ယာဉ်ထိန်းရဲကိုယ်တိုင် လိုင်စင်မဲ့ကားသယ်လာတာကို ရွှေဘိုမှာဖမ်းမိ

အောက်တိုဘာ ၂၈-၂၀၂၀
ကိုတိုးကြီ (VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၆ ရက်က ယာဉ်ထိန်းရဲကိုယ်တိုင် လိုင်စင်မဲ့ကားသယ်လာတာကို ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

” လိုင်စင်မဲ့ကားပေါ်မှာပါလာတဲ့ ယာဉ်ထိန်းရဲက အမှတ်(၁၇) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုက ရဲတပ်သား ဖြစ်ပါတယ်။ ရဲစည်ကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက် လုပ်ကိုင်နေပါတယ်”လို့ နေပြည်တော်အခြေစိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံပဲ မောင်းနှင်ထွက်ပြေးသွားတဲ့ လိုင်စင်မဲ့ကားတစ်စီးကို တာဝန်ကျယာဉ်ထိန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးတဲ့အခါ ကားပေါ်ကနေ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ယောက် လိုက်ပါလာတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရွှေဘိုမြို့မရဲစခန်းက (ပ) ၆၂၀/၂၀၂၀၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ-၈ အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #ယာဉ်ထိန်းရဲ #လိုင်စင်မဲ့ကားဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW