၁၅ ရက်အတွင်း အိမ်မှာနေရမယ့်အပြင် လူစုလူဝေးပြုလုပ်ရင် အရေးယူတော့မယ်

နိုဝင်ဘာ၊ ၁၉- ၂၀၂၀
ရှိုင်းအောင်(VOM)

နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ Stay at Home ကာလအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပြီး စည်းကမ်းလိုက်နာမှုတွေမှရှိဘဲ လူစုလူဝေးနဲ့ ဆန္ဒပြတဲ့သူတွေနဲ့ ဝန်းရံတာတွေပြုလုပ်လာရင် အရေးယူမှုတွေ ဖြစ်လာနိုင်တဲ့ သဘောရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက VOM ကို ပြောပါတယ်။

“နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၅ မှာဆိုရင် Stay at Home အမိန့်တွေကို ထုတ်ပြန်သွားမယ်ဆိုဒါဟာ အရင်တုန်းကဆို Stay at Home လုပ်တယ် မြို့နယ်တွေလုပ်တယ်၊ အခုဆိုရင် ၇၄ မြို့နယ်ရှိပြီ တစ်ခါမှ ကြိုပြီး အများကြီး ကြေငြာထားတာ မရှိဘူး အခုတစ်ခါမှာ ရက်တော်တော်လေးစောပြီးတော့ ကြေငြာထားတယ်ဆိုတာက ပြည်သူတွေကို ALart လုပ်ထားတဲ့သဘောပဲဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာရင်လည်း နောက်ကနေ အရေးယူမှုတွေ လာနိုင်တယ်ဆိုတာကို ကျမအနေနဲ့ ပြောတာဖြစ်ပါတယ်။ ဒါကတော့ အရေးယူမှာဖြစ်ပါတယ်” လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် ကနေ ဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူတွေ နေအိမ်မှာ နေထိုင်ဖို့ ပန်ကြားချက်ကို ထုတ်ပြန်သွားရေးအတွက် COVID–19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ နိုဝင်ဘာ ၁၇ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်က စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်မှုလုပ်ခဲ့တဲ့အဖွဲ့က ဦးဆောင်သူတွေကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားဖို့နဲ့ လိုက်ပါဝန်းရံသူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လိုအပ်တဲ့ပညာပေး ဟောပြောမှုတွေ ဆောင်ရွက်သွားဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ထောက်ပံကြေးပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြတဲ့သူတွေ ခေါင်းဆောင်တွေကို အရေးယူမယ်၊ ရှိတဲ့ဥပဒေတွေနဲ့ အရေးယူမယ်၊ ဝန်းရံတဲ့သူတွေကို ရောဂါကူးဆက်မှုမရှိစေဖို့ ကျန်းမာရေး၊ ပညာပေးတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်မယ်လို့ တိတိလင်း အဲ့ဒီမှာ ရေးသားထားတာ တွေ့ရတာကြောင့် ဒါကိုကြည့်ချင်းအားဖြင့် နောက်ပိုင်းမှာ စည်းကမ်းမရှိတဲ့သူတွေကို အရေးယူမယ့်သဘောကတော့ ထွက်လာဖို့ရှိပါတယ်။ အဓိကကတော့ ဒီရက်တွေမှာ လုံးဝခရီးမသွားဖို့ ဖြစ်ပါတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက VOM ကို ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကအစည်းအဝေးမှာ ကိုဗစ်ကူးစက်မှု မြင့်တက်နိုင်ချေရှိသဖြင့် နို၀င်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ အိမ်မှာသာနေရန် ပန်ကြားချက်ထုတ်ပြန်ရန်ဖို့ ၊ စိုးရိမ်ရတဲ့လူနာဖြစ်ရင် မိသားစု၊ ဆွေမျိုးထဲကနေ လူနာစောင့်တဦး လိုက်ပါခွင့်ပြုဖို့၊ Stay at Home မဟုတ်တဲ့ မြို့နယ်တွေမှာ A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလကုန်မှာ ပြန်ဖွင့်ခွင့်ပြုရန်။ Stay Home မသတ်မှတ်ထားတဲ့ မြို့တွေက တန်ခိုးကြီးဘုရား၊ စေတီတွေကိုတနေ့ ၂ ကြိမ် လူဦးရေကန့်သတ်ချက်ဖြင့် ပြန်လည်ဖူးမျှော်ခွင့်ပြုရန်။ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးညတွေ ဘုရားကျောင်းတွေမှာ လူ၅၀ ထက် မပိုစေပဲ ၀တ်ပြုဆုတောင်းခွင့်ပြုဖို့၊ ဖျော်ဖြေရေးအစီအစဉ်တွေကို ရုပ်မြင်သံကြားကနေ တိုးမြှင့်ထုတ်လွှင့်ဖို့နဲ့ – ကညနလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ကြရန် စတဲ့အချက်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ Covid-19 Positive case ၇၃၃၂၂ ဦးရှိပြီး၊ သေဆုံးသူ ၁၆၅၀ ဦး၊ ရောဂါပျောက်ဆုံးလို့ ဆေးရုံဆင်းခွင့်ရသူ ၅၄၇၆၄ ဦး၊ Covid-19 Positive အတည်ပြုလူနာ ၁၈၅၅၈ ဦးသာကျန်ရှိတော့တယ်လို့ ကျမ္မာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

