NLDပါတီကို အင်းအားပြထောက်ခံမှုပြုလုပ်ခဲ့တဲ့ ရွှေလီရောက် မြန်မာအလုပ်သမားတွေ မဲပေးခွင့်မရဖြစ်နေ

အောက်တိုဘာ ၂၇-၂၀၂၀
အေးချမ်းသူ(VOM)

NLD အောင်နိူင်ရေးအတွက် အင်အားပြလှည့်လည်ခဲ့တဲ့ ရွှေလီက မြန်မာအလုပ်သမားတွေကို အလုပ်ရှင်တွေက မဲပေးခွင့်မပြုတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးနေရတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

ရွှေလီရောက်မြန်မာတွေ မဲပေးခွင့်ရရှိရေး ချိတ်ဆက်စီစဉ်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘူးလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က VOMကို
ပြောပါတယ်။

“သူတို့က တရုတ်အစိုးရရယ် အလုပ်ရှင်ရယ် မြန်မာရွှေပြောင်းအလုပ်သမားရယ် ကိုဗစ်ကာလမှာ သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးတာရှိတယ်၊ long time ရှိတယ်၊ ဒီကိုလာပြီး ဟိုဘက်ပြန်သွားလို့မရဘူး”လို့ ဝန်ကြီးဦးစိုးညွန့်လွင်ကရှင်းပြပါတယ်။

အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ်မြို့နယ်မြန်မာရွှေပြောင်းအလုပ်သမားအရင်းအမြစ်စင်တာမှ တာန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့” တရုတ်ပြည်နယ်က မြန်မာရွှေပြောင်းအလုပ်သမားတွေ မဲပေးခွင့်နဲ့ပတ်သက်ပြီး သိရှိခြင်းမရှိဘူး၊ လက်ရှိအခြေအနေမှာ ခြောက်လခန့်နေသူများသာ မဲပေးခွင့်ရရှိပြီး ကျန်တဲ့အကြောင်းအရာတွေကို ရွေးကောက်ပွဲကော်မရှင်ကိုမေးမြန်းမှသာ သိရှိမှာဖြစ်တယ်”လို့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သား ၉၀၀ ခန့်ဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိဖို့ကြိုးပမ်းတဲ့အနေနဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က အင်အားပြလှည့်လည်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုအင်အားပြလှည့်လည်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကိုဗစ်ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်တွေကို‌‌ ဖောက်ဖျက်တယ်ဆိုကာ တရုတ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွှတ်မြောက်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရွှေလီ #မြန်မာရွှေ့ပြောင်းလုပ်သား #မဲပေးခွင့်မရဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW