အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၂၇-၂၀၂၀ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးကျောင်းတစ်ခုမှာ စာသင်ကြားနေစဉ်အတွင်း ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးသွားပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ နိုင်ငံမြောက်ပိုင်း ပက်ရှဝါမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၂၀ နဲ့ ၃၀ အကြားဖြစ်ပြီး လူဒါဇင်များစွာဒဏ်ရာရရှိတဲ့အထဲမှာ အသက် ၁၃ နှစ်အရွယ် ကလေးလေးဦးပါဝင်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ တစ်စုံတစ်ဦးဟာ အဆောက်အဦထဲကို အိတ်တစ်လုံးနဲ့ဝင်သွားပြီး များမကြာမီမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ရဲတပ်ဖွဲ့ကို ပြောပါတယ်။ အာဖဂန်နစ္စတန်နယ်စပ်နဲ့နီးတဲ့ ပက်ရှဝါမြို့ဟာ မကြာသေးမီနှစ်တွေအတွင်း တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အဆိုးရွားဆုံးအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ခြောက်နှစ်ကလည်း သေနတ်သမားတွေဟာ ပက်ရှဝါမြို့ရှိ စစ်သင်တန်းကျောင်းတစ်ခုကို စီးနှင်းတိုက်ခိုက်မှုကြောင့်…
Read MoreMonth: October 2020
တနင်္သာရီတိုင်းမှာ ကြိုတင်မဲပေးမယ့်သူ တစ်သိန်းနှစ်သောင်းကျော်ရှိ
အောက်တိုဘာ ၂၇-၂၀၂၀ သိင်္ဂီထွန်း ( VOM) တနင်္သာရီတိုင်းမှာ အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲပေးသူပေါင်း ၁သိန်း ၂သောင်း ကျော်ရှိပြီး ကြိုတင်မဲပေးခြင်းကို လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအဆင့် ၊ တိုင်းဒေသကြီးအဆင့်နဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ကြမယ့် အဖွဲ့အစည်းတွေအနေနဲ့လည်း အောက်တိုဘာလ ၂၉ ရက်ကနေစပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးနိုင်တယ်လို့ သိရပါတယ်။ “ကြိုတင်မဲပေးတဲ့အခါ အိမ်တိုင်ရာရောက်ကောက်မယ့်အစီအစဉ်လည်းရှိတယ်။ မဲဆန္ဒရှင်ကိုယ်တိုင်က ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးကို လာပေးနိုင်ရင်ပေး ၊ မပေးနိုင်လို့အိမ်ကိုလာကောက်ပေးပါဆိုရင်လည်း ကျနော်တို့က လှည့်လည်ပြီး ကောက်ပေးမှာဖြစ်တယ်”လို့ တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးကပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၅ သိန်းဝန်းကျင်ရှိပြီး အဲ့ဒီအထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမအကြိမ်မဲပေးခွင့်ရရှိသူက…
Read Moreကချင်ပြည်နယ်ခေါင်လံဖူးမှာ မဲရုံတာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေရဲ့အခက်အခဲ
အောက်တိုဘာ ၂၇-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ ခေါင်လန်ဖူးမြို့နယ်၊ ထရီဝမ်ခေါင်မဲရုံးမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်း ၅ ဦး ပူတာအို – ခေါင်လန်ဖူးကြားမှာ လမ်းပြို ၊ ကားပျက်ပြီး ဒုက္ခရောက်နေတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့နေတာဖြစ်ပါတယ်။ အခုလို မဲရုံတွေမှာတာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး တွေ့ကြုံနေရတာကို အကြောင်းစုံသိရဖို့ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး ဦးစိုးနီ ကို ဖုန်းနဲ့ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။ VOM – ခေါင်လန်ဖူးမြို့နယ်၊ ထရီဝမ်ခေါင်မဲရုံမှာ တာဝန်ကျတဲ့ ဆရာ/ဆရာမ ၅ ဦး ကားလမ်းပြို၊ ကားပျက်ပြီး ရက်အတန်ကြာ အခက်အခဲဖြစ်နေကြတယ်လို့ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီက အခြေအနေလေး ပြောပေးပါအုန်းဆရာ။ ဆရာဦးစိုးနီ – အဲ့ဒီဟာကလေ လိုင်းပေါ်မှာတင်တာက သတင်းအမှားဖြစ်နေတယ်။ ဖြစ်တာက ဆွမ်ပရာဘွမ်နဲ့ ပူနာအိုကြားက ပြိုတဲ့နေရာကို ရိုက်ပြီး…
Read Moreအာမေးနီးယားနဲ့ အဇာဘိုင်ဂျန်စစ်ပွဲ တတိယမြောက်အပစ်ရပ်ရေး သဘောတူချက် ပျက်ပြားပြန်
ဘာကူး၊ အောက်တိုဘာ-၂၇-၂၀၂၀ မျိုးဆက် (VOM) နာဂေါ်နို-ခါရာဘတ်ဒေသအငြင်းပွားမှုအပေါ် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား အောက်တိုဘာ ၂၆ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ဝင်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ထပ်မံပျက်ပြားသွားပြန်ပါတယ်။ ဒီအပစ်ရပ်ရေးသဘောတူညီချက်ဟာ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် နှစ်နိုင်ငံအကြား ရရှိခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့တာဖြစ်ပါတယ်။ အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်တာနဲ့ပတ်သက်ပြီး နှစ်ဘက်အပြန်အလှန်စွပ်စွဲနေကြေပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အပေါ် အခုလအစောပိုင်းမှာ ရရှိခဲ့တဲ့ အခြားအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှစ်ခုဟာလည်း ကြေညာပြီးချက်ချင်း ပျက်ပြားခဲ့ပါတယ်။ နှစ်နိုင်ငံအကြား တိုက်ပွဲတွေဟာ တောင်တန်းဒေသမှာ စက်တင်ဘာ ၂၇ ရက်ကတည်းက ဖြစ်ပွားနေပြီး မကြာသေးမီရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။ နောက်ဆုံးရရှိခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အမေရိကန်၊ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအစိုးရတို့က အောက်တိုဘာ ၂၅ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက် မနက်…
Read Moreသိမ်ဇရပ်ဂိတ်မှာ တရုတ်နိုင်ငံသား ၄ ဦးနဲ့ လက်နက်အချို့ဖမ်းဆီးရမိ
