ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးက စာရေးမတစ်ဦးမှာ ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၁၉-၂၀၂၀
ကောင်းလက်ျာ (VOM)

ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးစာရေးမတစ်ဦး မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က Covid-19 ပိုး ကူးစက်ခံခဲ့ရတာကြောင့် ထိတွေ့သူ ၆ ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ပေးထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။

” စာပေးစာယူဌာနစိတ်မှာ လုပ်နေတဲ့ အငယ်တန်းစာရေးမပါ။ အနံ့မရလို့ စစ်ဆေးရာက ပိုးတွေ့တာဖြစ်ပြီး သူမရဲ့မိသားစုဝင်နှစ်ဦးလည်း ပိုးတွေ့ထားပါတယ်။ ရုံးဌာနစိတ်က ထိတွေ့မိသူ ၆ ယောက်လည်း ကွာရန်တင်းစခန်းပို့ထားတယ်”လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးကပြောပါတယ်။

ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးမှ ပိုးတွေ့လူနာအမျိုးသမီးဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က အနံ့မရတဲ့အတွက် RDTစနစ်နဲ့စစ်‌ေ‌ဆးရာကနေ ရောဂါပိုးတွေ့ခဲ့တာကြောင့် ဒီကနေ့မနက်ကစတင်ပြီး အစိုးရအဖွဲ့ရုံးဌာနစိတ်တစ်ခုကို လူဦးရေအနည်းဆုံးသုံးပြီး ရုံးလုပ်ငန်းတွေဆောင်ရွက်နေရသလို လာမယ့်တနင်္လာနေ့ကျမှသာ အင်အားပြည့် ရုံးပြန်တက်ရဖို့လုပ်ဆောင်ထားတယ်လို့ ပဲခူတိုင်းအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။

ပဲခူးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ နိုဝင်ဘာ ၁၈ ရက်နေ့တစ်နေ့တည်း Covid-19ပိုး‌ တွေ့လူနာ ၃၅ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး အဲ့ဒီအထဲမှာ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံးက အမျိုးသမီးတစ်ဦးအပါအဝင် ပဲခူးမြို့နယ် စက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံ လုပ်သား ၇ ယောက်လည်း ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ သိရပါတယ်။

ကျန်တဲ့ အတည်ပြုလူနာတွေကတော့ ကွာရန်တင်းစင်တာတွေက အနံ့ပျောက်လူနာတွေနဲ့
ကိုဗစ်စစ်ဆေးရေးဂိတ်တွေကဖြစ်တယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ သိရှိရပါ
တယ်။

Photo – NH
#voiceofmyanmar #VOM #ပဲခူး #တိုင်းအစိုးရအဖွဲ့ #စာရေးမတစ်ဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW