ညောင်တုန်းမှာ COVID-19 သတိပေးချက်တွေကို လိုက်နာမှုအားနည်းနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်

ညောင်တုန်းမှာ COVID-19 သတိပေးချက်တွေကို လိုက်နာမှုအားနည်းနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်အောက်တိုဘာ၊ ၁၈- ၂၀၂၀
ရှိုင်းအောင်(VOM)

ကိုဗစ်ကာလအတွင်း ညောင်တုန်းမြို့မှာ အခြေခံစားသောက်ကုန် ရောင်းချနေတဲ့ဆိုင်တွေကို အချိန်အကန့်အသက်နဲ့ဖွင့်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် လိုက်နာမှုအားနည်းပြီး COVID-19 အတည်ပြုလူနာတွေများလာတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ချို့က VOM ကိုပြောပါတယ်။

“စိုးရိမ်တယ်၊ ခုဆို လဘက်ရည်ဆိုင်တွေက ဖွင့်တုန်းပဲ နေ့လယ် ၂ နာရီနောက်ပိုင်းဆို ဆိုင်တွေ ပိတ်ရမယ်လို့ ပြောနေပေမယ့် ဖွင့်တဲ့ ဆိုင်တွေက ဖွင့်တုန်းပဲ၊ ခုထပ်တွေ့တဲ့ ၅ ယောက်ကလည်း မြို့ပေါ်မှာ နေသူတွေ သူတို့ဘယ်လို ပိုးကူးလာလည်း ဆိုတာလည်း မသိဘူး၊ အဲ့တော့ မြို့ပေါ်မှာ ပိုးရှိလူနေတွေ ရှိနေသေးလား ကျွန်တော်တို့ စိုးရိမ်တယ်ဗျ” လို့ ညောင်တုန်းမြို့က ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပါတ်သက်ပြီး ညောင်တုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့
” တွေ့ထားတဲ့ သက်ဆိုင်ရာ ပတ်ဝန်းကျင်၊ လမ်းတွေ၊ အိမ်တွေကို Lock Down တော့မချပါဘူး Quarantine သဘောမျိုး အသွားအလာကန့်သက်ထားပါတယ်၊ အတက်နိုင်ဆုံး အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် မိုက်နဲ့ကြေငြာတယ်၊ အတက်နိုင်ဆုံးရပ်ကွက် ဘော်လန်ဒီယာတွေနဲ့ စောင်ံ့ကြည့်ပြီးတောာ့ အသွားအလာကန့်သတ်တာတွေ လုပ်ပါတယ်၊ တစ်ချို့အရာတွေကျ ကျနော်တို့က ချက်ခြင်းပြောလို့မရဘူး ဘာလို့လည်းဆိုတော့ FaceBook ကနေ လိုင်းပေါ်တင်လိုက်တာနဲ့ Positive Contacts တွေက ရှောင်ကုန်ကြတာ၊ အခြေခံစားသောက်ကုန်တွေကတော့ ၂ ချက်ထိုးအထိကို ဖွင့်ခွင့်ပေးထားတယ်၊လ္ဘက်ရည်ဆိုတွေကို ပါဆယ်စနစ်နဲ့ ဒါလည်း ၂ နာရီထိုးအထိပဲ ပါဆယ်ရောင်းဖို့ပြောပါတယ်၊ ဆိုင်တွေကလည်းလိုက်နာကြပါတယ်၊ တစ်ချို့ အနည်းအကျဉ်းလောက် သူတို့ခဏတစ်ဖြုတ်လောက်ပဲထိုင်ပြီး အဲ့ဒါလည်းတော်တော်နည်းပါတယ်၊ အဓိကကတော့ လူတွေတော်တော်များများ လိုက်နာလာကြတဲ့သဘောရှိပါတယ်” လို့ ညောင်တုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေကလည်း ညောင်တုန်းမြို့နယ်၊ အ-ထ-က (၁) Facility Quarantine အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာမှာထားရှိတဲ့ အနံ့မရရှိတဲ့သူ (၅) ဦးကို အောက်တို ဘာလ ၁၆ ရက်နေ့ က (Test Kit) စနစ်နဲ့ စစ်ဆေးခဲ့တဲ့အခါ အဲ့ဒီ (၅) ဦးစလုံးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ညောင်တုန်းမြို့ အ-ထ- က (၂) အရန်ဆေးရုံမှာ သီးသန့်ထားကာ ဆေးကုသပေးနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင် က ပြောပါတယ်။

အဲ့ဒီ ရောဂါပိုးတွေ့ရှိခဲ့သူ ၅ ဦးဟာ ညောင်တုန်းမြို့က အမှတ် (၁) ရပ်ကွက်မှာ နေထိုင်သူ ၂ ဦး၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်သူ ၁ ဦး၊ အမှတ် (၁၀) ရပ်ကွက်မှာနေထိုင်သူ ၁ ဦးနဲ့ ထိပ်ဝလေးကျေးရွာ က ၁ ဦး တို့ဖြစ်ပြီး အဲ့ဒီ COVID အတည်ပြုလူနာ တွေနဲ့ထိတွေ့ဆက်နွယ်မှုရှိတဲ့သူ (၃၇) ဦးကို အ-ထ-က (၁) Facility Quarantine (အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ) တွင်အသွားအလာ ကန့်သတ်ထားတယ်လို့ ညောင်တုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) ရဲ့ ထုတ်ပြန်ချက်အရ ညောင်တုန်းမြို့နယ်မှာ အတည်ပြုလူနာ ၁၆ ဦးအထိရှိနေပြီး Quarantine ဝင်နေသူ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

#VOM #VoiceofMyanmar #ညောင်တုန်း #COVID-19 #ကိုဗစ်အတည်ပြုလူနာ

Zawgy

ေညာင္တုန္းမွာ COVID-19 သတိေပးခ်က္ေတြကို လိုက္နာမႈအားနည္းေနတဲ့အတြက္ ေဒသခံေတြ စိုးရိမ္

ေအာက္တိုဘာ၊ ၁၈- ၂၀၂၀
ရႈိင္းေအာင္(VOM)

ကိုဗစ္ကာလအတြင္း ေညာင္တုန္းၿမိဳ႕မွာ အေျခခံစားေသာက္ကုန္ ေရာင္းခ်ေနတဲ့ဆိုင္ေတြကို အခ်ိန္အကန႔္အသက္နဲ႔ဖြင့္ဖို႔ အစိုးရက ၫႊန္ၾကားထားေပမယ့္ လိုက္နာမႈအားနည္းၿပီး COVID-19 အတည္ျပဳလူနာေတြမ်ားလာတာေၾကာင့္ စိုးရိမ္ေနၾကတယ္လို႔ ေဒသခံတစ္ခ်ိဳ႕က VOM ကိုေျပာပါတယ္။

“စိုးရိမ္တယ္၊ ခုဆို လဘက္ရည္ဆိုင္ေတြက ဖြင့္တုန္းပဲ ေန႔လယ္ ၂ နာရီေနာက္ပိုင္းဆို ဆိုင္ေတြ ပိတ္ရမယ္လို႔ ေျပာေနေပမယ့္ ဖြင့္တဲ့ ဆိုင္ေတြက ဖြင့္တုန္းပဲ၊ ခုထပ္ေတြ႕တဲ့ ၅ ေယာက္ကလည္း ၿမိဳ႕ေပၚမွာ ေနသူေတြ သူတို႔ဘယ္လို ပိုးကူးလာလည္း ဆိုတာလည္း မသိဘူး၊ အဲ့ေတာ့ ၿမိဳ႕ေပၚမွာ ပိုးရွိလူေနေတြ ရွိေနေသးလား ကြၽန္ေတာ္တို႔ စိုးရိမ္တယ္ဗ်” လို႔ ေညာင္တုန္းၿမိဳ႕က ေဒသခံတစ္ဦးကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပါတ္သက္ၿပီး ေညာင္တုန္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအုန္းလြင္ကို ဆက္သြယ္ေမးျမန္းတဲ့အခါမွာေတာ့
” ေတြ႕ထားတဲ့ သက္ဆိုင္ရာ ပတ္ဝန္းက်င္၊ လမ္းေတြ၊ အိမ္ေတြကို Lock Down ေတာ့မခ်ပါဘူး Quarantine သေဘာမ်ိဳး အသြားအလာကန႔္သက္ထားပါတယ္၊ အတက္ႏိုင္ဆုံး အုပ္ခ်ဳပ္ေရးမႉးေတြကေနတစ္ဆင့္ မိုက္နဲ႔ေၾကျငာတယ္၊ အတက္ႏိုင္ဆုံးရပ္ကြက္ ေဘာ္လန္ဒီယာေတြနဲ႔ ေစာင္ံ့ၾကည့္ၿပီးေတာာ့ အသြားအလာကန႔္သတ္တာေတြ လုပ္ပါတယ္၊ တစ္ခ်ိဳ႕အရာေတြက် က်ေနာ္တို႔က ခ်က္ျခင္းေျပာလို႔မရဘူး ဘာလို႔လည္းဆိုေတာ့ FaceBook ကေန လိုင္းေပၚတင္လိုက္တာနဲ႔ Positive Contacts ေတြက ေရွာင္ကုန္ၾကတာ၊ အေျခခံစားေသာက္ကုန္ေတြကေတာ့ ၂ ခ်က္ထိုးအထိကို ဖြင့္ခြင့္ေပးထားတယ္၊လၻက္ရည္ဆိုေတြကို ပါဆယ္စနစ္နဲ႔ ဒါလည္း ၂ နာရီထိုးအထိပဲ ပါဆယ္ေရာင္းဖို႔ေျပာပါတယ္၊ ဆိုင္ေတြကလည္းလိုက္နာၾကပါတယ္၊ တစ္ခ်ိဳ႕ အနည္းအက်ဥ္းေလာက္ သူတို႔ခဏတစ္ျဖဳတ္ေလာက္ပဲထိုင္ၿပီး အဲ့ဒါလည္းေတာ္ေတာ္နည္းပါတယ္၊ အဓိကကေတာ့ လူေတြေတာ္ေတာ္မ်ားမ်ား လိုက္နာလာၾကတဲ့သေဘာရွိပါတယ္” လို႔ ေညာင္တုန္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအုန္းလြင္က ေျပာပါတယ္။

ေအာက္တိုဘာလ ၁၆ ရက္ေနကလည္း ေညာင္တုန္းၿမိဳ႕နယ္၊ အ-ထ-က (၁) Facility Quarantine အသြားအလာကန႔္သတ္ ေစာင့္ၾကည့္ေရးစင္တာမွာထားရွိတဲ့ အနံ႔မရရွိတဲ့သူ (၅) ဦးကို ေအာက္တို ဘာလ ၁၆ ရက္ေန႔ က (Test Kit) စနစ္နဲ႔ စစ္ေဆးခဲ့တဲ့အခါ အဲ့ဒီ (၅) ဦးစလုံးမွာ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ၿပီး ေညာင္တုန္းၿမိဳ႕ အ-ထ- က (၂) အရန္ေဆး႐ုံမွာ သီးသန႔္ထားကာ ေဆးကုသေပးေနတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအုန္းလြင္ က ေျပာပါတယ္။

အဲ့ဒီ ေရာဂါပိုးေတြ႕ရွိခဲ့သူ ၅ ဦးဟာ ေညာင္တုန္းၿမိဳ႕က အမွတ္ (၁) ရပ္ကြက္မွာ ေနထိုင္သူ ၂ ဦး၊ အမွတ္ (၅) ရပ္ကြက္မွာ ေနထိုင္သူ ၁ ဦး၊ အမွတ္ (၁၀) ရပ္ကြက္မွာေနထိုင္သူ ၁ ဦးနဲ႔ ထိပ္ဝေလးေက်း႐ြာ က ၁ ဦး တို႔ျဖစ္ၿပီး အဲ့ဒီ COVID အတည္ျပဳလူနာ ေတြနဲ႔ထိေတြ႕ဆက္ႏြယ္မႈရွိတဲ့သူ (၃၇) ဦးကို အ-ထ-က (၁) Facility Quarantine (အသြားအလာကန႔္သတ္ ေစာင့္ၾကည့္ေရးစင္တာ) တြင္အသြားအလာ ကန႔္သတ္ထားတယ္လို႔ ေညာင္တုန္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအုန္းလြင္က ေျပာပါတယ္။

ေအာက္တိုဘာလ ၁၈ ရက္ေန႔အထိ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန (MOHS) ရဲ႕ ထုတ္ျပန္ခ်က္အရ ေညာင္တုန္းၿမိဳ႕နယ္မွာ အတည္ျပဳလူနာ ၁၆ ဦးအထိရွိေနၿပီး Quarantine ဝင္ေနသူ ၁၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

#VOM #VoiceofMyanmar #ေညာင္တုန္း #COVID-19 #ကိုဗစ္အတည္ျပဳလူနာ

 

Related posts

Leave a Comment

VOM News

FREE
VIEW