အောက်တိုဘာ၂၇-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ စစ်တောင်းတံတား Covid-19 စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာလ၂၅ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသား ၂ ဦးမောင်းလာတဲ့ ကားပေါ်ကနေ လက်နက်အချို့နဲ့အတူ တရုတ်နိုင်ငံသား ၄ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှစုံစမ်းသိရှိရပါတယ်။ ” လက်နက်ကိုင်အဖွဲ့ကလို့ပြောတဲ့ အမျိုးသားနှစ်ဦးကို လက်နက်တွေနဲ့အတူဖမ်းမိခဲ့တာပါ။ မြဝတီက ခေါ်ဆောင်လာတဲ့ တရုတ်နိုင်ငံသားလေးဦးကိုလည်း ကားပေါ်မှာမိတာဖြစ်လို့ သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ထားပါတယ်”လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်ကပြောပါတယ်။ ဖြစ်စဉ်ကတော့ စစ်တောင်းတံတား COVID- 19 စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိနေချိန် မြန်မာနိုင်ငံသား ၂ ဦးမောင်းလာတဲ့ ကားပေါ်မှာ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ဝမ်ဟိုင်မင်း (၃၀ နှစ်)၊ ချိတ်ကျန်ဖုန်း(၃၂ နှစ်)၊ ချန်ထင်ပါး(၂၆ နှစ်)နဲ့ စူးဝမ်ဂျိမ်း(၃၀နှစ်)တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းမိတဲ့ကားကို ဆက်လက်စစ်ဆေးခဲ့ရာ ပစ္စတိုသေနတ် ၁ လက်နဲ့…
Read Moreသတင်းတုသတင်းမှားနဲ့ အမုန်းစကားဖြန့်တာတွေ သတိထား
မန္တလေး-အောက်တိုဘာ ၂၇-၂၀၂၀ နေလင်း+ဆွေလင်းထွန်း (VOM) မြန်မာနိုင်ငံမှာ တံခါးဖွင့်မှုဝါဒကျင့်သုံးလာပြီးနောက် တယ်လီဖုန်းဆင်းကဒ်တွေဟာ လမ်းဘေးမှာ အလွယ်တကူဝယ်လာနိုင်တာမို့ တယ်လီဖုန်းသုံးနိုင်သူများပြားလာသလို ဖေ့ဘုတ်သုံးစွဲသူဟာလည်း သန်း ၂၀ ကျော်လာတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းအရသိရပါတယ်။ ဒီလို လူအများသုံးစွဲလာနိုင်တာဟာ တဖက်ကကောင်းသလို အခြားတဖက်မှာလည်း အင်တာနက်နဲ့ မယဉ်ပါးသေးသူတွေ၊ ဆိုရှယ်မီဒီယာရဲ့သဘောသဘာဝကို နားလည်မှုအားနည်းသူတွေအတွက် အမှားတွေကို အလွယ်လက်ခံမိပြီး အမှန်ထင်ကာ ပြန်လည်ဖြန့်ဝေတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာဟာ အရင်ထက် များပြားလာပါတယ်။ သတင်းတု သတင်းမှားတွေ ပျံ့နှံ့လာတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား…
Read Moreပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေးကောင်း/ မကောင်း ဘယ်လိုစစ်မလဲ
ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။
Read Moreထိပ်တိုက်တွေ့တာထက် ဖွဲ့စည်းပုံရဲ့ ပေးထားချက်တွေကို ဦးစားပေးသင့်
ထိပ်တိုက်တွေ့တာထက် ဖွဲ့စည်းပုံရဲ့ ပေးထားချက်တွေကို ဦးစားပေးသင့် မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀ ” စစ်တပ်နဲ့ထိပ်တိုက်တွေ့တာကိုဘဲ ဆက်တိုက်ဆက်တိုက်လုပ်နေမယ်ဆိုရင် ကျန်တဲ့လုပ်ငန်းတွေပါ ရှေ့မရောက်ဘဲနဲ့ နှောင့်နှေးတာပြည်သူတွေရဲ့နေ့စဉ်ဘဝအတွက် မတိုးတက်တာ အင်မတန်ထိခိုက်တယ်” ကိုကိုကြီး (ပြည်သူ့ပါတီ ဥက္ကဋ္ဌ) ပြည်သူ့ပါတီ (PP) အနေနဲ့ ကိုယ်စားလှယ်လောင်းတွေဘယ်လိုရွေးပြီး ပါတီကြီးတွေနဲ့ ဘယ်လိုပူးပေါင်းမှာလဲ? တိုင်းရင်းသားဒေသတွေငြိမ်းချမ်းရေး ဘယ်လိုမူဝါဒချထားလဲ? ဆိုတာအပါအဝင် ပါတီရဲ့ မူဝါဒတွေ၊ နိုင်ငံရေးခံယူချက်တွေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်ခံယူချက်တွေကိုသိနိုင်ဖို့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကို ဗီအိုအမ်အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံအစီအစဉ်ကို ရှုစားနိုင်ပါပြီ ။ #voiceofmyanmar #VOM #PP #ကိုကိုကြီး #ပြည်သူ့ပါတီ zawgy ထိပ်တိုက်တွေ့တာထက် ဖွဲ့စည်းပုံရဲ့ ပေးထားချက်တွေကို ဦးစားပေးသင့် မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀ ” စစ်တပ်နဲ့ထိပ်တိုက်တွေ့တာကိုဘဲ ဆက်တိုက်ဆက်တိုက်လုပ်နေမယ်ဆိုရင် ကျန်တဲ့လုပ်ငန်းတွေပါ ရှေ့မရောက်ဘဲနဲ့ နှောင့်နှေးတာပြည်သူတွေရဲ့နေ့စဉ်ဘဝအတွက် မတိုးတက်တာ အင်မတန်ထိခိုက်တယ်” ကိုကိုကြီး…
Read Moreဦးကျော်မြင့်အမှုက သက်သေအချို့ကို ပယ်ချခဲ့
အောက်တိုဘာ ၂၆-၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ် ။ ဒီနေ့ကတော့ ရဲအုပ်သိန်းဌေးက တရားလိုပြုလုပ်ပြီးတော့ ဦးကျော်မြင့်ကို တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ -၂၂၄ အရ ထောင်ပြေးမှုမှာ တရားခံပြသက်သေ ၁ ဦး စစ်ဆေးခဲ့ပါတယ်၊ တရားခံဘက်ကနေ သက်သေကို ၆ ဦး တင်ပြထားသော်လည်း ကျန်တဲ့ ၅ ဦးကို ပယ်သွားပါတယ်၊ ပယ်သွားတဲ့အတွက် ကျနော်တို့က နောက်လာမယ့် ရုံးချိန်းမှာ လျှောက်လဲချက် ကြားနားမှာ ဖြစ်ပြီးတော့ လျှောက်လဲချက်ကြားနာပြီးနောက်ပိုင်းမှာ အမိန့်ချဖို့ ဆက်ချိန်းဆိုမှာဖြစ်ပါတယ်၊ အဲ့ဒီ အမှုနံပါတ်ကတော့ ၇၈၃/၂၀၂၀ ပါ ။ နောက်တစ်မှု့ ကတော့အမှု့နံပါတ် ၈၃၇/၂၀၂၀ ဒုရဲမှူးအောင်အောင်မင်းကနေ ဦးကျော်မြင့်အပေါ် တရားစွဲဆိုထားတဲ့ လဝက ပုဒ်မ…
Read Moreရဲအရာရှိလင်မယား စကားများရာကနေ ဇနီးဖြစ်သူက ဓားနဲ့ထိုးလို့ ရဲအရာရှိသေဆုံး
အောက်တိုဘာ ၂၆-၂၀၂၀ ကိုတိုးကြီး(VOM) ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ် (၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှာ မနေ့ အောက်တိုဘာ ၂၅ ရက် ညပိုင်းက ရဲအရာရှိလင်မယား စကားများ ရန်ဖြစ်ရာက ဇနီးဖြစ်သူရဲ့ ခုခံကာကွယ်မှုကြောင့် ရဲအရာရှိတစ်ယောက်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ အမှတ် (၇)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ အမှတ် (၂) အရာခံ အကြပ်ကြီးလိုင်းမှာနေထိုင်တဲ့ ရဲအုပ်တစ်ဦးဟာ မနေ့ အောက်တိုဘာ ၂၅ရက်ညပိုင်းက ဇနီးဖြစ်သူနဲ့ နေအိမ်လိုင်းခန်းမှာ စကားများ ရန်ဖြစ်ချိန် နေအိမ်အတွင်းက အရိုး၊အသွား ၁၂ လက်မ ဓားဦးချွန်တစ်ချောင်းနဲ့ ဇနီးဖြစ်သူကို ထိုးမယ်လို့ ဟန်ပြုခြိမ်းခြောက်စဉ် ဇနီးဖြစ်သူက အဲ့ဒီ ဓားကိုလုယူပြီး ခင်ပွန်းဖြစ်သူရဲ့ ဝဲဘက်နံကြားကို ထိုးသွင်းခဲ့ခြင်းဖြစ်တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ” ဖြစ်တာက မနေ့ကည ၈ နာရီနဲ့ ၉ နာရီအကြားလောက်မှာဖြစ်တာပါ ၊ ဗိုလ်ကြီးကို ကျောက်တန်းပြည်သူ့ဆေးရုံကို…
Read More