ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၄၀ ကျော်ရှိလာ

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၄၀ ကျော်ရှိလာ

ဂျီနီဗာ၊ အောက်တိုဘာ-၁၉-၂၀၂၀
မျိုးဆက်(VOM)

ကမ္ဘာ့မြောက်ပိုင်းဒေသတွေမှာ ဆောင်းရာသီစတင်ချိန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်နေပြီး ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာ ၁၉ ရက်အထိ ရောဂါကူးစက်ခံရသူ စုစုပေါင်းဟာ သန်း ၄၀ ကျော်ထိရှိလာကြောင်း ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ရိုက်တာရဲ့စစ်တမ်းဟာ နိုင်ငံတစ်နိုင်ငံချင်းရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို အခြေခံထားပေမယ့် အချို့နိုင်ငံတွေမှာ စစ်ဆေးမှုအားနည်းတာတွေနဲ့ အစီရင်ခံမှုနည်းပါးတာတွေကြောင့် ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်ဟာ ဒီထက်ပိုမိုများပြားမယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။

စစ်တမ်းအချက်အလက်တွေအရ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ဆက်လက်မြှင့်တက်နေကြောင်းဖော်ပြနေပါတယ်။

ဇန်နဝါရီအစောပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြု့မှာ ရောဂါကို ပထမဆုံးအတည်ပြုပြီးချိန်မှစ၍ ကူးစက်မှု ၁၀ သန်းရောက်ရှိရန် သုံးလကြာပြီး ၄၄ ရက်အတွင်း ၁၀ သန်းကနေ သန်း ၂၀ ထိရောက်ရှိခဲ့ပါတယ်။

သန်း ၂၀ မှ သန်း ၃၀ ထိရောက်ရှိဖို့အတွက် ၃၈ ရက်အတွင်းမြှင့်တက်ခဲ့ပြီး သန်း ၃၀ ကနေ သန်း ၄၀ အထိရောက်ရှိဖို့ ၃၂ ရက်သာကြာမြင့်ခဲ့ပါတယ်။

တစ်ရက်အတွင်း ရောဂါကူးစက်မှုနှုန်းအမြင့်ဆုံးအဖြစ် အောက်တိုဘာ ၁၈ ရက်မှာ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ လေးသိန်းကျော်ရှိပြီး စံချိန်တင် ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတို့ ဖြစ်ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi

ကမၻာတစ္၀န္းမွာ ကိုဗစ္-၁၉ ကူးစက္ခံရသူ သန္း ၄၀ ေက်ာ္ရိွလာ

ဂ်ီနီဗာ၊ ေအာက္တိုဘာ-၁၉-၂၀၂၀
မ်ိဳးဆက္(VOM)

ကမၻာ႔ေျမာက္ပိုင္းေဒသေတြမွာ ေဆာင္းရာသီစတင္ခ်ိန္ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈ တစ္ေက်ာ႔ျပန္ေခါင္းေထာင္ေနျပီး ကမၻာတစ္၀န္းတြင္ ေအာက္တိုဘာ ၁၉ ရက္အထိ ေရာဂါကူးစက္ခံရသူ စုစုေပါင္းဟာ သန္း ၄၀ ေက်ာ္ထိရိွလာေၾကာင္း ရိုက္တာသတင္းဌာနရဲ႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

ရိုက္တာရဲ႕စစ္တမ္းဟာ နို္င္ငံတစ္နိုင္ငံခ်င္းရဲ႕ တရား၀င္ထုတ္ျပန္ခ်က္ေတြကို အေျခခံထားေပမယ္႔ အခ်ိဳ႕နိုင္ငံေတြမွာ စစ္ေဆးမႈအားနည္းတာေတြနဲ႔ အစီရင္ခံမႈနည္းပါးတာေတြေၾကာင္႔ ေရာဂါကူးစက္မႈနဲ႔ ေသဆံုးမႈ အေရအတြက္ဟာ ဒီထက္ပိုမိုမ်ားျပားမယ္လို႔ ကြ်မ္းက်င္သူေတြကေျပာပါတယ္။

စစ္တမ္းအခ်က္အလက္ေတြအရ ေရာဂါကူးစက္ပ်ံ႕နွံ႕မႈဟာ ဆက္လက္ျမွင္႔တက္ေနေၾကာင္းေဖာ္ျပေနပါတယ္။

ဇန္န၀ါရီအေစာပိုင္းမွာ တရုတ္နုိင္ငံ၊ ၀ူဟန္ျမဳ႕မွာ ေရာဂါကို ပထမဆံုးအတည္ျပဳျပီးခ်ိန္မွစ၍ ကူးစက္မႈ ၁၀ သန္းေရာက္ရိွရန္ သံုးလၾကာျပီး ၄၄ ရက္အတြင္း ၁၀ သန္းကေန သန္း ၂၀ ထိေရာက္ရိွခဲ႔ပါတယ္။

သန္း ၂၀ မွ သန္း ၃၀ ထိေရာက္ရိွဖို႔အတြက္ ၃၈ ရက္အတြင္းျမွင္႔တက္ခဲ႔ျပီး သန္း ၃၀ ကေန သန္း ၄၀ အထိေရာက္ရိွဖို႔ ၃၂ ရက္သာၾကာျမင္႔ခဲ႔ပါတယ္။

တစ္ရက္အတြင္း ေရာဂါကူးစက္မႈနႈန္းအျမင္႔ဆံုးအျဖစ္ ေအာက္တိုဘာ ၁၈ ရက္မွာ ကမၻာတစ္၀န္း ကူးစက္ခံရသူ ေလးသိန္းေက်ာ္ရိွျပီး စံခ်ိန္တင္ ကူးစက္မႈအျမင္႔ဆံုးနုိင္ငံေတြကေတာ႔ အေမရိကန္၊ အိႏိၵယနဲ႔ ဘရာဇီးနိုင္ငံတို႔ ျဖစ္ပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW