၁၅ ရက်အတွင်း အိမ်မှာနေရမယ့်အပြင် လူစုလူဝေးပြုလုပ်ရင် အရေးယူတော့မယ်

နိုဝင်ဘာ၊ ၁၉- ၂၀၂၀ ရှိုင်းအောင်(VOM) နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ Stay at Home ကာလအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပြီး စည်းကမ်းလိုက်နာမှုတွေမှရှိဘဲ လူစုလူဝေးနဲ့ ဆန္ဒပြတဲ့သူတွေနဲ့ ဝန်းရံတာတွေပြုလုပ်လာရင် အရေးယူမှုတွေ ဖြစ်လာနိုင်တဲ့ သဘောရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက VOM ကို ပြောပါတယ်။ “နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၅ မှာဆိုရင် Stay at Home အမိန့်တွေကို ထုတ်ပြန်သွားမယ်ဆိုဒါဟာ အရင်တုန်းကဆို Stay at Home လုပ်တယ် မြို့နယ်တွေလုပ်တယ်၊ အခုဆိုရင် ၇၄ မြို့နယ်ရှိပြီ တစ်ခါမှ ကြိုပြီး အများကြီး ကြေငြာထားတာ မရှိဘူး အခုတစ်ခါမှာ ရက်တော်တော်လေးစောပြီးတော့…

Read More

အရက်လာသောက်သူက ‌အိမ်ရှင်ရဲ့ သမီးဖြစ်သူကိုမဖွယ်မရာပြုလုပ်တဲ့အတွက် အမှုဖွင့်ဖမ်းဆီး

နိုဝင်ဘာ ၁၉-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာမှာ နိုဝင်ဘာလ၁၇ရက်နေ့ ညပိုင်းက အရက်လာသောက်သူအမျိုးသားက နေအိမ်ပိုင်ရှင်ရဲ့ သမီးဖြစ်သူကို မဖွယ်မရာပြုလုပ်တယ်လို့ဆိုပြီး ပုဒ်မ ၂ခု နဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မုဒုံမြို့မရဲစခန်းမှူး ဒု-ရဲမှူး အောင်မျိုးထွန်းက‌ ပြောပါတယ်။ ” နေအိမ်လာအရက်သောက်သူက အိပ်နေတဲ့ ကလေးမကို မဖွယ်မရာလုပ်တယ်လို့ပဲပြောရမှာပါ။ ကလေးမလေးက အသက် ၁၅ နှစ်ကျော်ပဲရှိသေးပါတယ်”လို့ ဒု-ရဲမှူး ဦးအောင်မျိုးထွန်းကပြောပါတယ်။ မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာမှာနေတဲ့ ကိုစိုးမိုးထွေး အသက်၂၅ နှစ်ဟာ တစ်ရွာတည်းအတူနေသူအမျိုးသားတစ်ဦးရဲ့နေအိမ်မှာ အရက်‌သောက်ခဲ့ကြပြီးနောက် အရက်မဝတဲ့အတွက် ထပ်ဝယ်ဖို့ သောက်စားနေသူ ၃ ဦးလုံးအပြင်ထွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြင်ထွက်သွားခဲ့ပြီး မကြာခင် ကိုစိုးမိုးထွေးတစ်ဦးတည်း ပြန်လည်ရောက်ရှိလာပြီးနောက် နေအိမ်မှာ အိပ်‌ပျော်‌နေတဲ့ အသက် (၁၅ နှစ်)အရွယ်အမျိုးသမီးရဲ့ ခြင်ထောင်ထဲ ဝင်ကာ မဖွယ်မရာပြုလုပ်တာကြောင့် အော်ဟစ်အကူညီတောင်းခံစဉ် ထွက်ပြေးသွားခဲ့ တာဖြစ်တယ်လို့ မုဒုံမြို့မရဲစခန်းကနေ သိရပါတယ်။…

Read More

ထောက်ပံ့ကြေးလေးသောင်းကိစ္စ ရုံးတံဆိပ်အတုပြုလုပ်ပြီး ရောင်းချနေသူကို အုပ်ချုပ်ရေးမှူးက အမှုဖွင့်

နိုဝင်ဘာ ၁၉-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်-၆ရပ်ကွက်မှာ ထောက်ပံ့ကြေးငွေလေးသောင်းရရှိရေးအတွက် လျှောက်ထားရမယ့် အိမ်ထောင်စုဧည့်စာရင်း အတု၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တံဆပ်တုံးအတုတွေ ပြုလုပ်ပြီး ရောင်းချနေသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူက အမှုဖွင့်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ သိရပါတယ်။ အမှတ်-၆ရပ်ကွက်မှာနေတဲ့ ပြည်သူတစ်ဦးကတော့ ” ထောက်ပံ့ကြေးငွေရအောင် ဧည့်စာရင်းစာရွက်တွေ အတုလုပ်လို့ ဖမ်းတယ်ပြောတာပဲ၊ ၁၆ရက်နေ့ကဖြစ်မယ် ကျန်တာတော့မသိဘူး”လို့ VOMကိုပြောပါတယ်။ အတုပြုလုပ်ခဲ့သူ ဦးနိူင်ဝင်းဆိုသူဟာ အိမ်ထောင်စုဧည့်စာရင်း အတု၊ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တံဆပ်တုံးအတုတွေပြုလုပ်ပြီး တစ်စောင်ကို ၁၀၀ကျပ်နဲ့ ရောင်းချနေချိန် ဖမ်းဆီးရမိတာဖြစ်တယ်လို့ အမှတ်၆ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအေးက VOMကိုပြောပါတယ်။ “အတုပြုလုပ်ထားတဲ့ စာရွက်(၂၆၂) ရွက်နဲ့မိတာပါ၊ လက်တလောတော့ ရဲစခန်းမှာ ပုဒ်မ ၄၂၀/၄၆၈နဲ့ အမှုဖွင့်ထားပါတယ်”လို့ ဦးသန်းအေးကပြောပါတယ်။ ပြစ်မှုကျူးလွန်သူ ဦးနိူင်ဝင်းဆိုသူကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ)၄၆၄၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၂၀/၄၆၈ အရ လိမ်လည်မှု၊ စာရွက်စာတမ်းအတု…

Read More

ထိုင်းဆန္ဒပြသူတွေကို အရေးယူဖို့ ရှိသမျှဥပဒေအားလုံး အသုံးပြုတော့မယ်လို့ ဝန်ကြီးချုပ်ကြေညာ

ဘန်ကောက်၊ နိုဝင်ဘာ-၁၉-၂၀၂၀ မျိုးဆက် (VOM) ထိုင်းဝန်ကြီးချုပ်နှုတ်ထွက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးနဲ့ ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတို့ကို တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေကို ကိုင်တွယ်ဖို့အတွက် ရှိသမျှဥပဒေအားလုံးကို အသုံးပြုသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုဝင်ဘာ ၁၉ ရက်မှာကြေညာလိုက်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်က ထိုင်းရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ အသုံးပြုဖြိုခွဲခဲ့တဲ့အတွက် ဆန္ဒပြသူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တာကို လက်တုံ့ပြန်သောအားဖြင့် ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်တစ်ခုကို ဆန္ဒပြသူတွေက သင်္ဘောဆေးတွေ ပက်ဖြန်းမှုပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ထိုင်းဝန်ကြီးချုပ်က အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ ပိုမိုများပြားလာနိုင်တဲ့ အနေအထားမှာ အခြေအနေဟာ တိုးတက်ကောင်းမွန်မှုမရှိကြောင်း၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုရင် နိုင်ငံနဲ့ အလေးအမြတ်ထားရတဲ့ ဘုရင်စနစ် ပျက်စီးသွားနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ဥပဒေကိုချိုးဖောက်ပြီး ဆန္ဒပြသူတွေကို အရေးယူဖို့အတွက် ရှိသမျှဥပဒေအားလုံး၊ ပြဌာန်းချက်အားလုံးကို အသုံးပြုရေးအတွက် ထိုင်းအစိုးရက လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။ အဲ့ဒီဥပဒေတွေထဲမှာ ဘုရင်စနစ်ကိုစော်ကားတာ တားမြစ်ထားတဲ့…

