အခြားဈေးတွေဖွင့်သလို ဈေးချိုကို စည်ကမ်းနဲ့စနစ်တကျ ဖွင့်စေလို

မန္တလေး၊ နိုဝင်ဘာ- ၁၉- ၂၀၂၀

ရှိုင်းအောင်(VOM)

 

ကိုဗစ် ဒုတိယလှိုင်းအတွင်းမှာ မန္တလေး ဈေးချိုတော်ကြီးကို  ပိတ်ထားတာ ၃လနီးပါးရှိပြီမို့ ဈေးချိုတော်အတွင်းမှာ ရှိတဲ့ ဆိုင်ခန်းတွေမှာ လုပ်ကိုင်စားသောက်နေကြရတဲ့ ဆိုင်ရှင်းနဲ့ ဆိုင်ဝန်ထမ်းတွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက်ဈေးချိုတော်ကြီးကို အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ လိုလားတောင်းတ နေကြပါတယ်။

 

အရမ်းစည်ကားနေတဲ့ နေရာတစ်ချို့ကိုတောင် ခွင့်ပြုပေးထားတဲ့အတွက် မန္တလေးဈေးချိုတော်ရဲ့ ဆိုင်ခန်း တစ်ခန်းရဲ့ အကျယ်ဟာ ၈ ပေရှိတာကြောင့် ဆိုင်ခန်းတစ်ခုကို တစ်ယောက်နှုန်းနဲ့ ရောင်းချခွင့်ပြုရင် ကျန်းမာရေးကန့်သတ်ချက်တွေအရ အဆင်ပြေနိုင်တာဖြစ်ပြီး ဈေးချိုတော်ကြီးအတွင်းမှာ မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ အောက်ခြေဝန်ထမ်းတွေဟာ စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် ကျန်းမာရေးစည်းကမ်းတွေနဲ့ အညီ ပြန်လည်ဖွင့်ခွင့်ပြုပေးသင့်တယ်လို့ခြင်ထောင်ရောင်းဝယ်ရေး ဆိုင်ရှင် ဦးဖိုးရှမ်းက ပြောပါတယ်။

 

ဈေးချိုတော်အတွင်းမှာ ရှိတဲ့ A စပယ်ရုံ၊ C သရဖီရုံ၊ E သဇင်ရုံ၊ G စကားဝါရုံ ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ရုံ တွေအပြင်မြောက်ဖက်တိုက်တန်းကြီးဈေးရုံအတွင်းက ပစ္စည်းတွေကို လာရောက်ထုတ်ယူလိုတဲ့ ဆိုင်ရှင်တွေအနေနဲ့  ဒီကနေ့ မနက် ၈ နာရီကနေစတင်ပြီး နေ့လည် ၁၂ နာရီအထိ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီ လာရောက်ထုတ်ယူဖို့ ခွင့်ပြုခဲ့တာဖြစ်ပြီးမနက်ဖြန် ၈ နာရီနဲ့ ၁၂ နာရီအတွင်းမှာတော့ B နှင်းဆီရုံ၊ D ယုဇနရုံ၊ F ကံကော်ရုံ၊ H မြလေးရုံ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊ စက်လှေကားပတ်လည်ဆိုင်ခန်းတွေနဲ့ တောင်ဖက်တိုက်တန်းကြီးဈေးရုံ အတွင်းက ပစ္စည်းတွေကို လာရောက်ထုတ်ယူခွင့် ပြုသွားမယ်လို့ ဈေးအကျိုးတော်ဆောင် ကော်မတီဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လတ်တလော မန္တလေးမှာ အတည်မပြုနိုင်တဲ့ ကောလဟလသတင်းတခုက နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၅ ရက်ထိ အိမ်ထဲမှာဘဲနေရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန်မယ်ဆိုတာကြောင့် ဒေသခံတွေကြား လှုပ်လှုပ်ရှားရှားပိုဖြစ်နေပါတယ်။

 

#VOM #voiceofmyanmar #ဈေးချို #မန္တလေး

zawgy

အျခားေဈးေတြဖြင့္သလို ေဈးခ်ိဳကို စည္ကမ္းနဲ႔စနစ္တက် ဖြင့္ေစလို

မႏၲေလး၊ ႏိုဝင္ဘာ- ၁၉- ၂၀၂၀
ရႈိင္းေအာင္(VOM)

ကိုဗစ္ ဒုတိယလႈိင္းအတြင္းမွာ မႏၲေလး ေဈးခ်ိဳေတာ္ႀကီးကို ပိတ္ထားတာ ၃လနီးပါးရွိၿပီမို႔ ေဈးခ်ိဳေတာ္အတြင္းမွာ ရွိတဲ့ ဆိုင္ခန္းေတြမွာ လုပ္ကိုင္စားေသာက္ေနၾကရတဲ့ ဆိုင္ရွင္းနဲ႔ ဆိုင္ဝန္ထမ္းေတြဟာ အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတဲ့အတြက္ ေဈးခ်ိဳေတာ္ႀကီးကို အျမန္ဆုံးျပန္ဖြင့္ႏိုင္ဖို႔ လိုလားေတာင္းတ ေနၾကပါတယ္။

အရမ္းစည္ကားေနတဲ့ ေနရာတစ္ခ်ိဳ႕ကိုေတာင္ ခြင့္ျပဳေပးထားတဲ့အတြက္ မႏၲေလးေဈးခ်ိဳေတာ္ရဲ႕ ဆိုင္ခန္း တစ္ခန္းရဲ႕ အက်ယ္ဟာ ၈ ေပရွိတာေၾကာင့္ ဆိုင္ခန္းတစ္ခုကို တစ္ေယာက္ႏႈန္းနဲ႔ ေရာင္းခ်ခြင့္ျပဳရင္ က်န္းမာေရးကန႔္သတ္ခ်က္ေတြအရ အဆင္ေျပႏိုင္တာျဖစ္ၿပီး ေဈးခ်ိဳေတာ္ႀကီးအတြင္းမွာ မွီခိုလုပ္ကိုင္စားေသာက္ေနၾကတဲ့ ေအာက္ေျခဝန္ထမ္းေတြဟာ စားဝတ္ေနေရး အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့အတြက္ က်န္းမာေရးစည္းကမ္းေတြနဲ႔ အညီ ျပန္လည္ဖြင့္ခြင့္ျပဳေပးသင့္တယ္လို႔ ျခင္ေထာင္ေရာင္းဝယ္ေရး ဆိုင္ရွင္ ဦးဖိုးရွမ္းက ေျပာပါတယ္။

ေဈးခ်ိဳေတာ္အတြင္းမွာ ရွိတဲ့ A စပယ္႐ုံ၊ C သရဖီ႐ုံ၊ E သဇင္႐ုံ၊ G စကားဝါ႐ုံ ၊ ေျမညီထပ္၊ ပထမထပ္၊ ဒုတိယထပ္႐ုံ ေတြအျပင္ ေျမာက္ဖက္တိုက္တန္းႀကီးေဈး႐ုံအတြင္းက ပစၥည္းေတြကို လာေရာက္ထုတ္ယူလိုတဲ့ ဆိုင္ရွင္ေတြအေနနဲ႔ ဒီကေန႔ မနက္ ၈ နာရီကေနစတင္ၿပီး ေန႔လည္ ၁၂ နာရီအထိ က်န္းမာေရးစည္းကမ္းခ်က္ေတြနဲ႔ အညီ လာေရာက္ထုတ္ယူဖို႔ ခြင့္ျပဳခဲ့တာျဖစ္ၿပီး မနက္ျဖန္ ၈ နာရီနဲ႔ ၁၂ နာရီအတြင္းမွာေတာ့ B ႏွင္းဆီ႐ုံ၊ D ယုဇန႐ုံ၊ F ကံေကာ္႐ုံ၊ H ျမေလး႐ုံ၊ ေျမညီထပ္၊ ပထမထပ္၊ ဒုတိယထပ္၊ တတိယထပ္၊ စက္ေလွကားပတ္လည္ဆိုင္ခန္းေတြနဲ႔ ေတာင္ဖက္တိုက္တန္းႀကီးေဈး႐ုံ အတြင္းက ပစၥည္းေတြကို လာေရာက္ထုတ္ယူခြင့္ ျပဳသြားမယ္လို႔ ေဈးအက်ိဳးေတာ္ေဆာင္ ေကာ္မတီဝင္ေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

လတ္တေလာ မႏၲေလးမွာ အတည္မျပဳႏိုင္တဲ့ ေကာလဟလသတင္းတခုက ႏိုဝင္ဘာ ၂၁ ကေန ဒီဇင္ဘာ ၅ ရက္ထိ အိမ္ထဲမွာဘဲေနရမယ္ဆိုတဲ့ အမိန႔္ထုတ္ျပန္မယ္ဆိုတာေၾကာင့္ ေဒသခံေတြၾကား လႈပ္လႈပ္ရွားရွားပိုျဖစ္ေနပါတယ္။

#VOM #voiceofmyanmar #ေဈးခ်ိဳ #မႏၲေလး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW