သာယာဝတီ အကျဉ်းထောင်မှာ Covid-19ပိုးတွေ့သူ ၁၈၀ ဝန်းကျင်ရှိနေ

အောက်တိုဘာ ၂၃ -၂၀၂၀
နေလင်း+ကောင်းလက်ျာ(VOM)

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူ ၁၆ ဦး Covid-19ရောဂါပိုးတွေ့ရှိခဲ့လို့ အကျဉ်း ကျခံနေရသူနဲ့ဝန်ထမ်း၂၅၀ ကျော်ကို နှာခေါင်းတို့ပတ်နမူနာယူစစ်ဆေးတာမှာ မနေ့က အဖြေအရ ၁၆၀ ထပ်မံစစ်ဆေးတွေ့ရှိ
ခဲ့တယ်လို့ သာယာဝတီအကျဉ်းထောင်ရဲ့ အကြီးတန်းအရာရှိတစ်ဦးထံကသိရှိရပါတယ်။

၁၉ ရက်နေ့က အကျဉ်းသား ၁၆ ဦးပိုး စစ်ဆေးတွေ့ရှိတဲ့အတွက် ထိစပ်ခဲ့သူတွေကို ထပ်မံစစ်ဆေးထားတယ်လို့သိရတယ်။ လက်တလောမှာ အကျဉ်းသားတွေ ကိုဗစ်ပိုးတွေ့ခဲ့တယ် ဆိုတဲ့ ကိစ္စ ပြည်ထဲရေးဘက်ကမှအတည်ပြုပေးမှရမယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ပြောပြပါတယ်။

အောက်တိုဘာ၂၂ ရက်နေ့မှာ သာယာဝတီအကျဉ်းထောင် အိပ်ဆောင်တစ်ခုက အကျဉ်းသား၂၄၀ ကျော်နဲ့အကျဉ်းထောင်ဝန်ထမ်း ၁၁ ဦးကို ရောဂါပို့စစ်ဆေးရာက အကျဉ်းသား ၁၅၇ ဦးနဲ့ဝန်ထမ်း ၃ ဦး စုစုပေါင်း ၁၆၀ ခန့်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ပိုးရှိ လူနာများလာတာကြောင့် ထောင်ထဲမှာဆူပူမှုအချို့ရှိခဲ့တယ်လို့ ကောလဟလထွက်ပေါ်နေပေမယ့် ထောင်ဆူတဲ့ကိစ္စ လုံးဝမရှိဘူးလို့ ထောင်အာဏာပိုင်တွေကပြောပါတယ်။

သာယာဝတီထောင်တွင်း ရောဂါပိုးကူးစက်ခံရတာနဲ့ပတ်သက်လို့ ခရိုင်ကျမ္မာရေးဦးစီးဌာနက တာဝန်ရှိသူ ဒေါက်တာသိန်းနိုင်လင်းကို ဖုန်းဆက်သွယ်စုံစမ်းမေးမြန်းကြည့်တော့ ဝန်ကြီးချုပ် လမ်ကြောင်းကြိုဆိုနေတဲ့အတွက် ဖုန်းနဲ့ဖြေဆိုမှုမလုပ်နိုင်သေးကြောင်းကိုသာ ပြန်လည်ဖြေဆိုပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာတော့ သာယာဝတီက ပိုးတွေ့လူနာတွေအခြေအနေကို PCR နဲ့စစ်ပေးနိုင်သူ ၁၆၆၁ ဦးအနက်ပိုးတွေ့လူနာ ၁၁၈ ဦး၊ Rapid Ag test နဲ့စစ်ပေးနိုင်သူ ၁၅၇၃ ဦးအနက် ပိုးတွေ့လူနာ ၁၈၂ ဦးရှိနေတယ်လို့ အသေးစိတ်တင်ပြထားပေမယ့် ထောင်ထဲက ပိုးတွေ့လူနာစာရင်းကိုတော့ သီးခြားဖေါ်ပြမထားပါဘူး။

သာယာဝတီအကျဥ်း‌ေထာင်ထဲမှကိုဗစ် ပိုးတွေ့လူနာအခြေအနေနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင် ကို ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုပေမယ့် လက်ခံဖြေကြားမှုမပြုခဲ့ပါဘူး။

သာယာဝတီထောင်ထဲမှာ ကိုဗစ်ပိုးတွေ့လူနာများတာနဲ့ပတ်သက်ပြီး ထောင်ကိုလော့ဒေါင်းချထားတာမှန်ပေမယ့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

#voiceofmyanmar #VOM #သာယာဝတီထောင် #ကိုဗစ်ပိုးတွေ့လူနာ

Zawgy

သာယာဝတီ အက်ဥ္းေထာင္မွာ Covid-19ပိုးေတြ႕သူ ၁၈၀ ဝန္းက်င္ရွိေန

ေအာက္တိုဘာ ၂၃ -၂၀၂-
ေနလင္း+ေကာင္းလက္်ာ(VOM)

ၿပီးခဲ့တဲ့ ရက္ပိုင္းက ပဲခူးတိုင္းေဒသႀကီး သာယာဝတီ အက်ဥ္းေထာင္မွာ အ
က်ဥ္းက်ခံေနရသူ ၁၆ ဦး Covid-19ေရာဂါပိုးေတြ႕ရွိခဲ့လို႔ အက်ဥ္း က်ခံေနရသူနဲ႔ဝန္ထမ္း၂၅၀ ေက်ာ္ကို ႏွာေခါင္းတို႔ပတ္နမူနာယူစစ္ေဆးတာမွာ မေန႔က အေျဖအရ ၁၆၀ ထပ္မံစစ္ေဆးေတြ႕ရွိ
ခဲ့တယ္လို႔ သာယာဝတီအက်ဥ္းေထာင္ရဲ႕ အႀကီးတန္းအရာရွိတစ္ဦးထံကသိရွိရပါတယ္။

၁၉ ရက္ေန႔က အက်ဥ္းသား ၁၆ ဦးပိုး စစ္ေဆးေတြ႕ရွိတဲ့အတြက္ ထိစပ္ခဲ့သူေတြကို ထပ္မံစစ္ေဆးထားတယ္လို႔သိရတယ္။ လက္တေလာမွာ အက်ဥ္းသားေတြ ကိုဗစ္ပိုးေတြ႕ခဲ့တယ္ ဆိုတဲ့ ကိစၥ ျပည္ထဲေရးဘက္ကမွအတည္ျပဳေပးမွရမယ္လို႔ ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးတစ္ဦးက ေျပာျပပါတယ္။

ေအာက္တိုဘာ၂၂ ရက္ေန႔မွာ သာယာဝတီအက်ဥ္းေထာင္ အိပ္ေဆာင္တစ္ခုက အက်ဥ္းသား၂၄၀ ေက်ာ္နဲ႔အက်ဥ္းေထာင္ဝန္ထမ္း ၁၁ ဦးကို ေရာဂါပို႔စစ္ေဆးရာက အက်ဥ္းသား ၁၅၇ ဦးနဲ႔
ဝန္ထမ္း ၃ ဦး စုစုေပါင္း ၁၆၀ ခန႔္ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ၿပီး ပိုးရွိ လူနာမ်ားလာတာေၾကာင့္ ေထာင္ထဲမွာဆူပူမႈအခ်ိဳ႕ရွိခဲ့တယ္လို႔ ေကာလဟလထြက္ေပၚေနေပမယ့္ ေထာင္ဆူတဲ့ကိစၥ လုံးဝမရွိဘူးလို႔ ေထာင္အာဏာပိုင္ေတြကေျပာပါတယ္။

သာယာဝတီေထာင္တြင္း ေရာဂါပိုးကူးစက္ခံရတာနဲ႔ပတ္သက္လို႔ ခ႐ိုင္က်မၼာေရးဦးစီးဌာနက တာဝန္ရွိသူ ေဒါက္တာသိန္းႏိုင္လင္းကို ဖုန္းဆက္သြယ္စုံစမ္းေမးျမန္းၾကည့္ေတာ့ ဝန္ႀကီးခ်ဳပ္ လမ္ေၾကာင္းႀကိဳဆိုေနတဲ့အတြက္ ဖုန္းနဲ႔ေျဖဆိုမႈမလုပ္ႏိုင္ေသးေၾကာင္းကိုသာ ျပန္လည္ေျဖဆိုပါတယ္။ သူ႔ရဲ႕ ကိုယ္ပိုင္လူမႈကြန္ယက္စာမ်က္ႏွာမွာေတာ့ သာယာဝတီက ပိုးေတြ႕လူနာေတြအေျခအေနကို PCR နဲ႔စစ္ေပးႏိုင္သူ ၁၆၆၁ ဦးအနက္ပိုးေတြ႕လူနာ ၁၁၈ ဦး၊ Rapid Ag test နဲ႔စစ္ေပးႏိုင္သူ ၁၅၇၃ ဦးအနက္ ပိုးေတြ႕လူနာ ၁၈၂ ဦးရွိေနတယ္လို႔ အေသးစိတ္တင္ျပထားေပမယ့္ ေထာင္ထဲက ပိုးေတြ႕လူနာစာရင္းကိုေတာ့ သီးျခားေဖၚျပမထားပါဘူး။

သာယာဝတီအက်ဥ္း‌ေထာင္ထဲမွကိုဗစ္ ပိုးေတြ႕လူနာအေျခအေနနဲ႔ပတ္သက္ၿပီး အက်ဥ္းဦးစီးဌာန ေျပာ ေရးဆိုခြင့္ရွိသူ ဦးရဲရင့္ႏိုင္ ကို ဖုန္းအႀကိမ္ႀကိမ္ေခၚဆိုေပမယ့္
လက္ခံေျဖၾကားမႈမျပဳခဲ့ပါဘူး။

သာယာဝတီေထာင္ထဲမွာ ကိုဗစ္ပိုးေတြ႕လူနာမ်ားတာနဲ႔ပတ္သက္ၿပီး ေထာင္ကိုေလာ့ေဒါင္းခ်ထားတာမွန္ေပမယ့္ ေဒသခံေတြကေတာ့ စိုးရိမ္မႈေတြရွိေနတယ္လို႔လည္း ေဒသခံေတြက ဆိုၾကပါတယ္။

#voiceofmyanmar #VOM #သာယာဝတီေထာင္ #ကိုဗစ္ပိုးေတြ႕လူနာ

 

Related posts

Leave a Comment

VOM News

FREE
VIEW