တနင်္သာရီမြို့နယ်ထဲက ကျေးရွာတစ်ရွာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိ

အောက်တိုဘာ ၂၅-၂၀၂၀
သိင်္ဂီထွန်း(VOM)

တနင်္သာရီမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ရွေးကောက်ပွဲကျင်းပဖို့ အားလုံးဆောင်ရွက်ထားပေမယ့်လည်း ကိုဗစ်ဒုတိယလှိုင်းကြောင့် ဆက်သွယ်ရေးလမ်းကြောင်းအဆင်မပြေတဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတော့ဘူးလို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးကပြောပါတယ်။

ခုလို ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

“ အဲ့ဒီရွာရဲ့ လူမှုစီးပွားအခြေခံကိစ္စတွေကို သူတို့က ယိုးဒယားဘက်ပဲဆင်းလုပ်ကြတာ။အဲ့ဒီမှာက မဲရုံတစ်ရုံထဲရှိတာ။ အဲ့ဒီရွာက သွားချင်လာချင်ရင် ယိုးဒယားဘက်ကို မောတောင်ဆိုတဲ့ border passရှိတဲ့ အဲ့ဒီဘက်ကထွက်ရတယ်။ အဲ့ဒီကနေထွက်ပြီးတော့မှ ယိုးဒယားနိုင်ငံထဲသွားရတယ်၊ သွားပြီးတော့မှ အဲ့ဒီရွာဘက်ကိုသွားရတယ်။ အဲ့ဒီတော့ ပထမအကြိမ်မဲစာရင်းကြေငြာခဲ့တုန်းက ယိုးဒယားထဲကနေ သွားလာခဲ့ရတယ်။ အခုယိုးဒယားက ကိုဗစ်ဒုတိယလှိုင်းမှာပိတ်ထားလိုက်တော့ အဲ့ဒီကိစ္စတွေက သွားဖို့လာဖို့က အဆင်မပြေတော့ဘူး။ အဓိက သွားလာဆက်သွယ်ရေးအရပေါ့”လို့ ဦးထိန်လင်းဦးကပြောပါတယ်။

ရွေးကောက်ပွဲမကျင်းပတော့တဲ့ ကျေးရွာဟာ တနင်္သာရီမြို့နယ်ထဲက အေးမွန်သာရွာဖြစ်ပြီး အဲ့ဒီရွာမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၇၀၀ ကျော်ရှိတဲ့အပြင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်းတွေကိုလည်း ကြေငြာထားပြီးသားရွာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၀ -၂၀၁၅ ခုနှစ်မှာကျင်းကခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဥိးအောင်ကျော်ဟိန်းက ပြောပါတယ်။

“ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခလည်းမရှိခဲ့ဘဲ တည်ငြိမ်းအေးချမ်းခဲ့တယ်။ ခု လမ်းခရီးခက်ခဲခြင်းတစ်ခုတည်းအတွက် ရွာကမဲရုံကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲပေးနိုင်သူမဲဆန္ဒရှင် ၇၅၁ ဦး၊ မဲပေးပိုင်ခွင့်နဲ့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးသွားခဲ့ရပြီ”လို့ ဦးအောင်ကျော်ဟိန်းကပြောပါတယ်။

တနင်္သာရီမြို့နယ်တစ်ခုလုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်းက ၇သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

Photo – တနင်္သာရီတိုင်းဒေသကြီး
#voiceofmyanmar #VOM #တနင်္သာရီ #ရွေးကောက်ပွဲမကျင်းပတဲ့ရွာ

Related posts

Leave a Comment

VOM News

FREE
VIEW