ပရဟိတ နှလုံးသားဆိုတာ

မန္တလေး- နိုဝင်ဘာ ၂၀-၁၀၂၀
ညီသစ် (VOM)

အသက် ၁၄ နှစ် သားကတည်းက ပရဟိတအလုပ်ကို စလုပ်ခဲ့တဲ့ ကိုကျော်ဖြိုးဝေဟာ သူအသက် ၂၀ ပြည့်ပြီး Covid 19 ကပ်ရောဂါ ကာလဖြစ်ချိန်မှာ အပေါင်းအသင်းတွေက လူနာသယ်ရတဲ့ သူ့လိုပရဟိတသမားကို ခပ်ဝေးဝေးရှောင်ပေမယ့် ချစ်သူရဲ့ နားလည်မှုကြောင့် သူယုံကြည်ရာကို ဆက်လုပ်နိုင်ခဲ့သလို လုပ်နေဆဲဖြစ်ပါတယ်။

ကိုဗစ်ဆိုရင်စိုးရွံ့ထိတ်လန့်သူတွေရှိကြပေမယ့် သူတို့ပရဟိတသမားတွေကတော့ စိုးရိမ်မှုကို ဘေးဖယ်ပြီး ပိုးတွေ့လူနာတွေ ထိစပ်လူနာတွေ သက်ဆိုင်ရာစင်တာတွေဆေးရုံတွေရောက်ဖို့ နေ့နေ့ညည ပို့ဆောင်ပေးနေကြရပါတယ်။

ဒီလိုအခက်အခဲတွေကြားက စေတနာကိုအဓိကထား ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြတဲ့ ပရဟိတသမားတွေရဲ့ စွမ်းဆောင်ရတဲ့ လုပ်ငန်းစဉ်တွေကို နားလည်ပေးနိုင်ဖို့ မန္တလေး မြောက်ပြင်ပရဟိတမင်းခေါင်လူမှုရေးအသင်းက အသက်အငယ်ဆုံး ယာဉ်မောင်း
ကိုကျော်ဖြိုးဝေရဲ့ တနေ့တာလုပ်ငန်းတွေကို VOM သတင်းထောက် ကိုညီသစ် က ရိုက်ကူးတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပရဟိတနှလုံးသား #မန္တလေးမြောက်ပြင်

zawgy

ပရဟိတ ႏွလုံးသားဆိုတာ

မႏၲေလး- ႏိုဝင္ဘာ ၂၀-၁၀၂၀
ညီသစ္ (VOM)

အသက္ ၁၄ ႏွစ္ သားကတည္းက ပရဟိတအလုပ္ကို စလုပ္ခဲ့တဲ့ ကိုေက်ာ္ၿဖိဳးေဝဟာ သူအသက္ ၂၀ ျပည့္ၿပီး Covid 19 ကပ္ေရာဂါ ကာလျဖစ္ခ်ိန္မွာ အေပါင္းအသင္းေတြက လူနာသယ္ရတဲ့ သူ႔လိုပရဟိတသမားကို ခပ္ေဝးေဝးေရွာင္ေပမယ့္ ခ်စ္သူရဲ႕ နားလည္မႈေၾကာင့္ သူယုံၾကည္ရာကို ဆက္လုပ္ႏိုင္ခဲ့သလို လုပ္ေနဆဲျဖစ္ပါတယ္။

ကိုဗစ္ဆိုရင္စိုး႐ြံ႕ထိတ္လန႔္သူေတြရွိၾကေပမယ့္ သူတို႔ပရဟိတသမားေတြကေတာ့ စိုးရိမ္မႈကို ေဘးဖယ္ၿပီး ပိုးေတြ႕လူနာေတြ ထိစပ္လူနာေတြ သက္ဆိုင္ရာစင္တာေတြေဆး႐ုံေတြေရာက္ဖို႔ ေန႔ေန႔ညည ပို႔ေဆာင္ေပးေနၾကရပါတယ္။

ဒီလိုအခက္အခဲေတြၾကားက ေစတနာကိုအဓိကထား ကိုယ္က်ိဳးစြန႔္လုပ္ကိုင္ေနၾကတဲ့ ပရဟိတသမားေတြရဲ႕ စြမ္းေဆာင္ရတဲ့ လုပ္ငန္းစဥ္ေတြကို နားလည္ေပးႏိုင္ဖို႔ မႏၲေလး ေျမာက္ျပင္ပရဟိတမင္းေခါင္လူမႈေရးအသင္းက အသက္အငယ္ဆုံး ယာဥ္ေမာင္း
ကိုေက်ာ္ၿဖိဳးေဝရဲ႕ တေန႔တာလုပ္ငန္းေတြကို VOM သတင္းေထာက္ ကိုညီသစ္ က ႐ိုက္ကူးတင္ဆက္ေပးထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ပရဟိတႏွလုံးသား #မႏၲေလးေျမာက္ျပင္

 

Related posts

Leave a Comment

VOM News

FREE
VIEW