Read More

ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးက စာရေးမတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၁၉-၂၀၂၀ ကောင်းလက်ျာ (VOM) ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးစာရေးမတစ်ဦး မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က Covid-19 ပိုး ကူးစက်ခံခဲ့ရတာကြောင့် ထိတွေ့သူ ၆ ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ပေးထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ ” စာပေးစာယူဌာနစိတ်မှာ လုပ်နေတဲ့ အငယ်တန်းစာရေးမပါ။ အနံ့မရလို့ စစ်ဆေးရာက ပိုးတွေ့တာဖြစ်ပြီး သူမရဲ့မိသားစုဝင်နှစ်ဦးလည်း ပိုးတွေ့ထားပါတယ်။ ရုံးဌာနစိတ်က ထိတွေ့မိသူ ၆ ယောက်လည်း ကွာရန်တင်းစခန်းပို့ထားတယ်”လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးမှ ပိုးတွေ့လူနာအမျိုးသမီးဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က အနံ့မရတဲ့အတွက် RDTစနစ်နဲ့စစ်‌ေ‌ဆးရာကနေ ရောဂါပိုးတွေ့ခဲ့တာကြောင့် ဒီကနေ့မနက်ကစတင်ပြီး အစိုးရအဖွဲ့ရုံးဌာနစိတ်တစ်ခုကို လူဦးရေအနည်းဆုံးသုံးပြီး ရုံးလုပ်ငန်းတွေဆောင်ရွက်နေရသလို လာမယ့်တနင်္လာနေ့ကျမှသာ အင်အားပြည့် ရုံးပြန်တက်ရဖို့လုပ်ဆောင်ထားတယ်လို့ ပဲခူတိုင်းအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ ပဲခူးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ နိုဝင်ဘာ…

Read More

အခြားဈေးတွေဖွင့်သလို ဈေးချိုကို စည်ကမ်းနဲ့စနစ်တကျ ဖွင့်စေလို

မန္တလေး၊ နိုဝင်ဘာ- ၁၉- ၂၀၂၀ ရှိုင်းအောင်(VOM)   ကိုဗစ် ဒုတိယလှိုင်းအတွင်းမှာ မန္တလေး ဈေးချိုတော်ကြီးကို  ပိတ်ထားတာ ၃လနီးပါးရှိပြီမို့ ဈေးချိုတော်အတွင်းမှာ ရှိတဲ့ ဆိုင်ခန်းတွေမှာ လုပ်ကိုင်စားသောက်နေကြရတဲ့ ဆိုင်ရှင်းနဲ့ ဆိုင်ဝန်ထမ်းတွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက်ဈေးချိုတော်ကြီးကို အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ လိုလားတောင်းတ နေကြပါတယ်။   အရမ်းစည်ကားနေတဲ့ နေရာတစ်ချို့ကိုတောင် ခွင့်ပြုပေးထားတဲ့အတွက် မန္တလေးဈေးချိုတော်ရဲ့ ဆိုင်ခန်း တစ်ခန်းရဲ့ အကျယ်ဟာ ၈ ပေရှိတာကြောင့် ဆိုင်ခန်းတစ်ခုကို တစ်ယောက်နှုန်းနဲ့ ရောင်းချခွင့်ပြုရင် ကျန်းမာရေးကန့်သတ်ချက်တွေအရ အဆင်ပြေနိုင်တာဖြစ်ပြီး ဈေးချိုတော်ကြီးအတွင်းမှာ မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ အောက်ခြေဝန်ထမ်းတွေဟာ စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် ကျန်းမာရေးစည်းကမ်းတွေနဲ့ အညီ ပြန်လည်ဖွင့်ခွင့်ပြုပေးသင့်တယ်လို့ခြင်ထောင်ရောင်းဝယ်ရေး ဆိုင်ရှင် ဦးဖိုးရှမ်းက ပြောပါတယ်။   ဈေးချိုတော်အတွင်းမှာ ရှိတဲ့ A စပယ်ရုံ၊ C သရဖီရုံ၊ E သဇင်ရုံ၊ G စကားဝါရုံ…

Read More

ထောက်ပံ့ကြေးကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြုတ်ချရေး ဆန္ဒထုတ်ဖော်ခဲ့

