုးရအဖွဲ့က ကိုဗစ်ပထမလှိုင်းဖြစ်ပွားစဉ်မှာ စက်ရုံလုပ်သားတွေနဲ့ ဦးဆောင်ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပုဒ်မ ၅၀၅(ခ)နဲ့တရားစွဲဆိုခံထားရတဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ၃ဦးထဲက ၂ဦးကို ဒီကနေ့မနက်ပိုင်းက ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်တယ်လို့ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး တိမ်းရှောင်နေသူ ကိုနိုင်နိုင်အောင်က ပြောပါတယ်။

” ကိုဗစ်‌ရောဂါမကူးစက်‌ဖို့အတွက် ကျန်းမာ‌ရေးစောင့်ရှောက်မှုမပေးခဲ့တဲ့ စက်ရုံတာဝန်ရှိသူတွေကို အရေးမယူဘဲ အလုပ်သမားအရေးဆောင်ရွက်ပေးတဲ့သူတွေကို မတရား တရားစွဲဆို‌ထောင်ချတာပါ။ အစိုးရအဖွဲ့က တရားစွဲတယ် ဆိုပေမယ့် ပဲခူးမြို့ NLDပါတီ အလုပ်သမားရေးရာကော်မတီနဲ့ သက်ဆိုင်တယ်လို့ယူဆတယ်”လို့ ကိုနိုင်သူအောင်ကပြောပါတယ်။

ကိုဗစ်ကာလ ပဲခူးစက်မှုဇုန်‌ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေက စက်ရုံပိတ်ပေးဖို့ ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်တယ်လို့ဆိုကာ ပဲခူးမြို့ခံတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုလေးနိုင်၊ ကိုနိုင်နိုင်အောင်နဲ့ ရှေ့နေကို‌စောကျော်စွာဝင်းတို့ ၃ဦးကို ပဲခူးမြို့နယ်တရားရုံးမှာ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပုဒ်မ-၅၀၅(ခ)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်လို့ ကိုလေးနိင်နဲ့ကိုစောကျော်စွာဝင်းတို့ဟာ တရားရင်ဆိုင်ခဲ့ပေမယ့် ကိုနိုင်နိုင်အောင်ဆိုသူကတော့ အမှုကို တရားမျှတမှုမရှိဘူးလို့ ယူဆတဲ့အတွက် တိမ်းရှောင်ခဲ့ခြင်းဖြစ်ပြီး တရားရုံးချိန်ပေါင်း အကြိမ် ၂၀ စစ်ဆေးချိန် ၅လနီးပါးအကြာ အောက်တိုဘာ၂ရက် မနက် ၁၁ နာရီခန့်က ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ ဝန်းရံသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

အမိန့်ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၂နှစ်ထဲမှာ ချုပ်ရက်ခံစားခွင့်ရှိပေမယ့် ရှေ့နေနနဲ့တိုင်ပင်ပြီး အထက်တရားရုံးကို အယူခံဆက်တက်သွားမယ်လို့ တရားစွဲခံရလို့ထောင်ကျသွားခဲ့တယ့် ကိုလေးနိုင်ရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အခုလို အလုပ်သမားအရေးဆောင်ရွက်နေသူတွေကို ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဖွံ့
ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးကို ဖုန်းနဲ့ဆက်သွယ်စုံစမ်းပေးမယ့်
လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #ပဲခူး

Zawgyi


ကောင်းလက်ျာ(VOM)








Related posts

Leave a Comment

VOM News

FREE
VIEW