#VOM #voiceofmyanmar #MOHS #COVID-19 #StayatHome

zawgy

၁၅ ရက္အတြင္း အိမ္မွာေနရမယ့္အျပင္ လူစုလူေဝးျပဳလုပ္ရင္ အေရးယူေတာ့မယ္

ႏိုဝင္ဘာ၊ ၁၉- ၂၀၂၀
ရႈိင္းေအာင္(VOM)

ႏိုဝင္ဘာ ၂၁ ရက္ကေန ဒီဇင္ဘာ ၅ ရက္ေန႔အထိ Stay at Home ကာလအျဖစ္ သတ္မွတ္သြားမွာ ျဖစ္ၿပီး စည္းကမ္းလိုက္နာမႈေတြမွရွိဘဲ လူစုလူေဝးနဲ႔ ဆႏၵျပတဲ့သူေတြနဲ႔ ဝန္းရံတာေတြျပဳလုပ္လာရင္ အေရးယူမႈေတြ ျဖစ္လာႏိုင္တဲ့ သေဘာရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး၊ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးက VOM ကို ေျပာပါတယ္။

“ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ႏိုဝင္ဘာ ၂၁ ကေန ဒီဇင္ဘာ ၅ မွာဆိုရင္ Stay at Home အမိန႔္ေတြကို ထုတ္ျပန္သြားမယ္ဆိုဒါဟာ အရင္တုန္းကဆို Stay at Home လုပ္တယ္ ၿမိဳ႕နယ္ေတြလုပ္တယ္၊ အခုဆိုရင္ ၇၄ ၿမိဳ႕နယ္ရွိၿပီ တစ္ခါမွ ႀကိဳၿပီး အမ်ားႀကီး ေၾကျငာထားတာ မရွိဘူး အခုတစ္ခါမွာ ရက္ေတာ္ေတာ္ေလးေစာၿပီးေတာ့ ေၾကျငာထားတယ္ဆိုတာက ျပည္သူေတြကို ALart လုပ္ထားတဲ့သေဘာပဲျဖစ္ပါတယ္။ စည္းကမ္းမလိုက္နာရင္လည္း ေနာက္ကေန အေရးယူမႈေတြ လာႏိုင္တယ္ဆိုတာကို က်မအေနနဲ႔ ေျပာတာျဖစ္ပါတယ္။ ဒါကေတာ့ အေရးယူမွာျဖစ္ပါတယ္” လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ႏိုဝင္ဘာ ၂၁ ရက္ ကေန ဒီဇင္ဘာ ၅ ရက္အထိ ကာလအတြင္း ျပည္သူေတြ ေနအိမ္မွာ ေနထိုင္ဖို႔ ပန္ၾကားခ်က္ကို ထုတ္ျပန္သြားေရးအတြက္ COVID–19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီအစည္းအေဝးမွာ ေဆြးေႏြးခဲ့တယ္လို႔ ႏိုဝင္ဘာ ၁၇ရက္က ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္က စတုတၳအႀကိမ္ ေငြေၾကးေထာက္ပံ့ေနမႈအေပၚ လူစုလူေဝးနဲ႔ ဆႏၵေဖာ္ထုတ္မႈလုပ္ခဲ့တဲ့အဖြဲ႕က ဦးေဆာင္သူေတြကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားဖို႔နဲ႔ လိုက္ပါဝန္းရံသူေတြကို ကိုဗစ္-၁၉ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈမရွိေစေရးအတြက္ လိုအပ္တဲ့ပညာေပး ေဟာေျပာမႈေတြ ေဆာင္႐ြက္သြားဖို႔လည္း ေဆြးေႏြးခဲ့ၾကပါတယ္။

ေထာက္ပံေၾကးေပးတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဆႏၵျပတဲ့သူေတြ ေခါင္းေဆာင္ေတြကို အေရးယူမယ္၊ ရွိတဲ့ဥပေဒေတြနဲ႔ အေရးယူမယ္၊ ဝန္းရံတဲ့သူေတြကို ေရာဂါကူးဆက္မႈမရွိေစဖို႔ က်န္းမာေရး၊ ပညာေပးတဲ့ ကိစၥရပ္ေတြ ေဆာင္႐ြက္မယ္လို႔ တိတိလင္း အဲ့ဒီမွာ ေရးသားထားတာ ေတြ႕ရတာေၾကာင့္ ဒါကိုၾကည့္ခ်င္းအားျဖင့္ ေနာက္ပိုင္းမွာ စည္းကမ္းမရွိတဲ့သူေတြကို အေရးယူမယ့္သေဘာကေတာ့ ထြက္လာဖို႔ရွိပါတယ္။ အဓိကကေတာ့ ဒီရက္ေတြမွာ လုံးဝခရီးမသြားဖို႔ ျဖစ္ပါတယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး၊ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးက VOM ကို ေျပာပါတယ္။

ႏိုဝင္ဘာ ၁၇ ရက္ကအစည္းအေဝးမွာ ကိုဗစ္ကူးစက္မႈ ျမင့္တက္ႏိုင္ေခ်ရွိသျဖင့္ ႏို၀င္ဘာ ၂၁ မွ ဒီဇင္ဘာ ၅ ရက္ေန႔အထိ အိမ္မွာသာေနရန္ ပန္ၾကားခ်က္ထုတ္ျပန္ရန္ဖို႔ ၊ စိုးရိမ္ရတဲ့လူနာျဖစ္ရင္ မိသားစု၊ ေဆြမ်ိဳးထဲကေန လူနာေစာင့္တဦး လိုက္ပါခြင့္ျပဳဖို႔၊ Stay at Home မဟုတ္တဲ့ ၿမိဳ႕နယ္ေတြမွာ A အဆင့္ သတ္မွတ္ခံရတဲ့ စားေသာက္ဆိုင္၊ လက္ဖက္ရည္ဆိုင္ေတြကို ႏိုဝင္ဘာလကုန္မွာ ျပန္ဖြင့္ခြင့္ျပဳရန္။ Stay Home မသတ္မွတ္ထားတဲ့ ၿမိဳ႕ေတြက တန္ခိုးႀကီးဘုရား၊ ေစတီေတြကိုတေန႔ ၂ ႀကိမ္ လူဦးေရကန႔္သတ္ခ်က္ျဖင့္ ျပန္လည္ဖူးေမွ်ာ္ခြင့္ျပဳရန္။ ခရစ္စမတ္ပြဲေတာ္နဲ႔ ႏွစ္သစ္ကူးညေတြ ဘုရားေက်ာင္းေတြမွာ လူ၅၀ ထက္ မပိုေစပဲ ၀တ္ျပဳဆုေတာင္းခြင့္ျပဳဖို႔၊ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြကို ႐ုပ္ျမင္သံၾကားကေန တိုးျမႇင့္ထုတ္လႊင့္ဖို႔နဲ႔ – ကညနလုပ္ငန္းေတြ ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ စီစဥ္ၾကရန္ စတဲ့အခ်က္ေတြကို ေဆြးေႏြးတိုင္ပင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ Covid-19 Positive case ၇၃၃၂၂ ဦးရွိၿပီး၊ ေသဆုံးသူ ၁၆၅၀ ဦး၊ ေရာဂါေပ်ာက္ဆုံးလို႔ ေဆး႐ုံဆင္းခြင့္ရသူ ၅၄၇၆၄ ဦး၊ Covid-19 Positive အတည္ျပဳလူနာ ၁၈၅၅၈ ဦးသာက်န္ရွိေတာ့တယ္လို႔ က်မၼာေရးဝန္ႀကီးဌာနကထုတ္ျပန္တဲ့စာရင္းအရသိရပါတယ္။

#VOM #voiceofmyanmar #MOHS #COVID-19 #StayatHome

 

Related posts

Leave a Comment

VOM News

FREE
VIEW