နိုဝင်ဘာ ၁၉-၂၀၂၀ သ်င်္ဂီထွန်း (VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ အစိုးရကထောက်ပံ့တဲ့ ငွေကျပ် ၂သောင်း နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကြောင့် အမှတ်-၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပေးဖို့ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်သူ ဦးတင်ထွန်းက “သူတို့တွေကထောက်ပံ့ငွေပေးချိန် ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ရော့ မင်းတို့ယူချင်ယူဆိုပြီး ကျန်တာကို ကျနော်တို့ကမေးပိုင်ခွင့်မရှိဘဲ သူတို့ပေးတာကိုယူရတယ်။ အုပ်ချုပ်ရေးမှူး ဖြုတ်ချရေးအဓိက ဆန္ဒပြတာပါ”လို့ ပြောပါတယ်။ ဆန္ဒပြသူတွေဟာ”အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြုတ်ချရေး —-ဒို့အရေး “ဆိုတဲ့ ဗီးနိုင်း ပိုစတာတွေ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်မှုနဲ့အညီ ဆန္ဒပြသူတစ်ဦးနဲ့တစ်ဦးကို ၆ ပေအကွာ နဲ့ မက်စ်တပ်ဆင်မှုတွေလည်း ပြုလုပ်ခဲတယ်လို့ ဦးတင်ထွန်းကပြောပါတယ်။ ဒေသခံပြည်သူတွေက ဖြုတ်ချဖို့တောင်းဆိုတဲ့ အမှတ်-၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကို ဆက်သွယ်ရာမှာတော့ “ကျနော်ကတော့အထွေအထူးမရှိပါဘူး။ နိုင်ငံတော်ကထောက်ပံံ့တဲ့ငွေကို ပြည်သူလူထုကို အကုန်လုံးချပြတယ်။…

Read More

မြဝတီမြို့က ဆေးရုံအုပ်ကြီး နဲ့ တပည့်ဖြစ်သူမှာ ကိုဗစ်ရောဂါပိုးတွေ့

နိုဝင်ဘာ ၁၉-၂၀၂၀ ကောင်းလက်ျာ(VOM) ကရင်ပြည်နယ်၊ မြဝတီဆေးရုံအုပ်ကြီးတာဝန်ကနေ ကိုဗစ် ဒုတိယလှိုင်း ပြင်းထန်ချိန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို နှစ်လနီးပါးခန့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းနဲ့ သားတပည့်ဖြစ်သူတစ်ဦးတို့မှာ Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူဆီကနေ စုံစမ်းသိရှိရပါတယ်။ ” မနေ့ညက ကျွန်တော်နဲ့သားဖြစ်သူတို့ မသင်္ကာလို့ ရောဂါပိုးစစ်ဆေးချိန် Positive ဖြစ်တာပါ ။လက်တစ်လောမှာ အနည်းငယ်မောပန်းနေပါတယ်။ ကိုဗစ်က အလစ်ငိုက်တိုက်ခံလိုက်ရသလိုပါပဲ”လို့ ကာယကံရှင်ဖြစ်သူ ဒေါက်တာနန္ဒဝင်းကပြောပါတယ်။ မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းဟာ အခုနှစ်ဆန်းပိုင်းခန့်က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ဆေးရုံကြီးကနေ ကရင်ပြည်နယ်၊မြဝတီမြို့ဆေးရုံကြီးကို ရွှေ့ပြောင်းလာတာဖြစ်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလမှာတော့ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း သိပ်မကြာခင်မှာပဲ မြဝတီကို ပြန်ရွှေ့ပြောင်းခဲ့ချိန် အခုလို ရောဂါပိုးတွေ့ရတာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ နေ့၊ည ဆက်တိုက်တာဝန်ထမ်းဆောင်ချိန် ရောဂါပိုး ကူးစက်နိုင်ခြေရှိခဲ့ပေမယ့်လည်း level-2 အဆင့် PPEဝတ်စုံ အမြဲဝတ်ဆင်ထားတတ်တာကြောင့် ရောဂါကူးစက်မှုမရှိခဲ့ပေမယ့် မြဝတီမြို့ကို‌ ပြန်ရောက်ချိန် နိုဝင်ဘာ ၁၈…

Read More

အရှိန်ပြင်းစွာ မောင်းလာတဲ့ ဆီဘောက်ဆာကားမှောက်၊ ကားမီးလောင်ပြီး လူနှစ်ဦးသေဆုံး

နိုဝင်ဘာ ၁၉-၂၀၂၀ အေးချမ်းသူ(VOM) တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ ဂျိုးဖြူကျေးရွာအနီးမှာ မနေ့ နို၀င်ဘာ ၁၈ရက်နေ့ညပိုင်းက ဆီဘောက်ဆာကားတစ်စီး အရှိန်မထိန်းနိူင်ဘဲ တိမ်းမှောက်ရာကနေ ကားမီလောင်ပြီး လူနှစ်ဦးသေဆုံးခဲ့​တယ်လို့ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” ဖြစ်စဥ်က တိုက်ကြီးမြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၅၀/၅နှင့်၅၀/၆)အကြားမှာ မနေ့ ၆နာရီအချိန်က ဆီဘောက်ဆာတစ်စီး မီးလောင်နေကြောင်း ဖုန်းဆက်အကြောင်းလာတဲ့အတွက် တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းကနေ မီးငြိမ်းသတ်ယာဉ်တွေထွက်ခွာပြီးငြိမ်းသတ်ပေးခဲ့ရ​တယ်”လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ တိုက်ကြီးမြို့ကနေ ဥက္ကံမြို့ကို မောင်းလာတဲ့ Nissanဖြူပြာစိမ်းကြား (၈)ဘီးယာဉ် ဂါလံ(၂၈၀၀)ဆံ့ ပရီမီယမ်ဒီဇယ်ဆီတင်လာတဲ့ ဘောက်ဆာတစ်စီး ဂျိုးဖြူကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အိမ်ခြံဝိုင်းအတွင်း တိမ်းမှောက်ရာကနေ မီးလောင်ကျွမ်းခြင်းဖြစ်ခဲ့တာလို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးလောင်မှုကို မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊FOAM(ဆီမီးလောင်ရာတွင်ငြိမ်းသတ်သည့်)ကား(၃)စီး၊ ရေသယ်ယာဉ်(၉)စီး၊ကွပ်ကဲမှုယာဉ်(၂)စီး၊ သူနာပြုယာဉ်(၁)စီး စုစုပေါင်း(၂၅)စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရပြီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၀၀)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦးနဲ့အတူ ပရဟိတအဖွဲ့၀င်တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့တဲ့အတွက် ည ၈နာရီအချိန်မှာ မီးလုံး၀ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၁)ဦး…

Read More

ထောက်ပံကြေးအတွက် စာရင်းပြုစုနေတဲ့ ဒု-ဦးစီးမှူး ၁ဦး ရုတ်တရက်ထိုးနှက်ခံရ

နိုဝင်ဘာ ၁၉-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငှက်ပျောခြံကျေးရွာအုပ်စု၊ တောင်းကုန်းကျေးရွာ အလက ကျောင်းဝင်းထဲမှာ မနေ့ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက နိုင်ငံတော်ထောက်ပံ့ကြေး ရရှိရေးအတွက် စာရင်းပြုစုဖို့ တာဝန်ဆောင်ရွက်နေတဲ့ မြို့နယ်ပညာရေးဌာနက ဒု-ဦးစီးမှူး ရာထူးအဆင့်ရှိသူတစ်ယောက်ဟာ ဒေသခံကျေးရွာသားတစ်ယောက်ရဲ့ ရုတ်တရက် ဝင်ရောက်ထိုးနှက်တိုက်ခိုက်တာကို ခံလိုက်ရတယ်လို့ သိရပါတယ်။ ” မြို့နယ်ပညာရေးမှူးရဲ့ တာဝန်ပေးအပ်လို့ ရောက်လာတာဖြစ်တယ်၊ အခြေခံလူတန်းစားတွေ ထောက်ပံကြေးရရှိဖို့ စာရင်းပြုတယ်၊ နောက်ပြီး ရွာလူကြီးတွေနဲ့ ကျောင်းဆောင်အသစ်ဆောက်ဖို့ မြေနေရာကြည့်နေတဲ့အချိန်မှာ ဦးကောင်းရှိန်ဆိုသူရောက်လာပြီး ဆရာ ဦးမောင်ဌေးကို ရုတ်တရက် လုံးထွေးသတ်ပုတ်ခဲ့တာဖြစ်တယ်” လို့ တောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ ဒု-ဦးစီးမှူး ဆရာ ဦးခင်မောင်ဌေးဟာ ၂၀၁၆ခုနှစ်က တောင်ကုန်းရွာ အ.လ.က ကျောင်းမှာ ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ကတော့ “ဆရာ ဦးခင်မောင်းဌေးက ဒီမှာ ကျောင်းအုပ်တာဝန်ထမ်းဆောင်တုန်းက…

Read More
VOM News

FREE
VIEW