သန်လျင်မှာ ဒု-မဲရုံမှုးတာဝန်ထမ်းဆောင်မယ့် အလယ်တန်းပြဆရာမ ကိုဗစ်ရောဂါနဲ့ကွယ်လွန်

နိုဝင်ဘာ ၆-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဖို့မြေမူလတန်းကျောင်းက ဒု-မဲရုံမှုးအဖြစ်တာဝန်ထမ်းမယ့် အလယ်တန်းပြဆရာမတစ်ဦး ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကနေ သိရပါတယ်။

“ဟုတ်ပါတယ် သေဆုံးတာ၊ ဒါပေမယ့် ဒု-မဲရုံးမှူးတာဝန်မထမ်းဆောင်ရသေးဘူး”လို့ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးသိန်းလှိုင်က VOMကိုပြောပါတယ်။

ဖို့မြေမူလတန်းကျောင်းက အလယ်တန်းပြဆရာမတစ်ဦးဟာ လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ ထန်းတပင်ကုန်းရပ်ကွက်မဲရုံ(၁)မှာ ဒု-မဲရုံမှုးအဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုဝင်ဘာလ ၄ရက်နေ့ နေ့လယ်ပိုင်းက သန်လျင်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

Photo-ThanLyin(IPRD)
#voiceofmyanmar #VOM #သန်လျင် #ကိုဗစ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW