တစ်ကြိမ်တစ်ခါထက် ကျော်လွန်ပြီး ကြိုတင်ဆန္ဒမဲပေးသူကို အမှုဖွင့် အရေးယူ

နိုဝင်ဘာ ၅-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူတစ်ယောက်က တစ်ကြိမ်တစ်ခါထက်ကျော်လွန်ပြီး ကြိုတင်ဆန္ဒမဲပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် နိုဝင်ဘာ ၄ ရက်နေ့က အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့မ ရဲစခန်းက အမှုစစ်ရဲအရာရှိ တစ်ယောက်ပြောပြတာက ” ကြိုတင်မဲရုံ ၂ နေရာမှာ ၂ ခါမဲပေးတယ်ဆိုပြီး ဦးထွန်းဝေးက တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာပါ၊ ရဲစခန်းက (ပ)၇၈/၂၀၂၀၊ ပြည်သူလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဆ)အရ အမှုဖွင့်ထားတာ” လို့ ပြောပါတယ်။

ဖောင်းပြင်မြို့က မြိုမိမြို့ဖ တစ်ဦးကလည်း ” ဖောင်းပြင်မှာ မဲရုံမှာပေးခဲ့တဲ့ ကြိုတင်မဲဆန္ဒရှင်ရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖခင်အမည်တွေက ဟဲလှော်မဲရုံမှာ ပေးတဲ့ မဲဆန္ဒရှင်ရဲ့ အချက်အလက်က အားလုံးတူနေတယ်၊ အဲ့ဒါကြောင့် တကြိမ်တခါထက်ကျော်လွန်ပြီး မဲပေးတာဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့တာဖြစ်တယ် ” လို့ ပြောပါတယ်။

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်မှာနေတဲ့ အသက် (၆၀)အရွယ် အမျိုးသားတစ်ဦးက ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက် ကြိုတင်မဲရုံအမှတ်(၁)မှာ ဆန္ဒမဲစာရင်းအမှတ်(၆၈၀)၊ ကြိုတင်မဲစာရင်းအမှတ်(၉၄)အရ အောက်တိုဘာ ၃၀ ရက်က ကြိုတင်မဲပေးခဲ့ပြီးနောက်ပိုင်း ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာက ကြိုတင်မဲရုံအမှတ်(၂) ဆန္ဒမဲစာရင်းအမှတ် ( ၁၀၉၁)အရ နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ နောက်တကြိမ် ကြိုတင်ဆန္ဒမဲ ထပ်ပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖောင်းပြင် #တစ်ကြိမ်တစ်ခါထက်ပိုပြီး #ကြိုတင်မဲပေး

Related posts

Leave a Comment

VOM News

FREE
VIEW